Image: Sony Group via Nikkei Asia |
Nikon၊ Sony နဲ့ Canon တို့ဟာ ဓာတ်ပုံသတင်းထောက်တွေရဲ့ လုပ်ငန်းမှာ ဉာဏ်ရည်တုနည်းပညာ(AI)အသုံးပြုပြီးဖန်တီးထားတဲ့ဓာတ်ပုံတွေရဲ့ ခြိမ်းခြောက်မှုတွေကို ကာကွယ်ပေးနိုင်ဖို့အတွက် ခြေလှမ်းစတင်နေခဲ့ပြီဖြစ်ပါတယ်။ ဂျပန်ကင်မရာထုတ်လုပ်ရေးလုပ်ငန်း ၃ခုဟာ "tamper-resistant" လို့ခေါ်တဲ့ ပြောင်းလဲပြင်ဆင်လို့မရတဲ့ digital signature နည်းပညာအသစ်ကို ပူပေါင်းဖန်တီးခဲ့ပါတယ်။ အဆိုပါဆန်းသစ်တဲ့နည်းပညာဟာ ဓာတ်ပုံအစစ်အမှန်နဲ့ (AI)အသုံးပြုပြီးဖန်တီးထားတဲ့ဓာတ်ပုံတွေကို ခွဲခြားရာမှာ အကူအညီပေးနိုင်ဖို့ရည်ရွယ်ထားပြီး ကုမ္ပဏီတွေနဲ့ သတင်းအဖွဲ့အစည်းတွေအတွက် လုပ်ခြုံရေးကို တိုးမြှင့်စေမှာဖြစ်ပါတယ်။
ဒီပြောင်းလဲပြင်ဆင်လို့မရတဲ့နည်းပညာဟာ ၂၀၂၄ခုနှစ်မှာထွက်ရှိလာတဲ့ ကင်မရာတွေမှာပါဝင်လာမယ်လို့ယူဆရကြောင်း Nikkei Asia ကဆိုပါတယ်။ Nikon၊ Sony နဲ့ Canon တို့ဖန်တီးထားတဲ့ digital signature တွေမှာ ဓာတ်ပုံတွေရဲ့ နေ့စွဲ၊ အချိန်၊ တည်နေရာသာမက ဓာတ်ပုံဆရာရဲ့ အထောက်အထားပါဝင်လာမှာဖြစ်ကာ ကမ္ဘာ့စံတစ်ခုဖြစ်လိုက်နာဆောင်ရွက်မယ်လို့ဆိုပါတယ်။
ဒါတင်မက ကုမ္ပဏီတွေဟာ ဓာတ်ပုံတွေကို စစ်မှန်ကြောင်းသက်သေပြဖို့အတွက် အခမဲ့ အသုံးပြုနိုင်တဲ့ ဝက်ဘ်အခြေခံ ဓာတ်ပုံ "Verify" ဝန်ဆောင်မှုကို မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ digital signature ပါရှိသော ရုပ်ပုံများအတွက် Verify ဝဘ်ဆိုက်ဟာ ရက်စွဲနဲ့ အခြားထည့်သွင်းထားတဲ့ အထောက်အထားတွေကို ပြသသွားမှာဖြစ်ပါတယ်။ ပုံတစ်ပုံဟာ AI မှထုတ်လုပ်ထားတာ (သို့မဟုတ်) ပြောင်းလဲပြင်ဆင်မှုပြုလုပ်ထားတာဆိုရင် Verify ဝက်ဘ်ဆိုက်က "အထောက်အထားမရှိပါ" လို့ပြသပေးမှာဖြစ်ပါတယ်။
ဂျပန်ကင်မရာထုတ်လုပ်ရေးကုမ္ပဏီတွေဟာ ကမ္ဘာ့ကင်မရာစျေးကွက်ရဲ့ ၉၀ရာခိုင်နှုန်းဝန်းကျင်ကို ရရှိထားတာမို့ ဒီ digital signature နည်းပညာဟာ တ်ပုံသတင်းထောက်တွေအကြားကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာမှာဖြစ်ပါတယ်။ Sony အနေနဲ့ ဒီနွေဦးမှာ digital signature နည်းပညာကို firmware updateကတဆင့် သူတို့ရဲ့ ပရိုဖက်ရှင်နယ်အဆင့် Mirrorless SLR ကင်မရာမော်ဒယ် ၃မျိုးမှာ ထည့်သွင်းပေးမယ်လို့ Nikkei Asia ကဆိုပါတယ်။ Sony အနေနဲ့ ဓာတ်ပုံအထောက်အထားစစ်ဆေးနိုင်ဖိုအတွက် ကိုယ်ပိုင်ဆာဗာထားရှိသွားမယ်လို့သိရပါတယ်။ ကုမ္ပဏီဟာ အဆိုပါနည်းပညာကို အောက်တိုဘာလက AP သတင်းဌာနနဲ့စမ်းသပ်မှုပြလုပ်ခဲ့ကြောင်းဆိုထားပြီး အနာဂတ်ကင်မရာတွေမှာ ပါဝင်လာမယ်လို့မျှော်လင့်ရပါတယ်။
Canon ကလည်း ၂၀၂၄ ခုနှစ် အလားတူ အထောက်အထားစစ်ဆေးတဲ့ဝန်ဆောင်မှုကို ပေးအပ်သွားမယ်လို့ဆိုထားပြီး digital signature နည်းပညာကို ဗီဒီယိုတွေမှာပါထည့်သွင်းဖို့ တက်ကြွစွာဖန်တီးနေကြောင်းဆိုပါတယ်။ Canon ဟာ ဒီနည်းပညာကို ၂၀၁၉ခုနှစ်ကတည်းက သတင်းအေဂျင်စီတွေနဲ့ တက္ကသိုလ်တွေနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
Generative AI ဝန်ဆောင်မှုတွေပေါ်ထွန်းလာခြင်းဟာ ဆန်းပြားလှတဲ့ deepfake အကြောင်းအရာတွေနဲ့ လူသိများထင်ရှားသူတွေရဲ့ ဓာတ်ပုံတွေကို လွှမ်းမိုးပြောင်းလဲဖန်တီးတာတွေများပြားလာခဲ့ပါတယ်။ ဒါတင်မက ထုတ်နိုင်စွမ်းလည်းပိုမိုမြင့်မားလာကြပြီး ဆင်ဟွှာတက္ကသိုလ်ရဲ့ generative model အသစ်မှာဆိုရင် တစ်ရက်ကို ဓာတ်ပုံ ၇သိန်းဝန်းကျင်ထုတ်ပေးနိုင်ပါတယ်။
Deepfake တွေတိုးပွားလာမှုကို တုံ့ပြန်ဖို့အတွက် အမျိုးမျိုးသော တန်ပြန်မှုတွေလည်း ဖန်တီးနေကြပါတယ်။ ထင်ရှားတဲ့အချက်တွေကတော့ Google ဟာ AI မှထုတ်လုပ်ထားသောရုပ်ပုံတွေမှာ "မမြင်နိုင်သော" ရေစာများကိုထည့်သွင်းတဲ့ ကိရိယာကိုမိတ်ဆက်ပေးခဲ့ပြီး Intel ကတော့ အရေပြားအရောင်ပြောင်းလဲမှုများကို ပိုင်းခြားစိတ်ဖြာခြင်းဖြင့် ရုပ်ပုံစစ်မှန်ကြောင်းအကဲဖြတ်တဲ့ solution တစ်ခုကိုဖန်တီးထားသလို Adobe ကလည်း signature အခြေခံလုံခြုံရေး feature တစ်ခုဖြစ်တဲ့ Content Credentials ကို ပံ့ပိုးပေးဖို့ရာ Leica နဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
Source: TechSpot
#EnThueTech
#News
#AI
#Camera
0 Comments