Image: En Thue Tech |
သင့်အနေနဲ့ gaming laptop အကြောင်း စဥ်းစားကြည့်မယ်ဆိုရင် သာမန် laptop တွေထက် သိသိသာသာစျေးကြီးတာကို သတိထားမိမှာပါ။ စျေးသက်သာတဲ့ Gaming Laptop တွေဆိုတာကလည်း အကြမ်းဖျင်းအားဖြင့်စျေးနှုန်းက $800-1000 ကြား ရှိလိမ့်မယ်လို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်လက်ထဲကို သာမန်ရုံးသုံးကျောင်းသုံးlaptop တွေနဲ့ စျေးမကွာလှတဲ့ MSI Bravo 15 ဆိုတဲ့ Gaming Laptop တစ်ခုရောက်ရှိလာခဲ့ပါတယ်။ ဒီ Bravo 15 ဟာ Gaming Laptop ထဲမှာ ဘယ်လောက်အထိစျေးသက်သာနေလဲဆိုရင် $699 ပဲရှိလို့ review လုပ်ဖူးသမျှ gaming laptop တွေမှာ စျေးအသက်သာဆုံးလို့တောင်ဆိုနိုင်ပါတယ်။
အရင် MSI Bravo မော်ဒယ်တွေအကြောင်းအနည်းငယ်ပြန်ဆက်ရမယ်ဆိုရင် အဲဒီအချိန်တုန်းက MSI ရဲ့ Alpha/Bravo Series တွေဟာ AMD CPU နဲ့ GPU ချည်းအသုံးပြုထားတာဖြစ်ပြီး အခုဆိုရင်တော့ AMD processor နဲ့ Nvidia Graphics တွဲဖက်ထားတဲ့ series အဖြစ်ပြောင်းလဲလာတာကိုတွေ့ရပါတယ်။ ကျွန်တော့်အနေနဲ့ MSI ရဲ့ Bravo Series တွေထဲက မော်ဒယ်တစ်မျိုးဖြစ်တဲ့ Bravo 17 A4DDR ကိုလွန်ခဲ့တဲ့ ၃နှစ်လောက်က တစ်ကြိမ်review လုပ်ပေးခဲ့ဖူးပြီး သူ့စျေးနဲ့သူအားရစရာကောင်းခဲ့ပါတယ်။ အခုကျွန်တော်ရရှိထားတဲ့ review unit လေးကတော့ AMD Ryzen 5-7535HS CPU နဲ့ NVIDIA RTX 2050 4GB graphics ကို တွဲဖက်ထားတဲ့ MSI ရဲ့ Bravo 15 C7U ပဲဖြစ်ပါတယ်။ ဒီ MSI Bravo 15 C7U ဟာ စျေးနှုန်း $699 သာရှိတာမို့ ကျွန်တော့်အနေနဲ့ ဒီ Laptop အကြောင်းပြောတဲ့အခါ budget ပိုင်းအရထိုက်သင့်တဲ့ အရည်အသွေးနဲ့ စွမ်းဆောင်ရည်ရှိသလားဆိုတာကို အသားပေးပြောပြသွားမှာဖြစ်ပါတယ်။
Specifications
CPU: AMD Ryzen 5-7535HS (6Cores/12Threads)
Memory: 8GB DDR5 4800 MHz
Graphics: Nvidia GEFORCE RTX 2050 4GB GDDR6
Storage: 512GB NVMe PCIe Gen 4 SSD
1x NVMe Slot Available
Display: 15.6in 144Hz Full HD IPS Level Screen
Dimensions (WxDxH): 359 x 259 x 24.9 mm
Weight: 2.25kg
I/O Ports: 1x USB Type-C 3.2 Gen 1/DP ,
2x USB Type-A 3.2 Gen 1
1x USB Type-A 2.0
1x HDMI 2.1 (8K @ 60Hz / 4K @ 120Hz)
1x RJ45
Connectivity: Wi-Fi 6E, Bluetooth 5.3
Webcam: 720P
Speakers: 2x 2W
Audio Jack: 1x 3.5mm Mic-in/Headphone-out Combo Jack
Operating System: Windows 11 Home
Battery: 53.5WH (3 Cell Li-Po)
Power Adaptor: 180W
Price: $749-$50 Cash Back=$699
Memory: 8GB DDR5 4800 MHz
Graphics: Nvidia GEFORCE RTX 2050 4GB GDDR6
Storage: 512GB NVMe PCIe Gen 4 SSD
1x NVMe Slot Available
Display: 15.6in 144Hz Full HD IPS Level Screen
Dimensions (WxDxH): 359 x 259 x 24.9 mm
Weight: 2.25kg
I/O Ports: 1x USB Type-C 3.2 Gen 1/DP ,
2x USB Type-A 3.2 Gen 1
1x USB Type-A 2.0
1x HDMI 2.1 (8K @ 60Hz / 4K @ 120Hz)
1x RJ45
Connectivity: Wi-Fi 6E, Bluetooth 5.3
Webcam: 720P
Speakers: 2x 2W
Audio Jack: 1x 3.5mm Mic-in/Headphone-out Combo Jack
Operating System: Windows 11 Home
Battery: 53.5WH (3 Cell Li-Po)
Power Adaptor: 180W
Price: $749-$50 Cash Back=$699
Design and Build Quality
Design အနေနဲ့ပြောရရင် ဈေးသက်သာတဲ့ Bravo Series တွေဟာ GF/Katana တို့နဲ့ နေရာအတော်တော်များတူညီမှုရှိတယ်လို့ဆိုနိုင်ပြီး Dragon Logo နေရာမှာ Thunderbird Logo ပြောင်းထားတာကလွဲရင် ကျန်တဲ့နေရာမှာအတူတူပဲလို့မြင်ပါတယ်။ သူ့ရဲ့ဒီဇိုင်းက Cyborg တုန်းကလောက်ဆွဲဆောင်မှုမရှိဘူးဆိုနိုင်ပေမယ့် သူ့ထက်စျေးပိုတဲ့ Katana နဲ့ဘာမှမကွာခြားလှတာကြောင့် $700 တန်းမှာဆိုရင် လက်မခံနိုင်စရာကြောင်းဘာမှမရှိပါဘူး။ ကိုယ်ထည်ကလည်း အရင်နှစ်တုန်းကလို အနက်ရောင်ဖြစ်ပြီး ပြောင်လက်မနေဘူးဆိုပေမယ့် လက်ဗွေရာတွေ အလွယ်တကူထင်နိုင်တာကို တွေ့ရပါတယ်။
Image: En Thue Tech |
Image: En Thue Tech |
Lid မှာ ပြောင်လက်နေတဲ့ Thunderbird တံဆိပ်ရယ် gaming ဆန်ဆန် မျဥ်းလေးတွေ အနည်းငယ်ထည့်ပေးထားတာတွေ့ရပြီး gaming laptop တစ်ခုမှာဆိုရင် ရိုးရိုးရှင်းရှင်းပုံစံလို့ဆိုနိုင်ပါတယ်။ screen မှာ ဘောင်လေးတွေက ပါးတယ်ဆိုပေမယ့် အပေါ်ဘောင်ကတော့ အနည်းငယ်ထူပါတယ်။
Image: En Thue Tech |
Screen ရဲ့အောက်ခြေနားမှာ MSI logo အသစ်ကို ထင်ထင်ရှားရှား ရေးထိုးထားပါတယ်။ ကိုယ်ထည်တစ်ခုလုံးဟာ ပလက်စတစ်တွေချည်းဖြစ်ပြီး lid တွေ keyboard တွေကိုဖိကြည့်တဲ့အခါ အချို့ gaming laptop တွေမှာလို ညွှတ်သွားတာမရှိပဲ အတော်လေးကိုတောင့်တင်းပါတယ်။
Image: En Thue Tech |
သတိထားမိတာက ကျွန်တော်ရလာတဲ့ review unit မှာ lid က လက်တစ်ဖက်တည်းနဲ့ အသာလေးဖွင့်လို့ရတယ်ဆိုပေမယ့် hinge က အရင် MSI Katana တို့ Cyborg တို့လောက် တည်ငြိမ်မှုမရှိတာတွေ့ရပြီး အနည်းလှုပ်သွားတာနဲ့ အနောက်ကိုလန်သွားတာကြောင့် ပေါင်ပေါ်မှာတင်ပြီး အသုံးပြုတဲ့အခါ စိတ်ကသိကအောင့်ဖြစ်နိုင်တာကို တွေ့ရပါတယ်။
Image: En Thue Tech |
ကောင်းတဲ့အချက်က Lid ကို 180°လောက် လှန်ချလို့ရပြီး presentation တွေပြချင်တဲ့အခါအဆင်ပြေတာပါပဲ။ screen ထိပ်မှာ 720P webcam ကို တပ်ဆင်ထားပေမယ့် Windows Hello အတွက် Webcam နဲ့တွဲဖက်အလုပ်လုပ်မဲ့ IR Camera မပါဝင်ပါဘူး။
Image: En Thue Tech |
Cooling အတွက် Air Intake အပေါက်လေးတွေက laptop ကိုယ်ထည်အောက်မှာသာရှိပါတယ်။ Exhaust ကတော့ ဘေးဘယ်ဘက်နဲ့ အနောက်နှစ်ဖက်စလုံးမှာရှိတာတွေ့ရပါတယ်။
Image: En Thue Tech |
ကိုယ်ထည်က အလျား 359mm၊ အနံ 259mm နဲ့ အမြင့် 24.9mmရှိပြီး အလေးချိန်က 2.25kg ရှိတဲ့အတွက် ပုံမှန် gaming laptop အရွယ်အစားနဲ့ အလေးချိန်လို့ဆိုနိုင်ပါတယ်။ quick access panel မပါတဲ့အတွက် Memory နဲ့ Storage တိုးဖို့ screw ၁၃ လုံးလောက်ဖြုတ်ရမှာပါ။
Display
Display အနေနဲ့ပြောရရင် Bravo 15 C7UX မှာ 1080p resolution နဲ့ 144Hz ရတဲ့ Chi Mei ရဲ့ (N156HRA-EA1) Panel ကိုသုံးထားပြီး အရင် review လုပ်ခဲ့တဲ့ Katana 15 B13V နဲ့အတူတူပဲဖြစ်ပါတယ်။ ကျနော်အနေနဲ့ ဒီ display ကိုသဘာမကျလှဘူးဆိုပေမယ့် Bravo 15 ထက်စျေးအများကြီးပိုတဲ့ MSI Katana 15 B13V မှာတောင် သုံးထားတဲ့ display အတူတူဖြစ်သလို VRR အထောက်အပံ့လည်းပါဝင်တာကြောင့် သိပ်ပြီးစောဒကတက်စရာမရှိပါဘူး။
Image: En Thue Tech |
အရောင်ပိုင်း ကို ကိန်းဂဏန်းတွေနဲ့ အတိအကျပြောရမယ်ဆိုရင်
sRGB 44.06%
AdobeRGB 63.55%
DCI-P3 44.06% သာရှိတဲ့အတွက် color gamut တွေက သာမန် screen လောက်သာရှိကာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေတည်းဖြတ်ဖို့ ရွေးချယ်သင့်တဲ့ laptop တစ်ခုလို့တော့မမြင်ပဲ ဂိမ်းကစားဖို့သာရည်ရွယ်သင့်ပါတယ်။ ရုပ်ရှင်တွေနဲ့ ဗီဒီယိုတွေကောင်းကောင်းကြည့်နိုင်ပေမဲ့ 260nits ဝန်းကျင်သာရှိတဲ့ display ဟာ ပြင်ပအလင်းရောင်များတဲ့ အခန်းလိုနေရာတွေမှာဆိုရင်တော့ မှိန်သလိုခံစားရမှာမို့ သိပ်အဆင်ပြေမှာမဟုတ်ပါဘူး။
Keyboard and Trackpad
Bravo 15 ဟာ စျေးအလွန်သက်သာတဲ့ မော်ဒယ်ဆိုပေမယ့် သူ့ရဲ့ ကီးဘုတ်ဟာ စျေးပိုများတဲ့ Cyborg 15 တုန်းကအတိုင်း အသုံးပြုထားတာကိုတွေ့ရပြီး gaming ဆန်ဆန် power key၊ WASD key နဲ့ arrow key တွေကို ကြည်ကြည်လင်လင်နဲ့ သိသာထင်ရှားအောင် ဖန်တီးပေးထားတာကိုတွေ့ရပါတယ်။
Image: En Thue Tech |
ဘက်ဂျက် gaming laptop မို့ keyboard က back light တစ်ရောင်တည်းဆိုပေမယ့် အရင်လိုအနီရောင်မသုံးထားပဲ Cyborg 15 လိုအပြာရောင်ကို ပြောင်းလဲအသုံးပြုထားတာကိုတွေ့ရပါတယ်။
Image: En Thue Tech |
Bravo 15 ရဲ့ Trackpad ဟာ အရွယ်အစားသေးငယ်တယ်လို့ဆိုနိုင်ပြီး သီးခြား key တွေမပါသလို texture တွေလည်း မရှိပါဘူး။ Windows Precision Driver နဲ့ Trackpad ကို အဆင်ပြေပြေသုံးနိုင်ပြီး click ကို အနည်းငယ်အားစိုက်ဖိဖို့တော့လိုပါတယ်။ ဒါပေမယ့် သဘောမကျတဲ့အချက်တစ်ခုက အသံနည်းနည်းထွက်နေတာတွေကို သဘောမကျပါဘူး။
Ports
Port တွေအနေနဲ့ ဘယ်ဘက်မှာ Charging Port၊ Type-A USB 3.2 Gen 1 တစ်ခုနဲ့ နဲ့ Type-A USB 2.0 ၁ခုပါပါတယ်။
Image: En Thue Tech |
ညာဘက်မှာတော့ LAN အတွက် RJ-45 jack တစ်ခု၊ HDMI 2.1 Port တစ်ခု၊ Type-C USB 3.2 Gen 1/DP တစ်ခု၊ Type-A USB 3.2 Gen 1 နဲ့ 3.5mm Audio Combo Jack တစ်ခုပါပါတယ်။
Image: En Thue Tech |
$699 တန် gaming laptop တစ်ခုအနေနဲ့ IO ပိုင်းမှာ အားနည်းတယ်လို့ခံစားရမှာမဟုတ်ပါဘူး။
Webcam
Video Call တွေအတွက် Webcam ရဲ့ ရုပ်ထွက်က ပြတ်သားတဲ့အထဲမပါပေမဲ့ အလင်းသိပ်မရှိတဲ့နေရာမှာလည်း ကောင်းကောင်းမြင်ရပါတယ်။ ယျေဘူယျခြုံပြောရမယ်ဆိုရင် အရင် gaming laptop တွေနဲ့ကွာခြားတာကိုမတွေ့ရပါဘူး။ Windows Hello ရဲ့ biometric sign-in အတွက် IR Camera ရော Finger Print Reader ရောမပါတဲ့အတွက် PIN code ရိုက်ပြီးသာ log-in ဝင်ရပါမယ်။ Zoom Meeting လုပ်ကြည့်တဲ့အခါ ကိုယ့်ရဲ့ရုပ်နဲ့အသံကို တဖက်ကကောင်းမွန်တဲ့ Feedback ပေးတာတွေ့ရပါတယ်။
Audio
Audio ပိုင်းကိုပြောရမယ်ဆိုရင် MSI Bravo 15 မှာ 2w Speaker ၂လုံးကို Laptop ရဲ့အောက်ဘက် ဘယ်ညာထောင့်တစ်ခုစီမှာနေရာချထားပါတယ်။ သူ့စျေးတန်းနဲ့သူဆိုရင် Speaker တွေရဲ့အသံထွက်ကျေနပ်စရာဖြစ်ပါတယ်။ ဒါပေမဲ့လည်း သီးခြား Woofer မပါလို့ Base အသံတော့နည်းနေတာတွေ့ရပြီး သူမှာပါတဲ့ Nahimic Audio software ကနေ အနည်းငယ် tuning လုပ်လိုက်တာနဲ့ ပိုနားထောင်လို့ကောင်းသွားပါတယ်။
Bravo 15 မှာ သီးခြား Headphone နဲ့ Mic အတွက် 3.5mm Audio Combo Jack တစ်ခုစီပါဝင်ပြီး DAC က RealTek ရဲ့ ALC256 ကိုတပ်ဆင်ထားပါတယ်။ ဒီ ALC256 ဟာ laptop တွေမှာအသုံးများတဲ့ DCA တစ်ခုဖြစ်ကာ သူ့ရဲ့ output က 24-bit 192KHz အထိထုတ်ပေးနိုင်ပါတယ်။ သူ့ရဲ့အသံထွက်ဟာ သီးခြား sound card တွေကိုမမှီပေမယ့် Hi-Res သီချင်းတွေကို နားထောင်လို့ အဆင်ပြေတာတွေ့ရပါတယ်။
ဂိမ်းဆော့ကြည့်ရာမှာတော့ Nahimic Audioမှာပါတဲ့ surround ထက် Windows Sonics for headphones ကို တွဲဖက်အသုံးပြုပြီး ကစားတာက surround ပိုကောင်းတယ်လို့ခံစားရပါတယ်။ Battlefield V Multiplayer ကစားကြည့်တဲ့အခါ အနီးအဝေးအထက်အောက်ဘယ်ညာအသံတွေကို ကောင်းစွာထုတ်ပေးနိုင်ပြီး သူ့စျေးနဲ့သူကျေနပ်လောက်စရာ အသံကိုကြားရပါတယ်။
သူမှာမူလပါဝင်တဲ့ mic ဟာ ပုံမှန်အခြေအနေမှာဆို ကြည်လင်တဲ့အသံကိုဖမ်းပေးနိုင်ပြီး စိတ်ကျေနပ်စရာကောင်းပေမဲ့ Cooler Boost ဖွင့်ထားချိန်မှာတော့ mic ရဲ့အသံကို Fan တွေရဲ့ဆူညံသံကလွမ်းမိုးသွားတာပါတယ်။ ဒါဟာ ဂိမ်းဆော့တဲ့အချိန်မှာ ကြုံရနိုင်ချေများပြီး နားကျပ်နဲ့ဂိမ်းဆော့လေ့ရှိသူတွေက ဒါကိုစိတ်ပူစရာမရှိပါဘူး။
Storage
Bravo 15 C7U မှာ 512GB ရှိတဲ့ Micron MTFDKBA512QFM ဆိုတဲ့ PCIE 4.0 NVME SSD ကိုထည့်ထားပါတယ်။ SSD ရဲ့ Read/Write အမြန်နှုန်းအရ PCIE 4.0 NVME SSD တွေထဲမှာ သင့်တင့်တဲ့စွမ်းဆောင်ရည်ရှိပါတယ်။ Benchmark ပုံမှာ SSD စွမ်းဆောင်ရည်အတိအကျကို ကြည့်နိုင်ပါတယ်။
Image: En Thue Tech |
SSD capacity ပိုင်းအနေနဲ့ စျေးအလွန်သက်သာတဲ့ gaming laptop တွေရဲ့ ထုံးစံအတိုင်း ပမာဏအများကြီးထည့်ပေးလေ့မရှိတာကြောင့် 512GB ရှိမှာပါ။ ဒီပမဏက သာမန်သုံးစွဲသူအတွက် အဆင်ပြေလောက်တယ်ဆိုပေမဲ့ gaming laptop တစ်ခုအတွက်ဆိုရင်တော့ ဂိမ်းတွေအများကြီးမထည့်နိုင်ပါဘူး။ တစ်ခုကောင်းတာက storage ထပ်တိုးဖို့အတွက် NVME SSD slot တစ်ခုအပိုပါဝင်တာတာပါပဲ။
Battery
Bravo 15 မှာ 53.5WH ရှိတဲ့ 3-Cell Li-Ion battery ကိုထည့်သွင်းပေးထားပြီး ဒီလို laptop တွေမှာပုံမှန်လို့ဆိုနိုင်ပါတယ်။ စွမ်းဆောင်ရည်ကောင်းတဲ့ laptop တစ်ခုဆိုဖြစ်ပေမယ့် adapter က 180W လောက်ပဲရှိပြီး အရွယ်သိပ်မကြီးတာကြောင့် မကြာခဏအပြင်သွားရတဲ့သူအဖို့ သိပ်ဝန်ပိမှာ မဟုတ်ပါဘူး။
MSI Center
Gaming Laptop တွေမှာ Utility Software တစ်ခုပါလေ့ရှိပါတယ်။ MSI မှာဆိုရင်တော့ MSI Center ပါ ဒီ software မှာ ကိုယ်သုံးမဲ့ function အလိုက်အတွက် Setting ချိန်လို့ရမယ်၊ ဘက်ထရီခံအောင်သုံးမှာလား စွမ်းဆောင်ရည်အပြည့်သုံးမှာလားအစရှိတဲ့ Power တွေချိန်လို့ရမယ်၊ စက်ရဲ့ အပူချိန်နဲ့အမြန်နှုန်းတွေ ဘက်ထရီအခြေအနေတွေကြည့်လို့ရမယ်။ ဂိမ်းတစ်ခုခြင်းကို Optimistize လုပ်ပေးမဲ့ Gaming Mode နဲ့ Adobe တို့ MAGIX တို့ကထုတ်တဲ့ Content Creation Software တွေကို Optimistize လုပ်ပေးဖို့အတွက် Creator Mode ပါဝင်ပါတယ်။ နောက်ပြီး Esports ဂိမ်းတွေမှာ ကိုယ့်ရဲ့ Gameplay ကို record လုပ်ပြီး social media ပေါ်တင်နိုင်မဲ့ Game Highlights လည်းပါဝင်ပါတယ်။
Testing Methodology
စွမ်းဆောင်ရည်ကို စမ်းသပ်ရာမှာ CPU တွေ GPU တွေရဲ့ စွမ်းပကား ဘယ်လောက်အထိ ရနိုင်မလဲဆိုတာသိရဖို့အတွက် စမ်းသပ်မှုအားလုံးကို Extreme Performance Mode မှာ သာစမ်းသပ်ထားတာဖြစ်ပါတယ်။ CPU Benchmark အတွက် Cinebench R15၊ Cinebench R20 နဲ့ Geekbench 5 ကိုထည့်သွင်းစမ်းသပ်ထားပါတယ်။ Overall Performance အတွက်ကတော့ PCMark 10 နဲ့စမ်းသပ်ခဲ့ပါတယ်။ Productivity အတွက် Blender၊ Corona နဲ့ V-ray ကိုထည့်သွင်းစမ်းသပ်ထားပါတယ်။ Storage အတွက် CrystalDiskMark နဲ့စမ်းသပ်ထားပါတယ်။ Benchmark တွေစမ်းလို့ရလာတဲ့ အသေးစိတ်ကို ပုံမှာပြထားပေးပါတယ်။ Benchmark အားလုံးကို Windows 11 Version 23H2 နဲ့ Nvidia GeForce Driver Version 546.33မှာ စမ်းသပ်ထားပါတယ်။
Benchmarks
Bravo 15 C7U မှာတပ်ဆင်ပေးထားတဲ့ 6 Cores 12 Thread ရှိတဲ့ Ryzen 5 7535HS ဟာ Laptop အနေနဲ့ဆို သာမန်လောက်သာရှိတယ်ဆိုပေမယ့် တွဲဖက်ထားတဲ့ GPU ကို ကောင်းစွာကိုင်တွယ်နိုင်စွမ်းရှိတာကို တွေ့ရပါတယ်။
Image: En Thue Tech |
Cinebench မှာ Ryzen 5 7535HS ဟာ multicore မှာ လက်ရှိ Intel တွေကို မမှီပေမယ့် single thread performance မှာ Intel CPU တွေနဲ့ အတူတူလောက်ရှိတာကို တွေ့ရပါတယ်။
Image: En Thue Tech |
Image: En Thue Tech |
Image: En Thue Tech |
Image: En Thue Tech |
Gaming Performance အတွက် ဂိမ်း၉မျိုးနဲ့စမ်းသပ်ထားပါတယ်။ အများစုက AAA ဂိမ်းတွေဖြစ်ပြီး resolution ကိုတော့ 1080P ရဲ့ ultra (သို့မဟုတ်) very high setting နဲ့ medium setting ဆိုပြီး ၂မျိုး စမ်းသပ်ထားပါတယ်။ GeForce RTX 2050 ဟာ RTX GPU တွေအားလုံးထဲမှာ စွမ်းအားအနည်းဆုံးဖြစ်ပြီး VRAM ကလည်း 4GB သာပါဝင်တာမို့ AAA ဂိမ်းတိုင်းကို 1080P ultra settingမှာ ကစားဖို့က သိပ်အဆင်မပြေပါဘူး။ အကယ်၍ medium setting လောက်နဲ့ ကစားမယ်ဆိုရင်တော့ပျမ်းမျှ 60FPS နဲ့အထက်မှာသာသာယာယာကစားနိုင်ပါတယ်။
Image: En Thue Tech |
Image: En Thue Tech |
Ray Tracing ဖွင့်ကစားဖို့အတွက် ကြိုးစားကြည့်တဲ့အခါ Bravo 15 မှာတပ်ဆင်ထားတဲ့ GeForce RTX 2050 ဟာ အတော်လေးရုန်းကန်နေရတာကိုတွေ့ရပါတယ်။ Cyberpunk 2077 မှာဆိုရင် medium setting မှာ DLSS အကူအညီအပြင် FSR mod သွင်းကြည့်တာတောင်မှကစားရတာအဆင်ပြေတဲ့ frame rate ကိုမရနိုင်တာတွေ့ရပါတယ်။ အကယ်၍ Ray Tracing မသုံးဘူးဆိုရင်တော့ ဂိမ်းတော်များများကို ကစားလို့ဖြစ်နိုင်ပါတယ်။
Image: En Thue Tech |
ဒီ Bravo 15 C7U ကို ကျနော်ကစားနေကြဂိမ်းဖြစ်တဲ့ Battlefield V နဲ့ တစ်နေ့ကို ၃နာရီ ၄နာရီလောက်အထိ ကစားကြည့်တဲ့အခါ Ultra Setting မှာသာ ကစားလို့အဆင်မပြေလှပေမဲ့ Medium မှာ 90~100FPS ဝန်းကျင်အထိရတာကိုတွေ့ရပါတယ်။ Ryzen 5 7535HS ရဲ့ iGP ဖြစ်တဲ့ Radeon 660M ကို Battlefield V ဂီမ်းဖွင့်ပြီးကစားကြည့်ရာမှာ 720P Lowest Setting မှာ 60FPS ဝန်းကျင်အထိရနိုင်တာကိုတွေ့ရပါတယ်။
Image: En Thue Tech |
ဘက်ထရီစွမ်းဆောင်ရည်ကိုတော့ Audio Level and Brightness 50% နဲ့ Power Balanced Mode မှာ Netflix ကြည့်တာ ၇နာရီခွဲကျော်ရတာကိုတွေ့ရပြီး gaming laptop အနေနဲ့ဆိုအားရစရာကောင်းတဲ့ ရလဒ် ရှိတယ်လို့ဆိုနိုင်ပါတယ်။ အကယ်၍ဒီထက်နည်းတဲ့workloads တွေနဲ့ battery saving mode တွေမှာထားရင် ဘက်ထရီပိုခံပါလိမ့်မယ်။ ဂိမ်းဆော့မယ်ဆို၁နာရီဝန်းကျင်သာရပါတယ်။
Temperatures and Noise
Bravo 15ရဲ့ Cooling System မှာ Heatpipe ၄ချောင်း ပါဝင်ပြီး အရင်စမ်းခဲ့တဲ့ gaming laptop အများစုထက် Heatpipe ပိုနည်းတယ်ဆိုနိုင်ပေမယ့် တကယ်တမ်းအသုံးပြုကြည့်တဲ့အခါ laptop ရဲ့ အပူစွန့်ထုတ်မှုအပိုင်းမှာ ဘာမှပြဿနာမရှိတာကိုတွေ့ရပါတယ်။ စျေးအသက်သာဆုံး gaming laptop ဆိုပေမယ့် Cyborg 15 လိုမဟုတ်ပဲ ပုံမှန် gaming laptop တွေလို GPU နဲ့ CPU အတွက် fan ၁ခုစီ ထည့်သွင်းပေးထားတာကိုတွေ့ပါတယ်။ ဂိမ်းကစားတဲ့အခါ Fan ကို Auto Mode မှာထားကစားရင် အများဆုံး CPUက 83°C နဲ့ GPU က 70°C လောက်အထိသာတက်လာပြီး Cooler Boost သုံးပြီးကစားမယ်ဆိုရင် CPU က 79°C နဲ့ GPU က 64°C လောက်သာရှိတော့တာပါ။ ဒါကလည်း ပါဝါသိပ်မစားတဲ့ CPU နဲ့ GPU ကြောင့်လည်းဖြစ်နိုင်ပါတယ်။ အသေးစိတ်ကိုပုံမှာပြထားပါတယ်။
Image: En Thue Tech |
ဒီ Laptop မှာတစ်ခုကောင်းတာက Cooler Boost ဖွင့်ပြီး Game ဆော့နေတဲ့အချိန် keyboard က မပူလာပဲ လက်ကချွေးစေးတောင်မပြန်ပါဘူး။ ကီးဘုတ်မှာအပူဆုံးအမြင့်ဆုံးနေရာက V၊ B၊ N နဲ့ space ကီးတွေ တစ်ဝိုက်မှာဖြစ်ပါတယ်။ ဘယ်ဘက်ခြမ်းမှာသာ exhaust ရှိတဲ့အတွက် Gaming mouse သုံးပြီး ဂိမ်းဆော့ကြည့်တဲ့အခါမှာ လေပူတွေလာဟပ်တာမရှိပဲ အနှောင့်အယှက်ကင်းကင်းနဲ့ ဂိမ်းဆော့နိုင်တာကိုတွေ့ရပါတယ်။
Image: En Thue Tech |
ဆူညံမှုဘက်ကိုပြောရရင် Bravo 15ဟာ ရဲ့ fanဟာ ရိုးရိုးအခြေအနေမှာရော ဂိမ်းဆော့နေတဲ့အချိန်မှာပါ အတော်လေးတိတ်ဆိတ်ပါတယ်။ အပူပိုစွန့်ထုတ်နိုင်အောင် Cooler Boost ကိုဖွင့်သုံးမယ်ဆိုရင် အသံအများကြီးပိုဆူလာပါတယ် ဒါပေမဲ့လည်း အပူကိုကောင်းစွာကိုင်တွယ်နိုင်တာမို့ အများအားဖြင့် Cooler Boost ဖွင့်စရာမလိုပဲ ဂိမ်းကောင်းကောင်းကစားနိုင်တာကိုတွေ့ရပါတယ်။ အသေးစိတ်ကို ပုံမှာပြထားပါတယ်။
Clock Speed and Power Draw
Bravo 15 မှာသုံးထားတဲ့ Ryzen 5 7535HS ဟာ Ryzen 7000 Series ထဲက ဆိုပေမယ့် နောက်ဆုံးထွက်တဲ့ Zen 4 core တွေအသုံးပြုထားတာမဟုတ်ပဲ TSMC 6nm နဲ့ဖန်တီးထားတဲ့ Zen 3+ core တွေကိုသာ အသုံးပြုထားတာဖြစ်ပါတယ်။ ဒီ CPU ဟာ စွမ်းအားကောင်းလှပါတယ်လို့ မဆိုနိုင်သည့်တိုင် ဂိမ်းကစားဖို့လိုအပ်တာတွေအားလုံးကို အဆင်ပြေပြေကိုင်တွယ်နိုင်တာကိုတွေ့ရပါတယ်။ Clock Speed ပိုင်းမှာဆိုရင်လည်း ဂိမ်းကစားတဲ့အချိန် Core အားလုံးကို 4.2GHz~4.3GHz ကြားမှာ အမြဲလိုလို ထိန်းထားနိုင်စွမ်းရှိတာကိုတွေ့ရပါတယ်။
Image: En Thue Tech |
ပါဝါသုံးစွဲမှုအနေနဲ့ CPU ဟာ Single Core load မှာ 22W လောက်အထိသုံးတာ တွေ့ရပါတယ်။ Multi Core CPU Rendering လုပ်နေချိန်မှာ CPU ဟာ အများအားဖြင့် 25W သာရှိတာတွေ့ရပါတယ်။ ဂိမ်းကစားတဲ့အချိန်မှာတော့ အများအားဖြင့် CPU ဟာ 43W နဲ့ GPU ကတော့ 70W ဝန်းကျင်မှာ ရှိပါတယ်။ GPU ကိုအရမ်းအသားပေးတဲ့ workload တွေမှာဆို 59W ဝန်းကျင် သုံးနေတာတွေ့ရပြီး CPU ကတော့ အဲအချိန်မှာ 11W လောက်ပဲစားပါတယ်။
The Good
- Very Cheap Gaming Laptop
- Good Build Quality
- Stylish Keyboard
- Good Thermal Management
- Good Battery Life
The Bad
- RTX 2050 and its weak 4GB of VRAM may struggle on some titles
- Long Charging Time
Image: En Thue Tech |
Conclusion
MSI Bravo 15 C7UX ဟာ စျေးအလွန်သက်သာတဲ့ gaming laptop လို့ဆိုနိုင်ပေမယ့် အရမ်းခိုထားတာမတွေ့ရပဲ သူ့မှာပါဝင်တဲ့အစိတ်အပိုင်းအတော်များများဟာ သူ့ထက်စျေးအများကြီးပိုမြင့်တဲ့ laptop တွေမှာ သုံးထားတာကိုပဲ ပြန်လည်အသုံးပြုထားတာတွေ့ရပါတယ်။ Gaming Laptop မှာအရေးအကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့ GPU ဟာ RTX ထဲမှာ အားအနည်းဆုံးဆိုနိုင်ပြီး 4GB VRAM ကြောင့် တစ်ချို့ဂိမ်းတွေမှာ ကစားရတာအဆင်မပြေတာမျိုးရှိနိုင်ပါတယ်။
အားသာချက်အနေနဲ့ ဘက်ထရီဟာ ထင်ထားတာထက်ကို အချိန်ပိုကြာကြာခံသလို အပူစွန့်ထုတ်မှုပိုင်းကအားရစရာကောင်းတာကိုတွေ့ရပြီး အားနည်းချက်အနေနဲ့ အားသွင်းချိန် ၃နာရီလောက်အထိရှိနေတာပါပဲ။ အကယ်၍ သင်က ဒီထက်စျေးပိုတက်နိုင်ပြီး ပိုကောင်းတဲ့ GPU နဲ့လိုချင်တယ်ဆိုရင်လည်း MSI Bravo 15 မှာ RTX 3050 6GB နဲ့ zonal RGB ရတဲ့ ကီးဘုတ် ပါဝင်တဲ့ မော်ဒယ်လည်းရှိတယ်လို့သိရပြီး $50~70 လောက် စျေးပိုလာမှာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် MSI Bravo 15 C7UX ဟာ အခုမှ gaming laptop အသစ်ကိုဝယ်ချင်သူတွေ စျေးသက်သက်သာသာနဲ့ ဂိမ်းကစားချင်သူတွေအတွက် ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်နိုင်ပါတယ်။ MSI Bravo 15 C7UX ရဲ့ဈေးနှုန်းကတော့ လက်ရှိမှာ $699 လို့သိရပါတယ်။
Review တွေအတွက် ကျနော့်မှာနာရီပေါင်းများစွာစမ်းသပ်ထားရပါတယ်။ ဒီလို review တွေရေးပြီးချိန်မှာ မိတ်ဆွေတို့ရဲ့ Like တစ်ချက် Share တစ်ခုဟာ နောက်စာတွေဆက်ရေးဖို့ကျနော့်ကိုများစွာအားတက်စေတာမို့ သဘောကျနှစ်သက်တယ်ဆိုလို့ရှိရင် Page လေးကို Like and Share လုပ်ပေးခြင်းဖြင့်ကူညီပါလို့တောင်းဆိုလိုက်ပါတယ်။ ကျနော့်ကို Review Unit ပေးတဲ့ MSI Gaming ကိုလည်းအထူးကျေးဇူးတင်ပါတယ်။
#EnThueTech
#Review
#Gaming #Laptop
#MSI #Bravo #Bravo15
0 Comments