Source: NVIDIA |
သင့်အနေနဲ့ high dynamic range (HDR) Monitor ဒါမှမဟုတ် HDR display ပါတဲ့ laptop ပိုင်ဆိုင်ထားတစ်ခုခုပိုင်ဆိုင်ထားတယ်ဆိုရင် စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုရှိပါတယ်။ ဒါကဘာလည်းဆိုရင် ပုံမှန်ကြည့်နေကြ standard dynamic range (SDR) Video တွေပါ။ HDR Monitor တွေဟာ HDR ကိုကောင်းကောင်းကြည့်နိုင်တယ်ဆိုပေမယ့် အင်တာနက်ပေါ်က ဗီဒီယို ၉၀ရာခိုင်နှုန်းလောက်က SDR Video တွေဖြစ်ကြပါတယ်။ ဒါတင်မက SDR နဲ့ HDR ဟာ color space တွေကွာခြားတာကြောင့် HDR Mode ဖွင့်ထားချိန်မှာ SDR ဗီဒီယိုတွေဟာ အရောင်မှိန်တာတွေ ပုံပျက်တွေကိုကြုံရနိုင်ပါတယ်။ နောက်တစ်ခုက Windows မှာ HDR Content တွေကို အလိုအလျောက်မသိရှိနိုင်တာကြောင့် SDR နဲ့ HDR ကို Win+ALT+B လို shortcut key နဲ့ ဖြစ်စေ Display Setting ထဲက HDR မှာဖြစ်စေ မကြာခဏအဖွင့်အပိတ် လုပ်ပေးနေရတာ အတော်လေးကိုကရိကထများတယ်လို့ဆိုနိုင်ပါတယ်။
ဒီပြဿနာကို ဖြေရှင်းဖို့ Nvidia ဟာ သူတို့ရဲ့ driver ထဲမှာ RTX Video HDR ကိုဖန်တီးလိုက်ပါတယ်။ RTX Video HDR ရဲ့ အလုပ်လုပ်ပုံကတော့ AI နဲ့ RTX GPU ထဲမှာပါဝင်တဲ့ Tensor Core တွေရဲ့စွမ်းအားကိုအသုံးချပြီး SDR ဗီဒီယိုရဲ့frame တစ်ခုခြင်းစီကို ခွဲခြမ်းစိတ်ဖြာကာ HDR10 စံနှုန်းအရ တောက်ပမှုနဲ့အရောင်တွေကိုရရှိလာအောင် tone mapping algorithm တစ်ခုနဲ့ ပြန်လည်ချိန်ညှိပေးလိုက်တာပဲဖြစ်ပါတယ်။
RTX Video HDR အသုံးပြုနည်း
RTX Video HDR ကိုအသုံးပြုဖို့သင့်မှာ HDR10 ကိုအထောက်အပံ့ပေးတဲ့ display၊ RTX GPU နဲ့ နောက်ဆုံးထွက်ရှိထားတဲ့ 551.23 Game Ready Driver (သို့မဟုတ်) Studio Driver ကိုသွင်းထားဖို့လိုအပ်သလို Windows နဲ့ Monitor မှာ HDR ကိုဖွင့်ထားပေးဖို့လည်း လိုအပ်ပါတယ်။
Image: En Thue Tech |
အဆိုပါ driver တစ်ခုခုကိုသွင်းပြီးတဲ့အခါ Nvidia Control Panel မှာ Adjust Video Image Setting ထဲက High Dynamic Range ကို အမှန်ခြစ်ပေးဖို့သာလိုအပ်ပါတယ်။ RTX Video HDR ကိုလက်ရှိ Chromium အခြေခံ web browser တွေဖြစ်တဲ့ Google Chrome နဲ့ Microsoft Edge တို့မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Source: NVIDIA |
RTX Video HDR ဟာ driver အဆင့် feature တစ်ခုဖြစ်ပြီး မနှစ်ကထွက်ရှိခဲ့တဲ့ RTX Video Super Resolution နဲ့တွဲဖက်အသုံးပြုနိုင်တာမို့ သင့်အနေနဲ့ ပိုမိုကြည်လင်တောက်ပတဲ့ Live Stream တွေကို latency မရှိပဲ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ RTX Video HDR ဟာ RTX GPU အားလုံးမှာ အလုပ်လုပ်မှာဖြစ်ပါတယ်။
Source: NVIDIA
#EnThueTech
#News
#AI
#Software
0 Comments