Subscribe Us

header ads

ဟောင်ကောင်တွင် လိမ်လည်သူများမှ Deepfake အသုံးပြု၍ ဝန်ထမ်းကို လှည့်ဖျားကာ ဒေါ်လာ ၂၅သန်းခိုးယူခဲ့

Image: Fotografielink | Istock | Getty Images

South China Morning Post အဆိုအရ နိုင်တကာကုမ္ပဏီတစ်ခုရဲ့ ဟောင်ကောင်ဌာနခွဲတစ်ခုက ဝန်ထမ်းတစ်ယောက်ဟာ ကုမ္ပဏီရဲ့ဗီဒီယိုကွန်ဖရင့်ခေါ်ဆိုမှုတစ်ခုမှာ လိမ်လည်လှည့်ဖျားခြင်းခံခဲ့ရတယ်လို့ဆိုပါတယ်။ ဗီဒီယိုကွန်ဖရင့်မှာ အဆိုပါဝန်ထမ်းတစ်ဦးတည်းကသာ အစစ်ဖြစ်ပြီး ကုမ္ပဏီရဲ့ ဘဏ္ဍာရေးအ‌ရာရှိချုပ်အပါအဝင် ကျန်တဲ့ဝန်ထမ်း တွေအားလုံးဟာ ဒစ်ဂျစ်တယ် Deepfake နည်းနဲ့ပြန်လည်ဖန်တီးထားသူတွေသာဖြစ်တယ်လို့ဆိုပါတယ်။

ဗီဒီယိုကွန်ဖရင့်ကညွန်ကြားချက်ထဲကအတိုင်း ဝန်ထမ်းအ‌နေနဲ့အမေရိကန်ဒေါ်လာ ၂၅.၆သန်းနဲ့ ညီမျှတဲ့ ဟောင်ကောင်ဒေါ်လာ သန်း၂၀၀ကို ဟောင်ကောင်ဘဏ်အကောင့်အများအပြားထံ ၁၅ကြိမ်ခန့်လွှဲပေးခဲ့ရပါတယ်။ တစ်ပတ်အကြာမှာ အဆိုပါဝန်ထမ်းအနေနဲ့ ကုမ္ပဏီရုံးချုပ်ကိုဆက်သွယ်ခဲ့ချိန်မှာတော့ လှည့်ဖြားခံလိုက်ရကြောင်းသဘောပေါက်သွားကြပါတယ်။

လူတစ်ယောက်ကို Deepfake အသုံးပြုပြီး ဒီလိုလိမ်လည်နိုင်တယ်ဆိုတာ အတော်ယုံရခက်ပါတယ်။ မူရင်းအဆက်အသွယ်ဖြစ်တဲ့ လှို့ဝှက်ငွေလွှဲပြောင်းဖို့ပြောလာတဲ့ email ကိုတွေ့လိုက်ချိန်မှာ scam လို့ထင်မိခဲ့ပေမယ့် ဗီဒီယိုကွန်းဖရင့်အတွင်းသူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကိုတွေ့ရှိရတဲ့အချိန်မှာတော့ ဒါဟာအစစ်အမှန်ဖြစ်တယ်လို့ယုံကြည်မိစေခဲ့တယ်လို့ ကျုးလွန်ခံခဲ့ရတဲ့သူကဆိုပါတယ်။

ယာယီအကြီးတန်းကြီးကြပ်ရေးမှူး Baron Chan Shun-ching က "သူတို့ဟာ deepfake နဲ့ အသံကိုတုပပြီး ဇာတ်ညွန်းရေးသားတဲ့ဖတ်ရှုတဲ့ပုံစံကိုအသုံးပြုသွားတာဖြစ်ကြောင်း"ဆိုပါတယ်။ deepfake ကိုအသုံးချသွားတဲ့ အလားတူရာဇဝတ်မှုတွေမှာလည်း ကျုးလွန်ခံရသူဟာ လူအတုနဲ့တစ်ယောက်ခြင်းစကားပြောခဲ့ရတာရှိတယ်လို့ သူကထပ်လောင်းပြောကြားခဲ့ပါတယ်။

Chen က ဌာနခွဲရဲ့ ဝန်ထမ်း ၂ဦး သို့မဟုတ် ၃ဦးခန့်ဟာ လိမ်လည်သူတွေရဲ့ တူညီတဲ့ deepfake နည်းပညာသုံးပြီးချဉ်းကပ်မှုကိုခံခဲ့ရပေမယ့် တစ်ဦးတည်းကသာ လိမ်လည်သူတွေရဲ့ ပရိယာယ်အတွင်းကျဆင်းခဲ့ဆိုပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ ဒီအကြောင်းကိုဆက်လက်စုံစမ်းနေပြီး ဖမ်းဆီးရရှိမှုမရှိသေးဘူးလို့သိရပါတယ်။

လွန်ခဲ့တဲ့အပတ်က X(ယခင် Twitter)လူမှုကွန်ယက်မှာထွက်ပေါ်လာတဲ့ အဆိုတော် Taylor Swift ရဲ့ ညစ်ညမ်းပုံအတုကြောင့် deepfake တွေရဲ့ပြဿနာကို ကွန်ဂရက်တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ အိမ်ဖြူတော်ကပြောကြားခဲ့ကြပါသေးတယ်။

ဇွန်လတုန်းက FBI အနေနဲ့ လိင်ပိုင်းဆိုင်ရာစော်ကားသူတွေဟာ လူတွေရဲ့ လူမှုကွန်ယက်ကပုံရိပ်တွေကိုအသုံးချပြီး deepfake တွေဖန်တီးနေကြောင်းသတိပေးခဲ့ပါတယ်။

Source: TechSpot

#EnThueTech
#News
#AI

Post a Comment

0 Comments