Image via OC3D |
Valveရဲ့ Steam ပလက်ဖောင်းအသုံးပြုနိုင်ခဲ့တာအခုဆိုရင် အနှစ်၂၀ရှိခဲ့ပါပြီ။ ယနေ့မှာဆိုရင် Steam ဟာ ဂိမ်းမာတွေအလွန်နှစ်သက်တဲ့ ဒီဂျစ်တယ်ဂိမ်းစတိုးအဖြစ်တည်ရှိနေတာလည်းဖြစ်ပါတယ်။
Steam ဟာ လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ ပြိုင်ဘက်တွေနဲ့ရင်ဆိုင်ခဲ့ရပေမယ့် စျေးကွက်ကိုဦးဆောင်ထားနေဆဲဖြစ်ပါတယ်။ AAA ဂိမ်းတစ်ခုကို Steam ပြင်ပမှာမြင်ရတာကအတော်ရှားပါးပြီး ဒါဟာ PC ဂိမ်းမာအများစုအနေနဲ့ Valve ရဲ့ ဂိမ်းပလက်ဖောင်းမှာသာ ငွေကြေးများစွာ သုံးစွဲခဲ့ကြတာလို့ ဆိုလိုနေတာပဲဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်အနည်းငယ်က Valve ဟာ PC ဂိမ်းမာတွေအနေနဲ့ သူတို့ပလက်ဖောင်းမှာ ငွေကြေးဘယ်လောက်အသုံးပြုထားတယ်ဆိုတာသိရှိနိုင်မယ့် tool တစ်ခုကိုဖြန့်ချီခဲ့ပါတယ်။ အဆိုပါ tool ဟာ Steamမှာ တိုက်ရိုက်သုံးစွဲထားသော ငွေများကိုသာ ရေတွက်တာဖြစ်ပြီး ပြင်ပက third party ဂိမ်းကုဒ်တွေကိုထည့်တွက်မှာမဟုတ်ပါဘူး။
သင့်အနေနဲ့ Steam ပေါ်မှာငွေဘယ်လောက်သုံးထားသလဲဆိုတာသိချင်ရင် ဒီလင့်မှာ Steam အကောင့်ကို login ဝင်ပြီးကြည့်နိုင်ပါတယ်။ လင့်က Steam Help ကပဲဖြစ်လို့စိတ်ပူစရာမလိုပါ။
သတိပြုရန် - Steam သုံးထားတဲ့ငွေပမာဏကို အမေရိကန်ဒေါ်လာနဲ့သာပြသမှာဖြစ်ပါတယ်။
Source: OC3D
#EnThueTech
#News
#Gaming

0 Comments