Subscribe Us

header ads

ဒေါ်လာ ၁၂သန်းတန်ချစ်ပ်များ တောင်ကိုးရီးယားကုမ္ပဏီမှတဆင့် တရုတ်နိုင်ငံသို့မှောင်ခိုတင်သွင်းမှုကို ဖမ်းဆီးရမိ

တောင်ကိုးရီးယားအကောက်ခွန်ရုံးဟာ ချစ်ပ်မှောင်ခိုစစ်ဆင်ရေးတစ်ခုဆောင်ရွက်ခဲ့ပြီး ဒေါ်လာ၁၁သန်းတစ်ကြေးရှိတဲ့ ချစ်ပ်ပေါင်း ၅၃၀၀၀ကို ဖမ်းဆီးရမိခဲ့ကာ အကြီးမားဆုံးဖမ်းဆီးရမိမှုဖြစ်ကြောင်း BusinessKorea ကဆိုပါတယ်။ ၎င်းတို့အနေနဲ့ အ‌မေရိကန်နည်းပညာနဲ့ဖန်တီးထားပြီး မဟာဗျူဟာအရအရေးပါတဲ့ အဆိုပါချစ်ပ်တွေကို ကိုးရီးယားမှတဆင့်တရုတ်နိုင်ငံကိုတင်ပို့တဲ့လမ်းကြောင်းကိုခြေရာခံခဲ့မိတာပါ။ ဒီမှောင်ခိုလမ်းကြောင်းဟာ အလွန်ကြီးမားလှပြီး တစ်ဦးခြင်းစီထက် Company A အဖြစ်သာသိရှိထားတာဖြစ်ပါတယ်။ အဆိုပါကုမ္ပဏီရဲ့အမှုဆောင်တွေအားလုံးကို ရာဇဝတ်မှုနဲ့ဆွဲချက်တင်ဖို့ အစိုးရဖက်ကကြိုးပမ်းနေခဲ့တာ ၃နှစ်ကျော်ပြီလို့ဆိုပါတယ်။

၂၀၂၀ခုနှစ် ဩဂုတ်လ ကနေ ၂၀၂၃ခုနှစ် ဩဂုတ်လအထိ Company A ဟာ တောင်ကိုရီးယားကနေ အမေရိကန်လုပ်ချပ်စ်တွေကို‌ တရားဝင်ဝယ်ယူခဲ့ပါတယ်။ အချို့ချစ်ပ်တွေကို လေကြောင်းကနေတရုတ်နိုင်ငံကို ခရီးစဉ် ၁၄၄ခုနဲ့ မှောင်ခိုသယ်ယူခဲ့ပါတယ်။ မှောင်ခိုလုပ်ငန်းအသေးစားတွေက CPU နဲ့ GPU တွေကိုတရုတ်နိုင်ငံထဲမှောင်ခိုသွင်းဖူးတာရှိခဲ့ပေမယ့် ဒီစစ်‌ဆင်ရေးမှာပါဝင်တဲ့ချစ်ပ်တွေက analog signal တွေကို digital အဖြစ်ပြောင်းလဲနိုင်တဲ့ ချစ်ပ်တွေလည်းပါဝင်နေတာပါ။ အဆိုပါချစ်ပ်တွေဟာ အဖျက်စွမ်းအားပြင်းလက်နက်တွေမှာ အသုံးချနိုင်တယ်လို့ယူဆတာမို့ ၂၀၂၀ခုနှစ်ကတည်းက ကန့်သတ်ကုန်အဖြစ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

Company A အနေနဲ့ ချစ်ပ်တွေဝယ်ယူရာမှာ နောက်ယောင်ခံရနိုင်တဲ့ စာရွက်စာတမ်းတွေကျန်ခဲ့ပါတယ် ဒါပေမယ့် ကုမ္ပဏီဟာ ဒီကိစ္စကိုသူတို့ရဲ့တရားဝင်စီးပွားရေးနဲ့ ဖုံးကွယ်ထားပါတယ်။ Company A ဟာ တရားဝင်ဖြန့်ချီသူတွေထံက သူတို့အမှန်တကယ်လိုအပ်တာထက်အမြောက်အမြားမှာယူခဲ့တာဖြစ်ပါတယ်။ အကယ်၍ ဝယ်ယူသမျှကို တရုတ်နိုင်ငံထဲမှောင်ခိုတင်သွင်းမယ်ဆိုရင် စောစောစီးစီးခြေခံမိသွားမှာဖြစ်ပါတယ်။

ဒီမှောင်ခိုလုပ်ငန်းဟာ ဖမ်းမိသမျှ တန်ဖိုးအများဆုံးဖြစ်သလို အရေအတွက်အများဆုံးဖြစ်ပါတယ်။ ယခင်စံချိန်တင်ထားတာက ဒေါ်လာ၄သန်းတန်တဲ့ CPU၊ SSD နဲ့ အခြားလျှပ်စစ်ပစ္စည်းတွေကိုဟောင်ကောင်ကနေ တရုတ်နိုင်ငံကို မှောင်တင်သွင်းမှုပဲဖြစ်ပါတယ်။ အဲတုန်းက မှောင်ခိုတင်သွင်းသူဟာ သူရဲ့ကုန်တွေကိုအကောက်ခွန်အရာရှိတွေထံမှာ မှားယွင်းကြေညာခဲ့ပြီး အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

နိုင်ငံအများစုနဲ့ တောင်ကိုရီးယားမှာဖြစ်ပွားခဲ့တဲ့ မှောင်ခိုအမှုတို့ကွဲပြားချက်က ကုန်တွေအားလုံးကိုမှောင်ခိုတင်သွင်းပြီးလအတန်ကြာတဲ့အထိ မဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ Company A ရဲ့ အမှုဆောင်တွေဟာ ဆိုးရွားတဲ့ အကျိုးဆက်ကိုရင်ဆိုင်ရဖွယ်ရှိနေပေမယ့် ဒီချစ်ပ်တွေကိုဘာအတွက်အသုံးချမလဲဆိုတာမသိသေးပဲ အမေရိကန်အ‌စိုးရထိပ်လန့်နေတဲ့ အဖျက်စွမ်းအားပြင်းလက်နက်တွေမှာအသုံးပြုတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

Source: Tom's Hardware

#EnThueTech
#News



Post a Comment

0 Comments