Image Credit: Space Force (Netflix) |
Windows ရဲ့ နောက်ဆုံးဗားရှင်းတွေမှာ update တွေကို အတင်းအကျပ် ဆောင်ရွက်စေတာမျိုးတွေကြုံနေရပါသလား? Microsoft ကတော့ ဗားရှင်းအသစ်တွေကို install ပြုလုပ်ရာမှာ အသုံးပြုသူတွေကို ပိုမိုထိန်းချုပ်ခွင့်ပြုလာခဲ့ပါတယ်။ အခုတော့ အဖွဲ့အစည်းတွေမှာ အပ်ဒမင်တွေက အပ်ဒိတ်တွေကို ရှေ့တိုးတာတွေ နောက်ဆုတ်တွေ ပြုလုပ်နိုင်လာပါပြီ။
Windows Update for Business မှာဆိုရင် IT administratorတွေအနေနဲ့ သီးခြား system update တွေကို "required" အနေအထားကနေ "optional" (ရွေးချယ်စရာ) အဖြစ် သတ်မှတ်ပေးနိုင်ပြီဖြစ်ပါတယ်။ ဒီအပြောင်းအလဲကြောင့် admin တွေနဲ့ အသုံးပြုသူတွေဟာ update တွေကို ရက်အနည်းငယ်နောက်ဆုတ်စေခြင်း (သို့မဟုတ်) စောစီးစွာ install ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ ယခင်က Business system တွေမှာ feature updates ကို 'required' အနေအထားအဖြစ် အမြဲတမ်းသတ်မှတ်ထားတဲ့အတွက် အလိုအလျောက် ဒေါင်းလုဒ်လုပ်ပြီး updateလုပ်ဆောင်ရပါတယ်။ အခုဆိုရင်တော့ IT admin တွေအတွက် update တွေကို ပိုမိုထိန်းချုပ်နိုင်တဲ့ wizard အသစ်တစ်ခု ထည့်သွင်းပေးထားပြီဖြစ်ပါတယ်။Image via TechSpot |
Update တွေကို optional အဖြစ် သတ်မှတ်ဖို့ဆိုရင် Microsoft Intune admin center ထဲကို သွားပြီး Devices > Windows 10 and later updates > Feature Updates > Create new Profile > Deployment Settings ကို သွားရမှာဖြစ်ပါတယ်။ အထဲက drop-down menu မှာဆိုရင် 24H2 အပါအဝင် Windows Update အကြီးစားတွေကို optional သို့မဟုတ် required အဖြစ် သတ်မှတ်နိုင်ပါတယ်။ Windows Update ထဲက Update တွေဟာ client systems တွေမှာ ၁ ရက် (သို့မဟုတ်) ၂ ရက်အတွင်းသာ မြင်ရမှာဖြစ်ပါတယ်။
Update တွေကို နောက်ဆုတ်စေခြင်းဟာ ပိုမိုအရေးကြီးတဲ့လုပ်ငန်းတွေကို အနှောင့်အယှက်ဖြစ်စေမှာမဟုတ်တဲ့ အားသာချက်ရှိပါတယ်။ IT admin တွေအနေနဲ့ အချို့အသုံးပြုသူတွေကို စောစီးစွာ Update လုပ်ခွင့်ပြုခြင်းအားဖြင့် Update အပေါ် အမြန်ပြန်လည်သုံးသပ်နိုင်ပြီး ပြဿနာတွေကို ကုမ္ပဏီတစ်ခုလုံးအတွင်းမပြန့်ပွားခင်မှာ တားဆီးနိုင်မှာဖြစ်ပါတယ်။
Image via TechSpot |
Microsoft က 24H2 Release Preview မှာ အဆိုပါ feature ကို ကြေညာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအပ်ဒိတ်မှာ Sudo၊ Wi-Fi 7၊ HDR backgrounds၊ 7z compression အထောက်အပံ့နဲ့ အခြားအရာတွေလည်း ပါဝင်ပါတယ်။ ဒီ Update ကို ၂၀၂၄ နှစ်ဝက်နောက်ပိုင်းမှာ Windows 11 အသုံးပြုသူ အများစုအတွက် ရနိုင်မှာဖြစ်ပါတယ်။
System ကို reboot မလိုပဲ Update လုပ်ပေးတဲ့ hot patching ကိုလည်း စမ်းသပ်နေပါတယ်။ ဒီ feature ဟာ လတ်တလော Windows 11 preview builds တွေမှာ ပေါ်လာပြီး Microsoft အနေနဲ့ Xbox နဲ့ Windows Server editions အချို့မှာ အထောက်အပံ့ပေးနေပြီဖြစ်ပါတယ်။ Hot patching ဟာ IT admin တွေအတွက် Update လုပ်ရတဲ့ downtime အချိန်ကို လျော့ချပေးနိုင်မှာဖြစ်ပါတယ်။
ဒီအတောအတွင်း Microsoft နဲ့ အခြားကုမ္ပဏီတွေဟာ generative AI task တွေ စက်ပေါ်မှာတင် ဆောင်ရွက်ပေးနိုင်စွမ်းရှိပြီး NPU တပ်ဆင်ထားတဲ့ Intel ရဲ့ Meteor Lake processors (သို့မဟုတ်) Qualcomm's Snapdragon X SoCs တွေ အသုံးပြုထားတဲ့ Copilot+ PCs (AI PCs) တွေကိုကြေညာခဲ့ကြပါတယ်။ အနာဂတ် Intel နဲ့ AMD CPU တွေမှာ ဒီ function ကို desktop တွေအထိ ယူဆောင်လာကြပါလိမ့်မယ်။
Source: TechSpot
#EnThueTech
#News
#Windows
Website
0 Comments