တိုင်ပေ၊ ထိုင်ဝမ် - AI နည်းပညာခေတ်ဟာ မုန်တိုင်းတစ်ခုလို ကမ္ဘာကြီးကိုရိုက်ခတ်လာခြင်းနဲ့အတူ ကမ္ဘာ့ထိပ်တန်း ပရီမီယံလက်ပ်တော့အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ MSI ဟာ ဇိမ်ခံအလှတရားများ၊ လွန်ကဲသောစွမ်းဆောင်ရည်၊ ဆန်းသစ်သောနည်းပညာတွေနဲ့ဖန်တီးလာပါတယ်။ MSI ဟာ CES 2024 မှာ NPU(Neural Processing Unit) ထည့်သွင်းထားတဲ့ Intel® Core™ Ultra processor အသုံးပြုထားတဲ့ AI-powered laptop တွေကိုကြေညာခဲ့ပါတယ်။ ဒါ့အပြင် ပိုမိုနှစ်မျောနိုင်မယ့်ဂိမ်းကစားခြင်းအတွေ့အကြုံနဲ့ ချောမွေ့တဲ့ဖန်တီးမှုတွေအတွက် Intel ရဲ့ 14th Gen HX-series processor နဲ့ RTX 40 series graphic တွေတပ်ဆင်ထားပြီး အကြီးမားဆုံး vapor chamber thermal module တွေပါဝင်တဲ့ gaming နဲ့ creator laptop တွေအသစ်တွေကိုလည်းမိတ်ဆက်ခဲ့ပါတယ်။
AI Workload များအတွက် Intel® Core™Ultra
Intel ရဲ့ Core™ Ultra processors အသစ်တွေအသုံးပြုထားတဲ့ MSI Laptop အသစ်တွေဟာ AI Workload တွေအတွက်ဒီဇိုင်းပြုထားပါတယ်။ အဆိုပါ processor တွေမှာ AI အလုပ်တွေအတွက် အထူးပြုဖန်တီးထားတဲ့ Neural Processing Unit (NPU) တစ်ခုသီးသန့်ပါဝင်ပြီး Intel 4 process node အသစ်နဲ့တည်ဆောက်ထားတာဖြစ်ပါတယ်။ Core™ Ultra တွေရဲ့ Low Power Efficient (LPE) cores တွေဟာ ပုံမှန်အလုပ်တွေအတွက်ပါဝါစားသုံးမှုအနည်းဆုံးဖြစ်အောင်ဖန်တီးထားတာမို့ ဘက်ထရီသက်တမ်းပိုကောင်းစေမှာဖြစ်ပါတယ်။ နောက်ထပ် Core™ Ultra တွေမှာ ARC™ graphics ပါဝင်လို့ယခင်မျိုးဆက်တွေထက် graphic စွမ်းဆောင်ရည် ၂ဆပိုမိုရရှိမှာမို့ ရုံးသုံးအက်ပလီကေးရှင်းနဲ့ ဗီဒီယိုကြည့်ရှုနိုင်ရုံသာမက ပေါ့ပေါ့ပါးပါး content creation တွေဖန်တီးနိုင်သလိုနဲ့ ဂိမ်းတွေကိုလည်းဆော့နိုင်လာမှာဖြစ်ပါတယ်။သွက်လက်သည့် AI Workload များအတွက်ဖန်တီးထားသည့် Intel® Core™i9 Processor (14th gen HX-series)
MSI ဟာ 14th gen Intel® Core™ HX-series processors တွေတပ်ဆင်ထားတဲ့ စွမ်းဆောင်ရည်မြင့် laptop စီးရီးအသစ်တွေကိုပြသခဲ့ပြီး လက်ရှိမှာ အမြန်ဆုံး mobile processor တွေဖြစ်သလို AI workload သွက်သွက်လက်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒီ processor တွေဟာ 5.8 GHz clock speed အထိရနိုင်တာမို့ mobile processors တွေထဲမှာအမြင့်မားဆုံးဖြစ်ပါတယ်။ နောက်ထပ် ဂိမ်းကစားတဲ့အချိန်မှာ thread optimization လုပ်ပေးဖို့ Intel® Application Optimizer ကိုလည်းထည့်သွင်းပေးထားတာကြောင့် ဂိမ်းကစားခြင်းနဲ့ လိုအပ်ချက်များပြားတဲ့ content creation အလုပ်တွေမှာ မယှဥ်နိုင်တဲ့ စွမ်းဆောင်ရည်ကိုပေးစွမ်းနိုင်ပါတယ်။စွမ်းဆောင်ရည်လိုအပ်ချက်မြင့်မားသည့် AI အတွက်တည်ဆောက်ထားသည့် NVIDIA® GeForce RTX™ GPU
MSI Laptop တွေမှာထည့်သွင်းထားတဲ့ NVIDIA® GeForce RTX GPU တွေဟာ AIခေတ်အတွက် ဖန်တီးထားတာဖြစ်ပါတယ်။ NVIDIA ရဲ့ Ada Lovelace architecture ကိုအသုံးပြုထားတဲ့ RTX GPU တွေဟာ DLSS 3 နဲ့ full ray tracing စွမ်းဆောင်ရည်ကိုရရှိမှာဖြစ်ပါတယ်။ အထူးဖန်တီးထားတဲ့ AI Tensor Cores တွေကြောင့် ဂိမ်းကစားတာ၊ အကြောင်းအရာဖန်တီးတာ၊ နေ့စဥ်လုပ်ငန်းတွေနဲ့အခြားအရာတွေမှာ ထိပ်တန်း AI စွမ်းဆောင်ရည်ကိုရရှိမှာဖြစ်ပါတယ်။ RTX ကြောင့် ယနေ့နဲ့အနာဂတ်အတွက် Windows PC တွေမှာ AI စွမ်းပကားကိုအပြည့်အဝအသုံးပြုနိုင်စေမှာပါ။AI Engine၊ AI Artist နှင့် AI Noise Cancellation Pro ပါဝင်သည့် MSI AI Software Suite
MSI အနေနဲ့ AI ခေတ်အတွက် AI-ready hardware တွေသာမက AI နဲ့မောင်းနှင်ထားတဲ့ သီးသန့် AI Software ကိုလည်းမိတ်ဆက်လိုက်ပါတယ်။ AI Engine က အသုံးပြုမှုအပေါ်မူတည်ပြီး display၊ audio၊ power profiles တွေနဲ့ keyboard backlight ကိုအလိုအလျောက် optimize ပြုလုပ်ပေးမှာဖြစ်ပြီး နှစ်မျောစရာဖျော်ဖြေရေးနဲ့ ထိရောက်တဲ့ အကြောင်းအရာဖန်တီးမှုတွေပြုလုပ်စေနိုင်မှာပါ။နောက်ထပ် AI Noise Cancelation Pro ကတော့ အဆင့်မြင့်မိုက်ခရိုဖုန်းကို AI-powered noise cancelation software ပေါင်းစပ်ပြီး အစည်းအဝေးတွေ (သို့မဟုတ်) ပရိုဖက်ရျင်နယ်အသံသွင်းခြင်းတွေမှာ စတူဒီယိုအဆင့်အသံကိုဖမ်းယူပေးနိုင်တာပဲဖြစ်ပါတယ်။
၁၈လက်မအရွယ် Titan 18 HX/ Raider 18 HX / Stealth 18 AI Studio Gaming Laptop များ
Titan 18 HX နဲ့ Raider 18 HX တို့ကို Intel 14th Gen Core i9 processor နဲ့ Nvidia GeForce RTX 40 Series GPU တွေတပ်ဆင်ထားမှာဖြစ်ပြီး Stealth 18 AI Studio မှာတော့ နောက်ဆုံးပေါ် Core Ultra processors တပ်ဆင်ထားမှာဖြစ်ပါတယ်။ ဒါတင်မက Titan 18 HX မှာ ဈေးကွက်ထဲက အကြီးမားဆုံး vapor chamber thermal module တပ်ဆင်ထားပြီး MSI Overboost Ultra နဲ့ total power 270W အထိအထောက်အပံ့ပေးမှာဖြစ်သလို Raider 18 HX ကတော့ 250W အထိအထောက်အပံ့ပေးမှာပါ။Raider မှာတော့ သူ့ရဲ့ အိုင်ကွန်လို့ဆိုရမယ့် matrix light bar နဲ့ airflow ပိုကောင်းအောင် 3D stand အသစ်တစ်ခုပါလာပါတယ်။ Titan 18 HX နဲ့ Stealth 18 AI Studio တွေရဲ့ကိုယ်ထည်ကို မဂ္ဂနီဆီယမ်-အလူမီနီယံသတ္တုစပ်နဲ့ဖန်တီးထားကြောင့် တောင့်တင်းပြီးပါးလွှာမှုရှိစေမှာပမို့ Stealth 18 AI Studio ဟာဆိုရင် ဈေးကွက်ထဲမှာ အပေါ့ပါးဆုံး ၁၈လက်မ laptop အဖြစ်ရှိမှာဖြစ်ပါတယ်။
Vector HX/ Crosshair HX/ Pulse AI
Vector HX/ Crosshair HX/ Pulse AI တို့ဟာ ဂိမ်းမာ တွေဂိမ်းကောင်းစွာကစားနိုင်ဖို့ GPU စွမ်းအားကိုအပြည့်သုံးနိုင်ဖို့ဖန်တီးထားတာဖြစ်ပါတယ်။ Vector 17 HX ဟာ MSI Overboost နည်းပညာနဲ့ 250W အထိအသုံးပြုနိုင်မှာဖြစ်ပါတယ်။ MSI ရဲ့ Crosshair HX နဲ့ Pulse AI laptop တွေကတော့ exhaust ၆ခုနဲ့ intake ၂ခုပါဝင်လို့ airflow ကောင်းမွန်ပြီး အမြင့်ဆုံးစွမ်းဆောင်ရည်ကိုရရှိစေမှာဖြစ်ပါတယ်။Mainstream ဂိမ်းမာများအတွက် Sword HX/ Cyborg/ Thin 15
MSI အနေနဲ့ သူတို့ရဲ့ mainstream ဂိမ်းမာတွေအတွက် gaming laptop lineup ကိုထပ်မံချဲ့ထွင်ထားပါတယ်။ Sword 16/17 HX ဟာ ဆိုရင် PCR material ကို space grey အရောင် နဲ့ဖန်တီးထားပြီး 24-zone RGB keyboard ပါဝင်ပါတယ်။ Cyborg 15 AI ကတော့ နောက်ဆုံးပေါ် Core Ultra processors တပ်ဆင်ထားပြီး အနာဂတ်ဆန်ပြီးဖောက်ထွင်းမြင်ရတဲ့ရုပ်သွင်ရှိမှာဖြစ်ပါတယ်။ Thin 15 ကတော့ cosmos grey အရောင်နဲ့ ပါးလွှာတဲ့ပုံစံရှိပြီး အပြာရောင် backlit keyboard မှာ ဖောက်ထွင်းမြင်ရတဲ့WASD ကီးနဲ့ဖြစ်ပါတယ်။ MSI အနေနဲ့ ၁၄လက်မကိုမှနှစ်သက်သူတွေအတွက် Cyborg 14 ကိုလည်းရွေးချယ်ခွင့်ပေးထားပါတယ်။Thin and Powerful Productivity အတွက် Prestige 16 AI/ Prestige 14 AI/ Prestige 13 AI
Prestige AI Series မှာ Intel ရဲ့နောက်ဆုံးပေါ် Core Ultra processors တပ်ဆင်ထားပြီး အလွန်ပေါ့ပါးတဲ့ Prestige 16 AI က ဒီ lineup ဦးဆောင်ထားပြီး 1.5kg သာအလေးချိန်ရှိပါတယ်။ ကိုယ်ထည်ကို မဂ္ဂနီဆီယမ်-အလူမီနီယံသတ္တုစပ်နဲ့ဖန်တီးထားပြီး ကြီးမားတဲ့ 99.9WHr ဘက်ထရီကြောင့် ၁၉နာရီလောက်အသုံးခံဖြစ်ပါတယ်။ Prestige 14 AI ကတော့ ၁၄လက်မကိုယ်ထည်ထဲမှာအကြီးမားဆုံးဖြစ်တဲ့ 90WHr ဘက်ထရီတပ်ဆင်ထားပါတယ်။ မော်ဒယ်၂မျိုးလုံးမှာ ၁၆လက်မနဲ့ ၁၄လက်မမော်ဒယ်တွေရှိပြီး PD 3.1 140W Charging ကိုအထောက်အပံ့ပေးပါတယ်။Content Creator များအတွက် Content Creation Series
MSI ဟာ သူတို့ရဲ့ content creation ထုတ်ကုန်တွေကိုလည်း Creator Z17 HX Studio၊ Creator 16 AI Studio၊ Creator M14 နဲ့ Creator M16 HX တို့နဲ့ တစ်ဖန်ပြန်လည်ဆန်းသစ်ထားပါတယ်။ Creator Z17 HX Studio မှာ vapor chamber thermal ဒီဇိုင်းနဲ့ content creation laptop တွေမှာ စွမ်းအားအကောင်းဆုံးဖြစ်ပါတယ်။ Creator M16 AI Studio မှာလည်း 16:10 OLED display တပ်ဆင်ထားပြီး တိကျတဲ့အရောင်တွေကိုထုတ်ပေးမှာဖြစ်ပါတယ်။ 2kg အောက်သာအလေးချိန်ရှိတာမို့ Creator 16 ဟာ laptop ကို မကြာခဏသယ်ဆောင်နေရတဲ့ Creator တွေအတွက်ကောင်းမွန်တဲ့ဖြေရှင်းမှုတစ်ခုဖြစ်စေမှာပါ။ MSI အနေနဲ့ content creation သမားတွေ များများပြားပြားရွေးချယ်နိုင်ဖို့အတွက် Creator M14 နဲ့ Creator M16 HX ကိုလည်းမိတ်ဆက်လိုက်ပါတယ်။ ဒီ laptop တွေဟာ Creator တွေအတွက်ရွေးချယ်စရာ ကျယ်ကျယ်ပြန့်ပြန့်ပေးအပ်ထားတာကြောင့် content creation နယ်ပယ်မှာ လိုချင်ပုံစံနဲ့လိုအပ်ချက်တွေအပေါ်မူတည်ပြီးရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။Source: MSI
#EnThueTech
#News
#CES2024
0 Comments