Image: Windows Blog |
Microsoft ဟာ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး PC operating system ဖြစ်တဲ့ Windows 10 ရဲ့အထောက်အပံ့ပေးမှုကို ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၄ နေ့မှာ ရပ်ဆိုင်းမှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ ဆိုလိုတာက အဆိုပါနေ့နောက်ပိုင်းမှာ Windows 10 အတွက် ပုံမှန် security update တွေထွက်ရှိလာတော့မှာမဟုတ်ဘူးလို့ဆိုလိုတာပါ။ ဒါပေမယ့် ဒီလိုရပ်ဆိုင်းခြင်းဟာ ပုံမှန် Windows 10 client edition တွေအတွက်သာဖြစ်ပြီး Windows 10 Enterprise LTSC (long-term servicing channel) သို့မဟုတ် လုပ်ငန်းကြီးတွေနဲ့ အစိုးရအေဂျင်စီတွေအတွက် သီးသန့်ထုတ်ထားတဲ့ special edition တွေမပါဝင်ဘူးလို့သိရပါတယ်။ Windows 10 Pro လို client edition တွေအတွက်ကတော့ အရေးကြီးတဲ့ security update တွေရရှိဦးမယ်လို့ဆိုပေမယ့် OS သို့မဟုတ် software feature တွေထံမံရရှိတော့မှာမဟုတ်ဘူးလို့ဆိုပါတယ်။ Microsoft အနေနဲ့ Windows 10 အသုံးပြုသူတွေကို နောက်ဆုံးထွက်ရှိထားတဲ့ Windows 11 operating system ကို အခမဲ့အဆင့်မြှင့်တင်နိုင်တဲ့အခွင့်အရေးကိုရယူဖို့တိုက်တွန်းထားပါတယ်။ Microsoft ရဲ့မျိုးဆက်သစ် operating system ဖြစ်လာမယ့် Windows 12 ကို ၂၀၂၄ခုနှစ်အတွင်း ဖြန့်ချီသွားဖို့စီစဥ်နေတယ်လို့သိရပါတယ်။
Source: Techpowerup
#EnThueTech
#News
#Windows
0 Comments