Image: DIY Perk |
PlayStation 5 ဟာ Sony ရဲ့ နောက်ဆုံးပေါ်ဂိမ်းစက်တစ်ခုဖြစ်ပြီး သူ့ရဲ့စွမ်းဆောင်ရည်နဲ့ များပြားလှတဲ့ဂိမ်းကောင်းတွေကြောင့် ဂိမ်းမာတွေသည်းချေကြိုက်ဂိမ်းစက်တစ်ခုဖြစ်ပါတယ်။ အဆိုရင် Sony ဟာ PlayStation 5 ကို ပိုမိုကျစ်လစ်စွာတည်ဆောက်ထားတဲ့ PlayStation 5 Slim ကိုလည်း ထုတ်ပေးထားပြီဖြစ်ပါတယ်။ PlayStation 5 Slim မှာ မားသားဘုတ်အရွယ်အစားပိုမိုသေးငယ်လာတာမို့ နာမည်ကျော် modder တစ်ခုဖြစ်သူ DIY Perk က gaming tablet အဖြစ် အသွင်ပြောင်းဖို့စိတ်ကူးရခဲ့ပါတယ်။
Tablet အဖြစ်ပြောင်းလဲဖို့အတွက် PlayStation 5 Slim ရဲ့ motherboard ကိုသာ အသုံးပြုခဲ့ပြီး cooling စနစ်ကိုလည်း air-cooling ကိုသာအသုံးပြုခဲ့တာပါ။ ဒီလိုအသုံးပြုခဲ့ရာမှာ PlayStation 5 ထူထဲတဲ့ heat sink အစား ပြန်လည်တည်ဆောက်ထားတဲ့ သီးသန့် copper heat sink တွေနဲ့ copper heat pipe တွေကိုအသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် PlayStation 5 processor ရဲ့ thermal interface material က liquid metal ကိုအသုံးပြုထားတာမို့ copper block ကိုမစားသွားအောင် nickel စိမ်ပြီး အသုံးပြုသွားတာတွေ့ရပါတယ်။ fan တွေကိုလည်းစွမ်းဆောင်ရည်ကောင်းတဲ့ gaming laptop က fan တွေအသုံးပြုခဲ့တာတွေ့ရပါတယ်။ Thermal ပိုင်းအနေနဲ့ စွမ်းအားပြည့်အသုံးပြုချိန်မှာ 42°C လောက်သာရှိလို့ Perk ရဲ့ cooling system ဟာ အတော်လေးအလုပ်ဖြစ်တယ်လို့ဆိုနိုင်ပါတယ်။
DIY Perk အနေနဲ့ Tablet အသွင်ပြောင်းဖို့ လိုအပ်တဲ့ screen ကို Alienware laptop က ၁၄လက်မ 4K OLED panel ကိုယူသုံးခဲ့ပြီး ကိုယ်ထည်တွေကို အလူမီနီယံနဲ့ 3D printer အသုံးပြုပြီးပြန်လည်တည်ဆောက်သွားပါတယ်။ Tablet ဆိုပေမေယ့် PlayStation 5 ရဲ့ စွမ်းအင်သုံးစွဲမှုဟာ 200W လောက်ရှိလို့ ဘက်ထရီနဲ့တွဲဖက်ဖို့ရာအဆင်မပြေကြောင်း PlayStation 5 ရဲ့ စွမ်းအင်သုံးစွဲမှု ဆယ်ပုံတစ်ပုံသာရှိတဲ့ Steam Deck တောင် ဘက်ထရီနဲ့ ၂နာရီလောက်သာရကြောင်း Perk က ဆိုပါတယ်။ ဒါ့အပြင် မူလ PlayStation 5 Slim ရဲ့ ထူထဲတဲ့ power supply ကြောင့် tablet ပုံစံဖြစ်အောင် အခြား power supply တစ်ခုကို external အနေနဲ့တပ်သုံးခဲ့ရပြီး ကြိုးတွေကိုလည်း ပြန်လည်ဖန်တီးခဲ့ရတယ်လို့ဆိုပါတယ်။ Tablet ဆိုတဲ့အတိုင်း အသံပိုင်းလိုအပ်ချက်အတွက်လည်း 5W speaker ၂ခုနဲ့ sub-woofer အသေးတစ်ခုကိုလည်းထည့်သွင်းထားပါသေးတယ်။
တည်ဆောက်မှုပြီးစီးချိန်မှာတော့ DIY Perk ရဲ့ PlayStation 5 tablet ဟာ ကျောပိုးအိတ်ထဲယူသွားရလောက်အောင်သေးငယ်သွားတာတွေ့ ရပြီး အထူက ၁လက်မခွဲခန့်သာရှိမယ်ယူဆရပါတယ်။ DIY Perk ရဲ့ PlayStation 5 Tablet ကို အောက်မှာကြည့်ရှုနိုင်ပါတယ်။
Source: DIY Perk YouTube Channel
#EnThueTech
#News
#Mods
0 Comments