Subscribe Us

header ads

RTX 20/30 Series GPU များတွင် DLSS 3 ကို FSR 3 ဖြင့်အစားထိုး၍ FPS ၂ဆအထိ တိုးတက်စေနိုင်မည့်နည်းလမ်း

Image: AMD

လွန်ခဲ့တဲ့တစ်ပတ်လောက်က AMD ဟာ FSR3 ရဲ့ source code ကို GPUopen မှာလွှင့်တင်လိုက်ပြီမို့ modder တွေဟာ AMD ရဲ့ frame generation နည်းပညာကို ဂိမ်းအများအပြားမှာ ထပ်မံထည့်သွင်းဖို့ကြိုးစားလာကြပြီဖြစ်ပါတယ်။ ဒါတင်မက သူတို့တွေဟာ DLSS upscaling နဲ့ပါတွဲဖက်နိုင်အောင် ပေါင်းစပ်နေကြပါတယ်။ ဒီအတောအတွင်း Intel ကလည်း frame generation ကို ကွဲပြားခြားနားတဲ့နည်းလမ်းတစ်ခုနဲ့ဖန်တီးဖို့ စီစဉ်နေကြောင်းဆိုပါတယ်။

အဆိုရင် FSR 3 frame generation ကိုတရားဝင်အထောက်အပံ့မရသေးတဲ့ဂိမ်းတွေအတွက် mod တစ်ခုထွက်ရှိလာပါပြီ။ ဒီ mod ကိုအသုံးပြုဖို့အတွက် Nvidia RTX graphics card တစ်ခုနဲ့ DLSS 3 frame generation အထောက်အပံ့ပေးထားတဲ့ ဂိမ်းတွေလိုအပ်ပါတယ်။

အသုံးပြုနည်း

Image: En Thue Tech

အဆင့် ၁။ Mod ကိုသွင်းဖို့အတွက် Windows မှာ Hardware-accelerated GPU Scheduling ကိုဖွင့်ထားရမှာဖြစ်ပြီး HDR ကိုတော့ပိတ်ထားရပါမယ်။ နောက်ဆုံးထွက်ရှိထားတဲ့
dlssg-to-fsr3-0.60 ကို ဒီမှာ Download နိုင်ပါတယ်။ Download ဖို့အတွက် Nexus Mods မှာ အကောင့်ဖွင့်ဖို့လိုပါတယ်။

Image: En Thue Tech

အဆင့် ၂။ ဒေါင်းထားတဲ့ဖိုင်ကို extract လုပ်ပြီး "dlssg_to_fsr3_amd_is_better.dll" နဲ့ "dbghelp.dll" ဆိုတဲ့ ၂ဖိုင်ကိုယူပြီး မိမိအသုံးပြုမယ့် ဂိမ်းရဲ့ exe ဖိုင်ရှိတဲ့နေရာမှာထည့်ပေးရပါမယ်။

Image: En Thue Tech

အဆင့် ၃။ extract လုပ်ထားတဲ့ဖိုင်ထဲက DisableNvidiaSignatureChecks.reg ကို run ရပါမယ်။

Image: En Thue Tech

အဆင့် ၄။ ဂိမ်းကိုဖွင့်ကစားတဲ့အချိန်မှာ successful installation ဖြစ်ကြောင်း notification ကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီ notification မပေါ်ဘူးဆိုရင်တစ်ခုခုလွဲနေတာပါ။

Image: En Thue Tech

အဆင့် ၅။ RTX 20/30 တွေအနေနဲ့ ဂိမ်းရဲ့ setting menu ကိုကြည့်လိုက်တဲ့အခါမှာ frame generation ကအရင်လိုမှိန်နေတာမျိုးမရှိတော့ပဲ ဖွင့်‌လို့ရလာတာတွေ့ရမှာဖြစ်ပြီး upscaling ကို DLSS နဲ့ FSR ထဲကတစ်ခုကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။

သတိပေးချက်။ ဒီ Mod ကို multiplayer ဂိမ်းတွေမှာ အသုံးမပြုဖို့ mod ဖန်တီးသူကတားမြစ်ထားပါတယ်။

Mod ကို ဖန်တီးသူကတော့ Cyberpunk 2077 နဲ့ Witcher 3 ဂိမ်း၂ခုမှာ ကောင်းစွာအလုပ်လုပ်တယ်လို့ဆိုပါတယ်။ Rachet and Clark: Rift Apart၊ Dying Light 2 (သို့မဟုတ်) Hitman 3 တို့မှာတော့ ပြဿနာအနည်းငယ်ကြုံရနိုင်ပါတယ်။ ဂိမ်းမာအချို့ကတော့ ဂိမ်းအချို့မှာ Reflex (သို့မဟုတ်) HDR ကိုပိတ်ပြီးအသုံးပြုလို့ရတယ်ဆိုပေမယ့် ပြဿနာအားလုံးကိုမဖြေရှင်းနိုင်ပါဘူး။

Frame Generation Off (Image: En Thue Tech)


Frame Generation On (Image: En Thue Tech)

YouTube ချယ်နယ်တစ်ခုဖြစ်တဲ့ MxBenchmarkPC ရဲ့ ဗီဒီယိုမှာ RTX 3080 ကို FSR 3 နဲ့ DLSS ပေါင်းစပ်အသုံးပြုတဲ့အခါ frame rate ၂ဆတိုးလာကြောင်းဆိုပါတယ်။ ကျနော်ကိုယ်တိုင် ဒီ mod ကို DLSS 3 ပါဝင်တဲ့ Marvels Spider-Man: Miles Morales ကို စမ်းသပ်ကြည့်ရာမှာလည်း FPS ၂ဆတိုးလာတာတွေ့ရပါတယ်။

AMD ဟာ အောက်တိုဘာလထဲမှာ FSR 3 ကို Forspoken နဲ့ Immortals of Aveum ဂိမ်းတို့နဲ့ပွဲထွက်လာခဲ့ပြီး ဒီလအစောပိုင်းမှာ Avatar: Frontiers of Pandora နဲ့ Like a Dragon Gaiden: The Man Who Erased His Name တို့မှာထည့်သွင်းပေးခဲ့ပါတယ်။ နောက်ထပ် AMD အနေနဲ့ FSR 3 ကို Cyberpunk 2077၊ Squad၊ Like a Dragon: Infinite Wealth၊ Starfield နဲ့ Black Myth: Wukong အစရှိတဲ့ဂိမ်းတွေမှာ တရားဝင်ထည့်သွင်းပေးလာမယ်လို့ဆိုထားပါတယ်။ 

FSR 3 ရဲ့ အားသာချက်က Radeon RX 5000 ကနေ GeForce RTX 2000 ကစလို့ GPU အားလုံးမှာ အလုပ်လုပ်နိုင်တာပဲဖြစ်ပြီး DLSS 3 ကတော့ RTX 4000 GPU တွေနဲ့သာအလုပ်လုပ်နိုင်ပါတယ်။ သို့ပင်သော်ငြား FSR 3 ရဲ့ ရုပ်ထွက်ဟာ DLSS 3 ကိုအကြမ်းဖျင်းအားဖြင့်မမှီဘူးလို့ TechSpot ကဆိုပါတယ်။

FSR 3 ကိုတရားဝင်သုံးနိုင်ဖို့ရာ FSR upscaling ကိုလိုအပ်ပြီး ၎င်းဟာအများအားဖြင့် DLSS ထက်ကို ပိုများပြား artifact တွေထုတ်ပေးလေ့ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ FSR 3 mod ဟာ RTX 2000/3000 GPU တွေပေါ်မှာ AMD ရဲ့ နည်းပညာ၊ DLSS နဲ့ ray reconstruction ကိုပေါင်းစပ်ပြီး ပိုကောင်းတဲ့ရုပ်ထွက်ရအောင်ဖန်တီးခွင့်ပြုထားပါတယ်။

ဒီအချိန်မှာ Intel ကလည်း frame generation အကြောင်းဆွေးနွေးထားတဲ့စာတမ်းတစ်စောင်ကို ထုတ်ပြန်လိုက်ပြီး ExtraSS လို့အမည်ပေးထားကြောင်းသိရပါတယ်။ ExtraSS ဟာ FSR 3 နဲ့ DLSS 3 လို AI ကိုအသုံးပြုပြီး ပိုမိုများပြားတဲ့ frame တွေဖြည့်ပေးနိုင်ပါတယ်။ သို့ပင်သော်ငြား သူတို့ရဲ့ဆင်တူမှုက ဒီမှာတင်အဆုံးသတ်သွားပါတယ်။

FSR 3 နဲ့ DLSS 3 မှာ interpolation လို့ခေါ်တဲ့ ယခင် frame နဲ့ နောက်ထပ်ထုတ်မယ့် frame အကြား frame ပေါင်းထည့်တဲ့နည်းကိုအသုံးပြုတာဆိုပေမယ့် ExtraSS မှာတော့ ယခင် frame ကိုအခြေခံပြီး frame အသစ်ပေါင်းထည့်တဲ့ extrapolation နည်းကိုအသုံးပြုတာဖြစ်ပါတယ်။ extrapolation က interpolation ထက်စာရင် ရုပ်ထွက်မကောင်းတာ (သို့မဟုတ်) stable မဖြစ်တာမျိုးကြုံရနိုင်ပေမယ့် FSR 3 နဲ့ DLSS 3 လို latency တိုးလာမှာမဟုတ်လို့ တုန့်ပြန်မှုတွေပိုကောင်းမှာဖြစ်ပါတယ်။

Source: TechSpot and Videocardz

#EnThueTech
#News
#TechTips
#Mods
#Gaming

Post a Comment

0 Comments