Image: Epic Games |
မိတ်ဆွေတို့ရေ အပတ်စဉ်တိုင်းဂိမ်းတွေပေးနေတဲ့ Epic Games ဟာ ခရစ်စမတ်နဲ့နှစ်သစ်ကူးကာလမှာ ဂိမ်းတွေအများကြီးပေးလေ့ရှိပါတယ်။ ယခင်နှစ်တွေကလည်း ဒီလိုကာလမှာ ၂၀၁၉ခုနှစ်တုန်းက ဂိမ်း ၁၂ခု၊ ၂၀၂၀၊ ၂၀၂၁ နဲ့ ၂၀၂၂ခုနှစ်မှာ ဂိမ်း ၁၅ခုစီ အခမဲ့ပေးခဲ့ဖူးပါတယ်။ ဒီနှစ်မှာလည်း ဘာဂိမ်းပေးမလဲဆိုတာ ကြိုတင်မသိရပဲ Mystery Game လို့သာ ဖော်ပြထားတာတွေ့ရပြီး ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁၀ရက်နေ့အထိ စုစုပေါင်းဂိမ်း ၁၇ ခုပေးသွားမယ်လို့ Epic Games ကကြေညာထားပါတယ်။
ဒီနေ့အတွက် အလှည့်ကျတဲ့ နောက်ဆုံး ၁၇ခုမြောက် Mystery Game ကတော့ နာမည်ကျော် Action နဲ့ Adventure ဂိမ်းအမျိုးအစားတစ်ခုဖြစ်တဲ့ Marvel's Guardians of the Galaxy ပဲဖြစ်ပါတယ်။ ဒီဂိမ်းဟာ ပုံမှန်အချိန်မှာ $59.99 တန်ကြေးရှိပြီး ဇန်နဝါရီလ ၁၁ရက်နေ့အထိတစ်ပတ်အတွင်း အခမဲ့ရယူနိုင်ပါတယ်။နောက်အပတ်မှာတော့ Indie၊ Adventure နဲ့ Exploration ဂိမ်းအမျိုးစားဖြစ်တဲ့ Sail Forth ဆိုတဲ့ဂိမ်းတစ်ခုကိုပေးသွားမယ်လို့သိရပါတယ်။
#EnThueTech
#Gaming
0 Comments