Image: Apple |
ယနေ့မနက်အစောပိုင်းက Apple ဟာ သူတို့ရဲ့ နောက်ဆုံးထွက် processor ဖြစ်တဲ့ M4 ကိုကြေညာလိုက်ပါတယ်။ AI စွမ်းဆောင်ရည်ကိုအသားပေးထားတဲ့ ဒီချစ်ပ်အသစ်ဟာ iPad Pro နဲ့ ဦးစွာပွဲထွက်လာမှာဖြစ်ပြီး Apple အနေနဲ့ M Series ချစ်ပ်ကို Mac အစား iPad Pro မှာ ပထမဦးဆုံးပြုလာတာဖြစ်ပါတယ်။
Image: Apple |
M4 ချစ်ပ်ကို ဒုတိယမျိုးဆက် 3nm process နဲ့တည်ဆောက်ထားပြီး CPU Core ၆ခုပါဝင်သလို 10-cores GPU လည်းပါဝင်ပြီး ray tracing နဲ့ hardware-accelerated mesh shading ရတဲ့ ပထမဆုံး iPad ဖြစ်လာပါတယ်။ Apple ဘက်ကတော့ ၎င်းတို့ချစ်ပ် တွေမှာ ကာလရှည်ကြာထည့်သွင်းအသုံးပြုလာခဲ့တဲ့ NPU တွေပါဝင်လာတာကောင်းမွန်ကြောင်းထုတ်ဖော်ပြောဆိုပါတယ်။ M4 ချစ်ပ်ရဲ့ Neural Engine(NPU) ဟာ စွမ်းဆောင်ရည် 38 TOPS အထိအထောက်အပံ့ပေးနိုင်တယ်လို့ဆိုပါတယ်။ အခုနောက်ဆုံးထွက်ရှိလာတဲ့ M4 ချစ်ပ်မှာဆိုရင် ထရန်စ္စတာပေါင်း ၂၈ ဘီလီယံပါဝင်တယ်လို့ဆိုပါတယ်။
Image: Apple |
iPad Pro တွေမှာ M4 ချစ်ပ်ကို ရုတ်တရက်ခုန်ပျံကျော်လွားအသုံးပြုလာရတာက အသစ်ပါဝင်လာမယ့် AI feature တွေကြောင့်ဖြစ်ပြီး ပါဝင်လာမယ့် screen အသစ်မှာလည်း M4 ပေါ်က novel display engine ကိုအသုံးပြုလာမှာဖြစ်ပါတယ်။
Apple ဘက်က M4 ချစ်ပ်ကို thin and light laptop PC ချစ်ပ်တွေနဲ့နှိုင်းယှဉ်ပါက တူညီတဲ့စွမ်းဆောင်ရည်ကို စွမ်းအင်၄ပုံ၁ပုံသာအသုံးပြုပြီးထုတ်ပေးနိုင်ကြောင်း အခိုင်အမာဆိုပါတယ်။ ဒီလိုနှိုင်းယှဥ်စမ်းသပ်ရာမှာ Core Ultra 7 155H နဲ့ 32GB Memory အသုံးပြုထားတဲ့ Asus ZenBook 14 OLED(UX3405MA) ကိုအသုံးပြုခဲ့တယ်လို့ဆိုပါတယ်။
Image: Apple |
M4 ဟာ H.264၊ HEVC နဲ့ ProRes အထောက်အပံ့တို့နဲ့အတူ AV1 hardware acceleration ရတဲ့ ပထမဆုံး iPad အဖြစ်ယူဆောင်လာပါတယ်။ ချစ်အသစ်နဲ့ iPad အသစ်တို့နဲ့အတူ Apple ဟာ Logic Pro နဲ့ Final Cut Pro တို့အတွက် AI feature အသစ်ကိုလည်းထုတ်ဖော်ပြသခဲ့ပါတယ်။
iPad Pro
Apple ရဲ့ အစွမ်းထက်လှတဲ့ M4 ချစ်အသစ်ကို ပထမဆုံးအသုံးပြုလာမှာက screen အရွယ်အစား ၁၁လက်မနဲ့ ၁၃လက်မရှိ iPad Pro တွေဖြစ်ပါတယ်။ M4 ချစ်ပ်ဟာ ယခင် M2 ထက် ၅၀%ပိုမိုမြန်ဆန်သလို တူညီတဲ့စွမ်းဆောင်ရည်ကိုရရှိဖို့ စွမ်းအင်ထက်ဝက်သာအသုံးပြုဖို့လိုအပ်ပါတယ်။ iPad Pro ရဲ့ Apple logo မှာ copper နဲ့ ကိုယ်ထည်ထဲမှာ graphite အချပ်တွေထည့်သွင်းပေးထားတာကြောင့် အပူစွန့်ထုတ်မှု ၂၀ရာခိုင်နှုန်းပိုမိုကောင်းမွန်ပါတယ်။နောက်ထပ်သတင်းကတော့ iPad Pro တွေမှာ Tadem OLED panel တွေအသုံးပြုလာတာပါ။ အဆိုပါ display အသစ်ကို Ultra Retina XDR လို့ခေါ်ဆိုပြီး full screen brightness မှာ 1,000 nits နဲ့ HDR peak brightness မှာ 1,600 nits အထိရရှိနိုင်ပါတယ်။ ဒါတင်မက အဆိုပါ display တွေမှာ nano-texture အလွှာကိုလည်း ထပ်မံအားဖြည့်ထားပါတယ်။
Image: Apple |
၁၃လက်မ iPad Pro ဟာ 5.1mm သာအထူရှိပြီး Apple ရဲ့ အပါးလွှာဆုံးဖြစ်ကာ ၁၃လက်မ iPad Pro ကတော့ 5.3mm အထူရှိပါတယ်။ iPad Airs အသစ်တွေလို 12MP FaceTime HD ကင်မရာဟာလည်း ဘေးဘက်ကိုရောက်ရှိလာမှာဖြစ်ပြီး Magic Keyboard တပ်ဆင်ထားချိန် video conference လုပ်ရာမှာပိုမိုအဆင်ပြေစေမှာပါ။
Image: Apple |
၁၁လက်မမော်ဒယ် iPad Pro အသစ်ဟာ $999 ကျသင့်မှာဖြစ်ပြီး ၁၃လက်မမော်ဒယ်ကတော့ $1,299 ကျသင့်မှာဖြစ်ကာ ၂မျိုးလုံးမှာ 256GB ပါဝင်ပြီး storage ပိုင်းအနေနဲ့ ယခင်မျိုးဆက်ထက် ၂ဆပိုလာပါတယ်။ ယနေ့မှစပြီး ကြိုတင်မှာယူနိုင်ကာ နောက်အပတ်ထဲမှာ စတင်ပေးပို့မယ်လို့သိရပါတယ်။
Source: Tom's Hardware
#EnThueTech
#News
#AI
0 Comments