Created with Bing AI |
အနာဂတ်မှာ ဗီယက်နမ်ထုတ် graphics card တွေမြင်ရဖို့ရှိသလား? Reuters သတင်းတစ်ပုဒ်အရ Nvidia CEO ဖြစ်သူ Jensen Huang ဟာ လာမယ့်တနင်္လာနေ့ ဟနွိုင်းမြို့မှာ ဗီယက်နမ်အစိုးရနှင့် ကုမ္ပဏီတွေနဲ့အတူ အလားအလာရှိတဲ့ ဆီမီးကွန်ဒတ်တာပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးသွားမှာ ဖြစ်ကြောင်းသိရပါတယ်။ ဒီကြိုးပမ်းမှုဟာ Nvidia အနေနဲ့ ထောက်ပံ့ရေးကွင်းဆက်နဲ့ သူ့ရဲ့သမားရိုးကျမိတ်ဖက်တွေအပေါ်မှီခိုနေရမှုကို လျော့ချဖို့ကြိုးပမ်းမှုတစ်ရပ်လည်းဖြစ်နိုင်ပါတယ်။
အဆိုပါအစည်းအဝေးတွေမှာ အလားအလာရှိတဲ့မိတ်ဖက်ရှာဖွေဖို့အပြင် Nvidia နဲ့ သူ့ရဲ့မိတ်ဖက်တွေအကြား နည်းပညာလွှဲပြောင်းမှုလည်းပါဝင်နိုင်ပါတယ်။ ပွဲရဲ့ဖိတ်ကြားစာတစ်စောင်အရ ဗီယက်နမ်မှာဆီမီးကွန်ဒတ်တာလုပ်ငန်းကိုမြှင့်တင်ဖို့နဲ့ ဗီယက်နမ်နည်းပညာကုမ္ပဏီတွေနဲ့ Nvidia အကြား အလားအလာရှိတဲ့မိတ်ဖက်ရှာဖွေဖို့ ညွန်ပြနေကြောင်း ရိုက်တာသတင်းကအခိုင်အမာဆိုထားပါတယ်။
ဗီယက်နမ်ဟာ ချစ်ထုတ်လုပ်ရေးအနေနဲ့ လူသိမများပေမယ့် မြို့တော်ဟိုချီမင်းမှာ Intel ရဲ့စမ်းသပ်ရေးနဲ့တပ်ဆင်ရေးစက်ရုံတစ်ခုရှိပါတယ်။ ဒီစက်ရုံဟာ Intel ရဲ့ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်မှာ အရေးပါတဲ့အခန်းကဏ္ဍအနေနဲ့ပါဝင်တယ်ဆိုပေမယ့် စက်ရုံမှာနောက်ထပ်ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်မယ့် အစီအစဉ်တွေကိုတော့ ဖျက်သိမ်းခဲ့ပါတယ်။
အခုကာလမှာ ပထဝီဝင်နိုင်ငံရေးတင်းမာမှုတွေက ဗီယက်နမ်အတွက် ချပ်စ်တပ်ဆင်ခြင်းသာမက ချစ်ပ်ထုတ်လုပ်ရေးအထိ ကူးပြောင်းရန် တံခါးဖွင့်ပေးထားပါတယ်။ စိတ်ဝင်စားအကောင်းဆုံးတစ်ခုက Nvidia အနေနဲ့ အနည်းဆုံးဗီယက်နမ်ကုမ္ပဏီတစ်ခုကို နည်းပညာမျှဝေပေးမှာလားဆိုတာပါပဲ။
နယ်ပယ်အတွင်းရှိအမည်မဖော်လိုသူတစ်ဦးက အစည်းအဝေးမှာ ဒီလိုသဘောတူညီချက်မျိုး ဖြစ်ပေါ်လာဖို့ မျှော်လင့်ထားကြောင်း အကြံပြုခဲ့ပါတယ်။ ဒါဟာ ဗီယက်နမ်ကိုအရေးကြီးသောနည်းပညာတွေလွှဲပြောင်းပေးရာမှာ ကြီးမားတဲ့ခြေလှမ်းတစ်ခုဖြစ်လာနိုင်ပြီး ကမ္ဘာ့ဆီမီးကွန်ဒတ်တာဈေးကွက်မှာ ပိုမိုသြဇာလွှမ်းမိုးလာနိုင်မှာဖြစ်ပါတယ်။
ဗီယက်နမ်ကုမ္ပဏီကြီးတွေဖြစ်တဲ့ FPT၊ Vingroup နဲ့ Viettel တွေဟာ အစည်းအဝေးသို့ တက်ရောက်ရန် စီစဉ်ထားပေမယ့် သူတို့ဆွေးနွေးကြမယ့်သီးခြားသဘောတူညီချက်တွေကို မျှဝေကြခြင်းမရှိပါဘူး။ ဒီပွဲကို စီစဉ်ကျင်းပတဲ့ ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနကလည်း မှတ်ချက်တစ်စုံတစ်ရာ ပြောကြားခြင်း မရှိဘူးလို့ အစီရင်ခံစာက ဆိုပါတယ်။
ကုမ္ပဏီအများအပြားဟာ ပထဝီဝင်နိုင်ငံရေးအန္တရာယ်တွေအပြင် အမေရိကန်ရဲ့ တရုတ်နိုင်ငံအပေါ် ဉာဏ်ရည်တု (AI)၊ high-performance computing (HPC) နဲ့ ဆီမီးကွန်ဒတ်တာကဏ္ဍတွေ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် တရုတ်အခြေစိုက်နဲ့ တစ်ခါတစ်ရံမှာ ထိုင်ဝမ်အခြေစိုက် ထုတ်လုပ်တွေအပေါ် မှီခိုအားထားမှုကို လျှော့ချဖို့ ကြိုးပမ်းနေကြတာဖြစ်ပါတယ်။
Nvidia အနေနဲ့ ၎င်းရဲ့ AI နဲ့ HPC ဟာ့ဒ်ဝဲတွေကို တရုတ်နိုင်ငံကနေ ရွှေ့ပြောင်းထားပြီးဖြစ်ပေမယ့် ၎င်းတို့ရဲ့ချစ်ပ်တွေကို ထိုင်ဝမ်မှာ တပ်ဆင်နေတုန်းဖြစ်ပါတယ်။ ကုမ္ပဏီက ၎င်းရဲ့ထောက်ပံ့ရေးကွင်းဆက်ကို ပိုမိုကွဲပြားစေမယ့် နည်းလမ်းတွေကို ရှာဖွေနေမယ်ဆိုတာ ထင်ရှားပေမယ့် Nvidia က ဗီယက်နမ်ကို ဘယ်လိုအသုံးချနိုင်မလဲဆိုတာက စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
Source: Tom's Hardware
#EnThueTech
#News
#Semiconductors
0 Comments