Subscribe Us

header ads

Intel မှ 14th-Gen Raptor Lake Refresh locked Desktop Processor ၁၈ခုကို ဖြန့်ချီ

Image: Intel

Intel ဟာ Core i3 ကနေ Core i9 အထိပါဝင်ပြီး processor base power (PBP – TDP) 65W မှ 35W ရှိတဲ့ Raptor Lake Refresh ချစ်ပ်အသစ် ၁၈ခုကိုကြေညာခဲ့ပြီး သူတို့ရဲ့ 14th Gen Desktop CPU lineup ကို ထပ်မံဖြည့်စွက်လိုက်ပါတယ်။ အဆိုပါ Raptor Lake အမြင့်ပိုင်း CPU တွေဟာ ယခင်မျိုးဆက်ထက် multi-threaded စွမ်းဆောင်ရည်မှာ ၃၇% အထိပိုမိုကောင်းမွန်တယ်လို့ဆိုပါတယ်။

Image: Intel

Image: Intel

Image: Intel

65Wထဲမှာ အမြင့်ဆုံးက $549 တန် 24-core 32-thread ရှိတဲ့ Core i9-14900 ဖြစ်ပြီး Core i9-14900T ကတော့ပါဝါစားသုံးမှုလျော့ချထားတဲ့ 35W T-Series processor တွေမှာအမြင့်ဆုံးဖြစ်ပါတယ်။ ဒီ lineup တစ်ခုလုံးမှာ အနိမ့်ဆုံးက Intel Processor 300 ဖြစ်ပြီး 2 Cores/4 Threads နဲ့ဖြစ်ပါတယ်။

Image: Intel

ဒီ processor အသစ်တွေဟာ ယခင်ထွက်ရှိထားတဲ့ 14th Gen K-Series တွေလို
‘Intel 7’ process node နဲ့ဖန်တီးထားပြီး Intel ရဲ့ 600 နဲ့ 700-series motherboard တွေမှာတပ်ဆင်အသုံးပြုနိုင်မှာဖြစ်သလို DDR5-5600/DDR4-3200 memory တွေကို 192GB အထိအသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။ ဒါပေမယ့် Core i5-14500 နဲ့အောက်မော်ဒယ်တွေမှာတော့ DDR5-4800 အထိသာအများဆုံးအထောက်အပံ့ပေးမှာဖြစ်ပါတယ်။

Image: Intel

ဒီ CPU တွေဟာ ပါဝါစားသက်သာတဲ့ မော်ဒယ်တွေဖြစ်တာကြောင့် စျေးသက်သာတဲ့ B-series နဲ့ H-series motherboard တွေနဲ့တွဲဖက်နိုင်မှာဖြစ်သလို Intel အနေနဲ့ Core i9 တွေအတွက် Laminar RH1 cooler နဲ့ ကျန်တဲ့ CPU တွေအတွက် Laminar RM1 cooler တွေကိုလည်း တစ်ပါတည်းထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ ယခင်အတိုင်း $25 လောက်သက်သာချင်တယ်ဆိုရင် graphics မပါတဲ့ F-series မော်ဒယ်တွေကိုရွေးချယ်နိုင်ပြီး မော်ဒယ်၄ခုသာရှိပါတယ်။


Core အရေအတွက်အပြောင်းအလဲအနေနဲ့ Core i7-14700 မော်ဒယ်တွေမှာသာရှိခဲ့ပြီး ယခင်မျိုးဆက်ထက် E-Cores ၄ခု ပိုမိုပါဝင်လာတာတွေ့ရပါတယ်။ ဒီ Raptor Lake Refresh CPU တွေဟာ processor base power (PBP – TDP) အရ 65W နဲ့ 35W သာရှိတယ်ဆိုပေမယ့် Max Turbo Power (MTP) ကတော့ဒီထက်အများကြီးပိုမှာဖြစ်ကာ Core i9-14900 မှာ အမြင့်ဆုံး 219W အထိရှိပါတယ်။ ဒီ PBP/MTP တန်ဖိုးတွေဟာ ယခင်မျိုးဆက်နဲ့အတူတူပဲဆိုပေမယ့် Clock Speed အနည်းငယ်တိုးတက်လာမှာဖြစ်ပါတယ်။


Image: Intel


Image: Intel

Intel အနေနဲ့ ယခင်မျိုးဆက် Core i5 နဲ့ Core i3 မော်ဒယ်တွေမှာ Raptor Lake နဲ့ Alder Lake die တွေကိုရောနှောအသုံးပြုခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ Raptor Lake Refresh die တွေကိုသာ သီးသန့်အသုံးပြုခဲ့တာကိုတွေ့ရပါတယ်။ Intel ကထုတ်ပြန်တဲ့ ၎င်းတို့ကိုယ်ပိုင် benchmark တွေအရ အချို့နေရာတွေကလွဲပြီး ယခင်မျိုးဆက်ထက် စွမ်းဆောင်ရည်ကြီးကြီးမားမားကွာခြားမှုမရှိလှတာကိုတွေ့ရှိရပါတယ်။

ဒီ processor တွေကို လက်ရှိမှာ နိုင်ငံတကာစျေးကွက်အတွင်း ရောင်းချနေပြီလို့သိရပါတယ်။

Source: Tom's Hardware

#EnThueTech
#News
#CPU

Post a Comment

0 Comments