တိုင်ပေ၊ ထိုင်ဝမ် - AI နည်းပညာခေတ်ဟာ မုန်တိုင်းတစ်ခုလို ကမ္ဘာကြီးကိုရိုက်ခတ်လာခြင်းနဲ့အတူ ကမ္ဘာ့ထိပ်တန်း ပရီမီယံလက်ပ်တော့အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ MSI ဟာ ဇိမ်ခံအလှတရားများ၊ လွန်ကဲသောစွမ်းဆောင်ရည်၊ ဆန်းသစ်သောနည်းပညာတွေနဲ့ဖန်တီးလာပါတယ်။ MSI ဟာ Core Ultra အသုံးပြုထားတဲ့ ပထမဦးဆုံး Gaming Handheld ဖြစ်တဲ့ Claw ကိုထုတ်ဖော်ပြသခဲ့ပါတယ်။ Claw မှာ Intel ရဲ့ Xe Cores ၈ခုပါဝင်တဲ့ ARC Graphics နဲ့ XeSS နည်းပညာကြောင့် AAA ဂိမ်းအများအပြားကိုချောချောမွေ့မွေ့ကစားနိုင်မှာဖြစ်ပါတယ်။ သူ့ရဲ့ ကောင်းမွန်တဲ့ Hyperflow cooling နည်းပညာနဲ့ ကြီးမားတဲ့ 53Wh ဘက်ထရီအပြင် Thunderbolt 4 ကြောင့် ဂိမ်းမာတွေသဘောကျမယ့် handheld ဂိမ်းစက်တစ်ခုအဖြစ်ဖန်တီးပေးထားပါတယ်။
MSI ရဲ့ Executive Vice President& NB BU GM ဖြစ်သူ Eric Kuo က "မိမိတို့ရဲ့အသုံးပြုသူတွေအတွက် ဂိမ်းကစားခြင်းကိုပိုမိုကောင်းမွန်စေဖို့ လက်ကိုင်ဂိမ်းစက်လောကထဲကိုဝင်ရောက်လာတာဖြစ်ပါတယ်။ မိမိတို့မှာ ဂိမ်းကစားသူတွေအတွက် အံဝင်ဂွင်ကျဖြစ်စေမယ့် ဒီဇိုင်းများစွာရှိပြီး မိမိတို့ရဲ့ပထမဆုံးလက်ကိုင်ဂိမ်းစက်ဖြစ်တဲ့ Claw ကိုပြသရင်း လက်ကိုင်ဂိမ်းစက်တွေရဲ့စံနှုန်းတွေကို ပြန်လည်သက်မှတ်ပေးမှာဖြစ်ကြောင်း"ဆိုပါတယ်။
Intel ရဲ့ Client Computing Group ဌာန Executive Vice President နဲ့ GM ဖြစ်သူ
Michelle Johnston Holthaus က "မိမိတို့အနေနဲ့ MSI နဲ့ဂုဏ်ယူစွာလက်တွဲပြီး ကမ္ဘာတစ်လွှားက အသုံးပြုသူတွေအတွက် မယှဉ်နိုင်တဲ့အတွေ့အကြုံတွေကိုခံစားဖို့ပေးအပ်သွားမှာပါ။ MSI ရဲ့ Claw ဟာ ယှဉ်ပြိုင်ခြင်းငှာမစွမ်းနိုင်တဲ့ဂိမ်းကစားမှုအတွေ့အကြုံပေးအပ်နိုင်မယ့် Intel Core Ultra processors နဲ့မောင်းနှင်ထားတဲ့ စိတ်လှုပ်ရှားစရာလက်ကိုင်ဂိမ်းစက်တစ်ခုဖြစ်ကြောင်း"ဆိုပါတယ်။
Integrated Graphics တစ်ခေတ်ဆန်းစေမည့် ARC Graphics ပါဝင်သည့် Intel Core Ultra
Core Ultra ဟာ silicon architecture အသစ်၊ AI စွမ်းရည် နဲ့ Xe Cores ၈ခုပါတဲ့ ARC Graphics ကြောင့်ထူးခြားလှတဲ့ ချစ်ပ်ဖြစ်ပါတယ်။ ဒီလိုတည်ဆောက်ထားတဲ့အတွက် graphics စွမ်းဆောင်ရည်ဟာ ယခင်မျိုးဆက်တွေထက် ၂ဆပိုကောင်းလာပါတယ်။ XeSS ဆိုတဲ့ super-sampling နည်းပညာနဲ့ ပိုမိုကောင်းမွန်အောင်ဖန်တီးထားလို့ 1080p resolution နဲ့ medium setting မှာချောချောမွေ့မွေ့ကစားနိုင်ပါတယ်။ သူ့ရဲ့ SoC tile မှာ AV1၊ H.265 နဲ့ VP9 အစရှိတဲ့ video code တွေကိုအထောက်အပံ့ပေးမယ့် media engine တစ်ခုလည်းပါဝင်ကာ စွမ်းဆောင်ရည်မထိခိုက်စေပဲ high-quality streaming တွေလုပ်စေနိုင်ပါတယ်။Core Ultra အသုံးပြုထားသည့် ပထမဦးဆုံး Gaming Handheld ဖြစ်သည့် Claw
MSI ရဲ့ Claw ဟာ လက်ကိုင်ဂိမ်းစက်မှာ အောင်မြင်မှုတစ်ခုကို ကိုယ်စားပြုပါတယ်။Intel Core Ultra processors နဲ့ Intel XeSS နည်းပညာကြောင့် FPS ကိုမြှင့်တင်ပေးပြီး AAA ဂိမ်းတွေကို ချောမွေ့အောင်ကစားနိင်စေပါတယ်။ ဒီဂိမ်းစက်မှာ MSI ရဲ့ Cooler Boost Hyperflow နည်းပညာထည့်သွင်းထားပြီး ပန်ကာ၂ခုနဲ့ heat pipe တွေဟာ အပူကိုထိထိရောက်ရောက်စွန့်ထုတ်စေမှာပါ။ အတွင်းဘက် thermal design ကိုတိုးတက်အောင်ဆောင်ရွက်ထားတဲ့အတွက် စက်ထဲကအစိတ်အပိုင်းတွေကိုလေဝင်လေထွက်ကောင်းမွန်စေပြီး ထိပ်တန်းဂိမ်းစွမ်းဆောင်ရည်ကိုပေးနိုင်ပါတယ်။
Claw မှာ ကြီးမားတဲ့ 53Wh ဘက်ထရီထည့်ပေးထားတဲ့အတွက် စွမ်းအားအပြည့်အသုံးပြုတာတောင် ၂နာရီ ဘက်ထရီအသုံးခံပြီး ဂိမ်းအကြာကြီးကစားပါတယ်။ ၎င်းမှာ MSI Center M UI ပါ၀င်ပြီး ဂိမ်းကိုလျှင်လျှင်မြန်မြန်ဖွင့်စေနိုင်တဲ့ game launcher တစ်ခုနဲ့ instant platform access အပါအဝင် အဓိက feature တွေနဲ့ ဆက်တင်တွေကိုလွယ်ကူစွာ ဝင်ရောက်အသုံးပြုနိုင်ပါတယ်။ Claw ဟာ MSI App player ကိုလည်း အထောက်အပံ့ပေးတာကြောင့် Windows နဲ့ Android ဂိမ်းတွေကိုပါကစားနိုင်မှာဖြစ်ပါတယ်။
Claw ကိုသက်တောင့်သက်သာဖြစ်အောင်ဖန်တီးထားတဲ့အတွက် အရွက်အစားမတူတဲ့လက်တွေနဲ့အံဝင်ပြီး ဂိမ်းကစားမှုကိုပိုမိုကောင်းမွန်စေမှာဖြစ်ပါတယ်။ ၇လက်မအရွယ် FullHD touch screen က 120Hz ရတဲ့အတွက် လှပပြီးတုန့်ပြန်မှုကောင်းတဲ့ဂိမ်းကစားမှုကိုပေးစွမ်းစေပါတယ်။
အချုပ်ဆိုရရင် MSI Claw ဟာ ဂိမ်းလောကအတွက် ထူးခြားတဲ့ထုတ်ကုန်တစ်ခုဖြစ်ပြီး သူ့ရဲ့အဆင့်မြင့်တဲ့နည်းပညာ၊ သက်တောင့်သက်သာရှိတဲ့ဒီဇိုင်းနဲ့ စွမ်းအားကောင်းမွန်မှုကြောင့် ယှဉ်ပြိုင်ခြင်းငှာမစွမ်းနိုင်တဲ့ လက်ကိုင်ဂိမ်းစက်တစ်ခုဖြစ်စေပါတယ်။
Model Name: Claw A1M
Processor: Up to Intel® Core™ Ultra 7 processor 155H
Operating System: Windows 11 Home (MSI recommends Windows 11 Pro for business.) Windows 11 Pro
Chipset: Integrated SoC
Memory: LPDDR5 onboard, 16GB, dual channel
Display: 7" FHD (1920 x 1080), 120 Hz Refresh Rate, Touch Screen, 120 Hz
Refresh Rate, 100% sRGB(Typical), 500nits(Typical), IPS-Level panel
Graphics: Intel® Arc Graphics
Storage Slot: 1 x NVMe M.2 2230 SSD by PCIe Gen 4 x4
Sensor: 6-Axis IMU Vibration Motor
Communication: Intel® Killer™ Wi-Fi 7 BE1750, Bluetooth v5.4
Audio: 2 × 2W Speakers / 1× Audio combo jack / Hi-Res Audio ready
I/O Port: 1 x Thunderbolt™ 4 / DP/ USB Type-C (w/ PD 3.0 Charging)
1 x microSD Card Reader
1 x Audio combo jack
1x Power button with Finger Print Sensor
Battery/Adapter: 6-Cell, Li-Polymer, 53Whr / 65W USB Type-C PD 3.0
Dimension: 294 (W) x 117(D) x 21.2(H) mm
Weight: 675 g
Color: Black
Source: MSI
#EnThueTech
#News
#CES2024
0 Comments