Subscribe Us

header ads

The Day Before (သို့မဟုတ်) ဂိမ်းလောက၏ အကြီးမားဆုံးလိမ်လည်မှုလား

Image: FNTASTIC

မိတ်ဆွေတို့အနေနဲ့ The Day Before ဆိုတဲ့ဂိမ်းကိုကြားဖူးကြမယ်လို့ထင်ပါတယ်။ ၂၀၂၁ခုနှစ်မှာစတင်မိတ်ဆက်ပြသခဲ့တဲ့ ဂိမ်းရဲ့ Trailer အရ The Division ပုံစံကို zombie တွေနဲ့ တွဲဖက်ထားတဲ့ gameplay အပြင် Unreal Engine 5 ကို အသုံးပြုထားပြီး အလွန်လှပတဲ့ ရုပ်ထွက်ပိုင်းကြောင့် ဂိမ်းမာတွေရဲ့စိတ်ဝင်စားမှုအထူးရရှိခဲ့ပြီး Steam မှာဆိုရင် ဒီဂိမ်းဟာ Wishlist လုပ်ခံရတဲ့ ဂိမ်းအများဆုံးထဲကတစ်ခုဖြစ်ခဲ့တာပါ။

The Day Before ဟာ ဒီဇင်ဘာလ ၇ရက်နေ့မှာ Early Access အနေနဲ့သာထွက်ရှိလာခဲ့ပြီး ဂိမ်းထွက်ရှိပြီးတာနဲ့ နာမည်ကျော်ဂိမ်းမီဒီယာဖြစ်တဲ့ IGN ကသူတို့ရဲ့ review မှာ 1/10 အဆင့်သာပေးခဲ့သလို Steam မှာလည်း ဂိမ်းကစားသူတွေရဲ့ Overwhelming Negative review သာရခဲ့ပြီး review ပေးသူအများစုကလည်း ဒီဂိမ်းဟာ အလိမ်အညာတစ်ခုသာဖြစ်ကြောင်းဆိုကြပြီး refund ပြန်လုပ်သင့်ကြောင်းဆိုကြပါတယ်။

Image: FNTASTIC

The Day Before ဟာ မူလက ၂၀၂၂ခုနှစ်၊ ဇွန်လ ၂၁ရက်နေ့မှာ စတင်ထွက်ရှိမယ်ဆို‌ခဲ့ပေမယ့် FNTASTIC ရဲ့အဆိုအရ နှောင့်နှေးမှုတွေအများအပြားရှိခဲ့သလို ဂိမ်းရဲ့ The Day Before ဆိုတဲ့ ဂိမ်းရဲ့အမည်ဟာလည်း မူပိုင်ခွင့်ဆိုင်ရာအမှုအခင်းတွေ၊ Unreal Engine 5 ကို ပြောင်းလဲအသုံးပြုတာ‌တွေကြောင့် ထွက်ရှိဖို့နှောင့်နှေးခဲ့ရတယ်လို့ဆိုပါတယ်။

Image: FNTASTIC

ဂိမ်းရဲ့ trailer တွေ gameplay trailer တွေ ထွက်ရှိစဉ်ကလည်း ဂိမ်းရဲ့အသံဇာတ်ဆောင်တွေရဲ့စကားက chatbot ကထွက်လာတာနဲ့ဆင်တူနေပြီး ဂိမ်းရဲ့assets တွေကလည်း ကိုယ်တိုင်ဖန်တီးထားတာမဟုတ်ပဲ Unreal Engine မှာ ဝယ်ယူနိုင်တာကိုပြန်လည်အသုံးချထားတာဖြစ်သလို MMO Survival လို့ စတင်ကြေညာခဲ့ပေမယ့် Extraction shooter ပုံစံဖြစ်နေတာကြောင့် The Day Before က အလိမ်အညာတစ်ခုဖြစ်နိုင်‌ကြောင်း ထောက်ပြမှုတွေရှိခဲ့ပြီး FNTASTIC ကတော့ ဂိမ်းမထွက်ခင်ရက်အနည်းငယ်မှာ The Day Before ဟာ အလိမ်အညာမဟုတ်ကြောင်း ဂိမ်းမာတွေထံက မည်သည့်ငွေကြေးတစ်စုံတစ်ရာရယူခဲ့‌ခြင်းမရှိ‌ကြောင်း ဖြေရှင်းချက်ထုတ်ပြန်ခဲ့ပါတယ်။


သို့ပင်သော်ငြား The Day Before ထွက်ရှိပြီး ၄ရက်အကြာဒီနေ့မှာ ဂိမ်းကိုရေးဆွဲတဲ့ FNTASTIC က "သူတို့ရဲ့ ဂိမ်းစတူဒီယိုကိုပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်းကြေညာခဲ့ပြီး ဘဏ္ဍာရေးအရအရှုံးပေါ်ခဲ့သလို ဆက်လက်ဖန်တီးမှုတွေပြုလုပ်ဖို့ ငွေကြေးကုန်ခမ်းသွားပြီလို့ဆိုလိုက်ပါတယ်။ ဝင်ငွေအားလုံးဟာလည်း မိတ်ဖက်တွေရဲ့ အကြွေးတွေကိုဆပ်ဖို့အသုံးပြုသွားမယ်လို့ဆိုပါတယ်။


၎င်းတို့အနေနဲ့ The Day Before ဂိမ်းကိုဖန်တီးစဉ်မှာ အများပြည်သူထံက ကြိုတင်မှာယူခြင်း (သို့မဟုတ်) ငွေရှာတဲ့ကမ်းပိန်းတွေအသုံးပြုခြင်းမရှိခဲ့ပဲ ၅နှစ်တာပင်ပင်ပန်းပန်းကြိုးစားခဲ့ကြောင်းဆိုပါတယ်။ လက်ရှိအချိန်မှာ The Day Before ဂိမ်းရဲ့အနာဂတ်ကမရေရာတော့ဘူးဆိုပေမယ့် ဂိမ်းဆာဗာတွေကတော့ဆက်လက်အလုပ်လုပ်နေဦးမယ်လို့ဆိုပါတယ်။

မျှော်လင့်ထားသလိုဖြစ်မလာတဲ့အတွက်တောင်းပန်ကြောင်းဆိုထားပြီး မိမိတို့ရဲ့ လုပ်ကိုင်နိုင်စွမ်းကိုမတွက်ချက်မိခဲ့ဘူးလို့ဆိုပါတယ်။ ဂိမ်းစတူဒီယိုစတင်ဖွင့်လှစ်ခဲ့တဲ့ ၂၀၁၅ခုနှစ်ကစလို့ ပြီးခဲ့တဲ့ ၈နှစ်တာအတွင်းအားပေးခဲ့သူအပေါင်းကို ကျေးဇူးတင်ရှိကြောင်း" သူတို့ရဲ့ X (ယခင် Twitter)မှာ ကြေညာထားပါတယ်။ ဒါတင်မက ဂိမ်းရေးဆွဲတဲ့ FNTASTIC ရဲ့ တရားဝင်ဝဘ်ဆိုဒ်မှာလည်း ဒီနေ့စတူဒီယိုကိုပိတ်သိမ်းတဲ့ post တစ်ခုကိုသာတင်ထားတော့တာကိုတွေ့ရပါတယ်။

Image: FNTASTIC

လက်ရှိ Steam မှာ The Day Before ကိုဝယ်ယူခွင့်မရှိတော့သလို ဂိမ်းကို ၂နာရီထက်ပိုမိုကြာရှည်စွာကစားကြသူတွေဟာလည်း refund လုပ်နိုင်မှာဖြစ်ကြောင်း FNTASTIC ရဲ့ X (ယခင် Twitter) စာမျက်နှာမှာရေးသားထားတာကိုတွေ့ရှိရပါတယ်။ The Day Before ဂိမ်းရဲ့ အခြေအနေကိုထပ်မံသိရှိချင်တယ်ဆိုရင် page မှာဆက်လက်တင်ပြပေးသွားပါ့မယ်။

#EnThueTech
#News
#Gaming

Post a Comment

0 Comments