Subscribe Us

header ads

တစ်ပတ်အတွင်း နည်းပညာသတင်းများ

GPT-4o

OpenAI ဟာ အသစ်လွင်ဆုံး LLM ဖြစ်တဲ့ GPT-4o ဆိုတဲ့ GPT-4 Omni မော်ဒယ်ကိုပြသခဲ့ပြီး လာမယ့်အပတ်တွေအတွင်းဖြန့်ချီသွားမှာဖြစ်ပါတယ်။ AI chatbot တွေကအသုံးဝင်တယ်ဆိုပေမယ့် တုန့်ပြန်မှုကနှေးကွေးလှပါတယ်။ OpenAI ကပြသချက်မှာ GPT-4o ဟာ လူတစ်ယောက်နဲ့စကားပြောရသလိုနီးပါးဖြစ်အောင်ဖန်တီးထားတာတွေ့ရပြီး တုန့်ပြန်မှုလည်းကောင်းမွန်ပါတယ်။


GPT-4o မှာ စာသားအပြင် အရုပ်နဲ့အသံကိုပါနားလည်နိုင်စွမ်းရှိပြီး တုန့်ပြန်မှုကကောင်းမွန်လှတာကိုတွေ့ရပါတယ်။ ပိုမိုသွက်လက်တဲ့ GPT-4o ကို အခပေးနဲ့အခမဲ့အသုံးပြုသူတွေပါ သုံးစွဲနိုင်မယ်လို့ဆိုပါတယ်။
Source: Tom's Hardware


PC တွင် မြင်တွေ့ရဖွယ်ရှိသည့် Red Dead Redemption

၂၀၁၀ခုနှစ်မှာထွက်ရှိခဲ့တဲ့ Rockstar ရဲ့ နာမည်ကျော် Red Dead Redemption ဂိမ်းနဲ့ သူ့ရဲ့ Undead Nightmare DLC ဟာ PC အတွက်တရားဝင်ထွက်ရှိလာဖွယ်ရှိနေပါတယ်။ ဒါသတင်းဟာ ယခင် GTA remaster ဂိမ်း‌ တွေမထွက်ရှိခင် ပေါက်ကြားခဲ့သလိုမျိုး Rockstar Launcher ဖိုင်က‌ နေ ပေါက်ကြားလာဖြစ်ပါတယ်။
Source: Tom's Hardware


Steam မှ ပြန်လည်ရုတ်သိမ်းသွားသည့် Ghost of Tsushima

Sony ဘက်က Helldivers 2 ဂိမ်းကို Steam ကနေ နိုင်ငံအများအပြားမှာ ဖယ်ရှားခဲ့ပြီးနောက် အသစ်ထွက်ရှိလာမယ့် Ghost of Tsushima ဂိမ်းကိုလည်း ဖယ်ရှားလိုက်ပါတယ်။ Ghost of Tsushima ကို Steam မှာတင်မက Epic Games မှာလည်းဖယ်ရှားလိုက်တာကိုတွေ့ရပြီး PlayStation Network အကောင့်ကို အထောက်အပံ့‌မပေးတဲ့နိုင်ငံတွေမှာ ဝယ်ယူလို့ရတော့မှာမဟုတ်ပါဘူး။
Source: Windows Central


Linux OS အသုံးပြုနိုင်မည့် Snapdragon X Elite

Qualcomm ဟာ သူတို့ရဲ့ ချစ်ပ်အသစ်ဖြစ်တဲ့ Snapdragon X Elite ကို Linux အသုံးပြုနိုင်ဖို့ကြိုးပမ်းနေတယ်လို့ဆိုပါတယ်။ လုပ်ဆောင်စရာများစွာကျန်ရှိသေးပေမယ့် အသစ်ထွက်ရှိလာမယ့် Linux kernel တွေမှာ ချစ်ပ်ရဲ့ feature တွေကို အပြည့်အဝသုံးနိုင်ဖို့ အထောက်အပံ့ပေးလာဖွယ်ရှိပါတယ်။
Source: TechSpot


Tomb Raider ကို ဇာတ်လမ်းတွဲအဖြစ်ရိုက်ကူးမည့် Amazon

Amazon နဲ့ Crystal Dynamics တို့ဟာ ၎င်းတို့ရဲ့တရားဝင်ပူးပေါင်းမှုကို နောက်တစ်ဆင့်မြှင့်တင်လိုက်ပါတယ်။ အွန်လိုင်းရောင်းဝယ်ရေးကုမ္ပဏီရဲ့ Prime Video ဌာနက Tomb Raider စီးရီးကို Phoebe-Waller-Bridge က ဇာတ်ညွှန်းနဲ့ထုတ်ဝေသူအဖြစ်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။
Source: TechSpot

Budget PC များအတွက် Ryzen 7 8700F နှင့် Ryzen 5 8400F

AMD ဟာ ဒီနေ့မှာ Budget PC တွေအတွက် Hawk Point" processor တွေဖြစ်တဲ့ Ryzen 7 8700F နဲ့ Ryzen 5 8400F ကိုဖြန့်ချီလိုက်ပါတယ်။ ဒီ CPU တွေဟာ Ryzen 8000G processor တွေလို integrated graphics ပါဝင်ခြင်းမရှိပါဘူး။ ဒါပေမယ့် Ryzen 7 8700F မှာတော့ 16 TOPS ရှိတဲ့ XDNA NPU ပါဝင်ပြီး Ryzen 5 8400Fမှာတော့ NPU ပါဝင်ခြင်းမရှိပါဘူး။ ဒီ CPU တွေရဲ့ စျေးနှုန်းက Ryzen 7 8700F အတွက် $269 ကျသင့်ပြီး Ryzen 5 8400F ကတော့ $169 သာကျသင့်မှာပါ။
Source: TechSpot

#EnThueTech
#News
#AI
#CPU
#Gaming


Post a Comment

0 Comments