Image: Nvidia |
မနေ့က CES 2024 ပွဲမှာ NVIDIA ဟာ ၎င်းတို့ရဲ့ GeForce RTX 40-series "Ada" ကို refresh ပြုလုပ်ထားတဲ့ GeForce RTX 4070 SUPER၊ GeForce RTX 4070 Ti SUPER နဲ့ RTX 4080 SUPER graphics card အသစ်တွေကိုကြေညာလိုက်ပါတယ်။ ဒီကတ်အသစ်တွေထဲက RTX 4080 SUPER နဲ့ RTX 4070 Ti SUPER တို့ဟာ စျေးကွက်ထဲက RTX 4080 နဲ့ RTX 4070 Ti တို့ကို အသီးသီးအစားထိုးသွားမှာဖြစ်ပြီး RTX 4070 SUPER ကတော့ RTX 4070 နဲ့ စျေးအနည်းငယ်ပိုမြင့်ကာ ယှဥ်တွဲတည်ရှိနေမှာဖြစ်ပါတယ်။
Image: Nvidia |
Image: Nvidia |
RTX 4070 SUPER နဲ့ RTX 4070 Ti SUPER တို့ကို 1440p resolution မှာ full ray tracing ဖွင့်ကစားဖို့အကြံပြုထားသလို DLSS 3 အကူအညီနဲ့ AAA ဂိမ်းတွေကို 4K resolution မှာလက်ခံနိုင်လောက်တဲ့ frame rate နဲ့လည်းကစားနိုင်မယ်လို့ဆိုထားပါတယ်။
Image: Nvidia |
NVIDIA အနေနဲ့ RTX 4070 SUPER ကို RTX 4070 ရဲ့ MSRP စျေးအတိုင်း ဇန်နဝါရီလ ၁၇ရက်နေ့မှာ $599 ရောင်းချမယ်လို့ဆိုထားပြီး RTX 4070 တွေရဲ့စျေးကအနည်းငယ်ကျဆင်းဖွယ်ရှိနေပါတယ်။ RTX 4070 Ti SUPER ကတော့ $799 နဲ့ ဇန်နဝါရီလ ၂၄ရက်နေ့မှာစတင်ရောင်းချမယ်လို့ဆိုပါတယ်။ RTX 4080 SUPER ကတော့ မူလ RTX 4080 ရဲ့ MSRP စျေးထက် $200 လျော့နည်းပြီး $999 နဲ့ ဇန်နဝါရီလ ၃၁ရက်နေ့မှာစတင်ရောင်းချမယ်လို့သိရှိရပါတယ်။
Image: Nvidia |
Image: Nvidia |
Image: Nvidia |
Image: Nvidia |
အဆိုပါ graphics card တွေရဲ့ TGP (total graphics power) ပိုင်းအနေနဲ့ RTX 4070 SUPER မှာ 220W ရှိပြီး ယခင်ထက် ၁၀% တိုးတက်လာပါတယ်၊ RTX 4070 Ti SUPER နဲ့ RTX 4080 SUPER ကတော့ မူလ RTX 4070 Ti နဲ့ RTX 4080 အတိုင်း 285W နဲ့ 320W အသီသီးရှိမှာဖြစ်တယ်လို့သိရှိရပါတယ်။
Source: Techpowerup
#EnThueTech
#News
#CES2024
#GraphicsCard #GPU
0 Comments