Frore Systems |
CES 2024 ပွဲမှာ ကမ္ဘာ့ပထမဆုံး solid-state active cooling chip ဖြစ်တဲ့ AirJet Mini ကိုဖန်တီးသူ Frore Systems ကနေ ပိုမိုပါးလွှာပေါ့ပါးပြီးအဆင့်မြင့်တဲ့ AirJet Mini Slim ကိုကြေညာလိုက်ပါတယ်။
မူလ AirJet Mini ဟာ COMPUTEX 2023 Golden Award နဲ့ CES 2024 Best of Innovation Award အပါအဝင် အသိပြုမှုအများအပြားကိုရရှိထားတာမို့ Frore Systems ဟာ ဆက်လက်တိုးတက်အောင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ AirJet Mini Slim ဟာ ယခင်လို အံ့ဩလောက်စရာ solid-state active cooling ဒီဇိုင်းကိုဆက်လက်အသုံးပြုထားသလို ပိုမိုသေးငယ်ပေါ့ပါးပြီး feature အသစ် ၃ခုလည်းပါဝင်လာပါတယ်။ပိုမိုသေးငယ်တဲ့ဒီဇိုင်း
မူလကတည်းက 2.5mm အထူနဲ့ 8g သာရှိနေခဲ့ပေမယ့် AirJet Mini Slim မှာ ယခင်အတိုင်းအပူကိုစွန့်ထုတ်နိုင်စွမ်းရှိနေသလို 0.3mm ပိုမိုပါးလွှာပြီး အလေးချိန် 1g ပိုမိုလျော့နည်းသွားပါတယ်။ ဒါကြောင့် ပါးလွှာပြီးစွမ်းဆောင်ရည်ပိုကောင်းတဲ့ ပစ္စည်းတွေကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။ AirJet Mini Slim ဟာ အလွန်ပါးလွှာတဲ့ fanless laptop၊ tablet တွေ၊ လက်ကိုင်ဂိမ်းစက်တွေ၊ SSD ဆက်စပ်ပစ္စည်းနဲ့ စမတ်ဖုန်းတွေအတွက် အရေးပါတဲ့ အအေးပေးစနစ်အနေနဲ့အသုံးချနိုင်ပါတယ်။အလိုအလျောက်သန့်ရှင်းရေးပြုလုပ်ခြင်း
ဖုန်တွေစုပုံလာခြင်းဟာ အီလက်ထရောနစ်ပစ္စည်းတွေမှာ စက်လည်ပတ်မှုကိုထိခိုက်စေသလို စွမ်းဆောင်ရည်ကိုလည်းကျဆင်းစေပါတယ်။ AirJet Mini Slim လေဝင်လေထွက်ကို အလိုအလျောက်ပြောင်းပြန်ဖြစ်စေပြီး AirJet ရဲ့လေစစ်စကာတွေမှာ စုပုံလာတဲ့ ဖုန်မှုန့်တွေကိုရှင်းပေးနိုင်ပါတယ်။ ဒါဟာ AirJet ရဲ့စွမ်းဆောင်ကိုအမြင့်ဆုံးမှာရှိစေပြီး တပ်ဆင်ထားတဲ့စက်ပစ္စည်းရဲ့မြင့်မားတဲ့စွမ်းဆောင်ရည်ကို ထိန်းသိမ်းထားမှာဖြစ်ပါတယ်။ အလိုအလျောက်သန့်ရှင်းရေးပြုလုပ်ခြင်းဟာ AirJet Mini မှာလည်းရရှိမှာဖြစ်ပါတယ်။အပူချိန်ကို အလိုအလျောက်အာရုံခံနိုင်စွမ်း
AirJet Mini Slim မှာ Thermoception လို့ခေါ်တဲ့ ၎င်းရဲ့အပူချိန်ကို အလိုအလျောက်အာရုံခံနိုင်စွမ်းလည်းပါဝင်မှာဖြစ်ပါတယ်။ အဆိုပါဆန်းသစ်တီထွင်မှုကြောင့် တပ်ဆင်ထားတဲ့စက်ပစ္စည်းပေါ်က အပူချိန်အာရုံခံဆင်ဆာတွေအပေါ်အားကိုးနေစရာမလိုပဲ သူ့ရဲ့စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်အောင်ရွက်မှာမို့ integrated CPU နဲ့ အပူချိန်အာရုံခံအစိတ်အပိုင်းတွေမရှိတဲ့စက်တွေအတွက် အလားအလာအသစ်များကို ဖွင့်လှစ်နိုင်စေမှာပါ။Frore Systems |
Frore Systems ရဲ့ တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဒေါက်တာ Seshu Madhavapeddy က "AirJet Mini Slim မှာ ချစ်ပ်ရဲ့အထူကို 0.3 မီလီမီတာ လျှော့ချနိုင်ခြင်းဟာ ပိုမိုပါးလွှာသောစက်ပစ္စည်းများတွင် ပိုမိုကောင်းမွန်တဲ့ အပူစီမံခန့်ခွဲမှုလိုအပ်သော ထုတ်ကုန်တွေအတွက် ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ AirJet Mini Slim ဟာ ပန်ကာမပါတဲ့လက်ပ်တော့တွေ၊ တက်ဘလက်တွေနဲ့ စမတ်ဖုန်းတွေလို အလွန်ပါးလွှာတဲ့အီလက်ထရွန်နစ်ပစ္စည်းတွေအတွက် လိုအပ်တဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ပေးမည်ဖြစ်ပါတယ်။"
Frore Systems အနေနဲ့ AirJet ကို ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလမှာ စတင်ဖြန့်ချီခဲ့ပြီး သေးငယ်ပြီး ထိရောက်မှုရှိတဲ့ အအေးပေးချစ်ပ်တွေအဖြစ် မကြုံစဖူးလိုအပ်ချက်ကို မြင်တွေ့ခဲ့ရပါတယ်။ နောက်ဆုံးထုတ်ကုန်ဖြစ်တဲ့ AirJet Mini Slim ဟာ 2.5 mm အထူ၊ အလေးချိန် 8g သာရှိပြီး မူလ AirJet Mini ထက် 0.3 mm ပိုပါးပြီး 1g ပိုမိုပေါ့ပါးကာ နဂို AirJet ခြေရာကိုထိန်းသိမ်းထားပါတယ်။ Frore System ထုတ်ကုန်တွေလိုပဲ AirJet Mini Slim မှာ AirJet ချစ်ပ်များကို ပေါင်းထည့်ရုံနဲ့ အပူဖယ်ရှားခြင်းကိုထပ်ဆောင်း ရရှိနိုင်ပါတယ်။ ချစ်ပ်တစ်ခုစီမှာ အပူ 5W ကိုဖယ်ရှားနိုင်ပြီး ချစ်ပ်များစွာကို လွယ်ကူစွာပေါင်းစည်းနိုင်တာကြောင့် ချစ်ပ်နှစ်ခုကို 10W၊ ချစ်ပ်သုံးခုကို 15W စသည်ဖြင့် ဖယ်ရှားနိုင်ပါတယ်။
Source: Techpowerup
#EnThueTech
#News
0 Comments