Image: AMD |
AMD Fluid Motion Frames (AFMF) ဟာ ယနေ့ဖြန့်ချီလိုက်တဲ့ Radeon Adrenaline Driver 24.1.1 မှာပါဝင်လာပြီလို့သိရပါတယ်။ AFMF ဟာ FSR 3 မှာအသုံးပြုတဲ့ frame generation နည်းပညာရဲ့ driver အဆင့်ဗားရှင်းဖြစ်ပြီး DX11 နဲ့ DX12 တွေမှာ အသုံးပြုနိုင်ပါတယ်။ AFMF ဟာ 1080p မှာ ၉၇%နဲ့ 1440pမှာ ၁၀၃%အထိ စွမ်းဆောင်ရည်တိုးတက်စေမယ်လို့ AMD ကဆိုထားပြီး ဂိမ်းအလိုက်ကွဲပြားမှုရှိမယ်လို့ဆိုပါတယ်။
Image: AMD |
FSR 3 ကိုပြီးခဲ့တဲ့စက်တင်ဘာလမှာကြေညာခဲ့ပေမယ့်လည်း တစ်ကယ်တမ်းစိတ်ဝင်စားစရာက driver အဆင့် AFMF ကိုဘယ်တော့ဖြန့်ချီမှာလည်းဆိုတာကိုပါ။ AFMF ကို အောက်တိုဘာလမှာ RX 6000 နဲ့ 7000 series graphics cards တွေအတွက် preview driver ထုတ်ပေးခဲ့ပြီး Radeon 700M series integrated graphics တွေအတွက် preview driver အသစ်အနေနဲ့ ဒီလအစောပိုင်းမှာထုတ်ပေးခဲ့တာဖြစ်ပါတယ်။ ဒီနေ့ထွက်ရှိလာတဲ့ Radeon Adrenaline Driver 24.1.1 ဟာ WHQL (Windows Hardware Quality Labs) ကနေအတည်ပြုထားတာမို့ beta အခြေအနေကနေကင်းလွတ်သွားပြီလို့ဆိုနိုင်ပါတယ်။
Image: AMD |
AFMF ဟာ အခြေခံအားဖြင့် FSR 3 frame generation မှာ upscaling နည်းပညာထည့်သွင်းထားခြင်းမရှိတာလို့ဆိုနိုင်ပါတယ်။ သင့်အနေနဲ့ FSR 2 နဲ့ FSR 3 တုန်းကလို framerate ၂ဆတိုးလာမယ်လို့မျှော်လင့်နိုင်ပါတယ်။ driver release note ထဲမှာတော့ ထပ်မံပေါင်းထည့်ပေးတဲ့ frame တွေရဲ့ရုပ်ထွက်ဟာ မူလ frame ထက်လျော့နည်းမယ်လို့ဆိုပါတယ်။ AMD အနေနဲ့ AFMF ကိုအသုံးပြုတဲ့အခါ FreeSync လို variable refresh rate နည်းပညာတစ်ခုခုကိုအသုံးပြုဖို့ ထပ်မံအကြံပြုထားပါတယ်။
Image: AMD |
AFMF ဟာ အခြား frame generation နည်းပညာ တွေလိုမျိုး latency တက်လာမှာမို့ အသုံးပြုသူတွေအနေနဲ့ Radeon Anti-Lag သို့မဟုတ် Anti-Lag+ ကိုအသုံးပြုဖို့ အကြံပြုထားပြီး frame rate ကို 60 FPS အထက်ရှိမှ သင့်တင့်တဲ့ latency ရရှိမယ်လို့ဆိုပါတယ်။ AFMF အလုပ်လုပ်ဖို့ ဂိမ်းတွေကို Fullscreen မှာကစားဖို့လည်းလိုအပ်ပါတယ်။
Image: AMD |
ကောင်းတဲ့အချက်က AFMF ဟာ DX11 နဲ့ DX12 ဂိမ်းတွေအားလုံးမှာအလုပ်လုပ်ဖြစ်ပြီး အချို့နေရာတွေမှာ bug တွေရှိနိုင်ပါတယ်။ ဒါဟာ RTX 40 Series GPU တွေမှာသာရတဲ့ DLSS 3 နဲ့ သိသိသာသာကွဲပြားနေပြီး DLSS 3 မှာဂိမ်းတစ်ခုခြင်းအလိုက်အထောက်အပံ့လည်းလိုအပ်တာဖြစ်ပါတယ်။ FSR တုန်းက AMD သာမက Nvidia နဲ့ Intel GPU တွေမှာပါ အလုပ်လုပ်တာမို့ compatibility ပိုင်းအရမ်းကောင်းခဲ့ပေမယ့် AFMF မှာတော့ AMD GPU မျိုးဆက်၃ခုလောက်သာအသုံးပြုနိုင်မှာဖြစ်ပါတယ်။
AFMF ဟာ 1080p မှာ ၉၇%နဲ့ 1440pမှာ ၁၀၃%အထိ စွမ်းဆောင်ရည်တိုးတက်စေမယ်လို့ဆိုထားခြင်းက စွမ်းဆောင်ရည်ပိုင်းမှာ FSR 3 နဲ့ DLSS 3 ကိုလိုက်မှီတယ်လို့ဆိုနိုင်ပါတယ်။ သေချာတစ်ခုက ဒီကိန်းဂဏန်းတွေက အမြင့်ဆုံးရတဲ့အနေအထားဖြစ်ပြီး ဂိမ်းတစ်ခုခြင်းစီနဲ့ graphics setting အပေါ်မူတည်ပြီးကွဲပြားနိုင်ချေရှိပါတယ်။
Source: Tom's Hardware
#EnThueTech
#News
#GPU
#Software
0 Comments