Image via TechSpot |
ဒီအပတ်ထဲကျင်းပခဲ့တဲ့ Microsoft ရဲ့ Surface ပွဲမှာ Dell၊ HP၊ Acer၊ Asus၊ Samsung နဲ့ Lenovo အစရှိတဲ့ ထိပ်တန်း PC ထုတ်လုပ်သူတွေဟာ Snapdragon X Elite နဲ့ Snapdragon X Plus processors တွေနဲ့ စွမ်းအားပေးထားတဲ့ laptop အသစ်တွေကို ကြေညာခဲ့ပါတယ်။ အဆိုအသစ်ထွက်ရှိလာတဲ့ devices တွေဟာ Microsoft ရဲ့ Copilot+ စံနှုန်းအသစ်ဖြစ်တဲ့ 40+ trillion operations per second (TOPS) ကို ဆောင်ရွက်နိုင်တဲ့ NPU ပါဝင်စေရမယ်ဆိုတဲ့ အချက်နဲ့ကိုက်ညီကြပါတယ်။ Microsoft ကတော့ Copilot+ PC တွေဟာ MacBook Air M3 ထက် ၅၈ ရာခိုင်နှုန်းပိုမိုမြန်ဆန်မယ်လို့ ဆိုပါတယ်။
Microsoft ရဲ့ ကိုယ်ပိုင်ဖြစ်တဲ့ Surface Laptop အသစ်မှာ Snapdragon X Elite ဒါမှမဟုတ် Snapdragon X Plus နဲ့ တွဲဖက်ဝယ်ယူနိုင်ပါတယ်။ $999.99 ကနေ စတင်ပြီး pre-order လုပ်နိုင်ပြီး display နှစ်မျိုးရွေးချယ်နိုင်က RAM ကို 64GBအထိ နဲ့ storage က 1TB အထိ ရွေးချယ်နိုင်ပါတယ်။
Surface Pro ကိုလည်း အဆိုပါချစ်ပ်နှစ်ခုနဲ့ စွမ်းအားပေးထားပြီး၊ OLED screen နဲ့ HDR support ပါဝင်ပါတယ်။ Microsoft က အဲ့ဒီ device ကို memory 32GB အထိနဲ့ storage ကို 1TB အထိ ရရှိနိုင်ပြီး Surface Pro Flex Keyboard လို့ခေါ်တဲ့ ဖြုတ်တပ်နိုင်တဲ့ keyboard အသစ်နဲ့ဖြစ်ပါတယ်။ အခြေခံမော်ဒယ်အတွက် စျေးနှုန်းက $999 ကနေ စတင်မှာပါ။
Image via TechSpot |
Dell က Snapdragon X Elite နဲ့ X Plus နဲ့ စွမ်းအားပေးထားတဲ့ laptop ၅မျိုးကို ကြေညာခဲ့ပြီး၊ အဆိုပါ laptop တွေထဲမှာ XPS 13၊ Latitude 7455 နဲ့ Inspiron 14 Plus တို့ပါဝင်ပါတယ်။ XPS 13 ကိုတော့ Dual Core Boost ပါဝင်တဲ့ 12-core Snapdragon X Elite processor နဲ့ စွမ်းအားပေးမှာဖြစ်ပြီး Latitude 7455 ကိုတော့ Elite နဲ့ Plus နှစ်မျိုးလုံးနဲ့ ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
Image via TechSpot |
Dell Inspiron 14 Plus ကိုတော့ 10-core Snapdragon X Plus processor နဲ့သာရရှိနိုင်ပါမယ်။ XPS 13 နဲ့ Inspiron 14 Plus ကိုတော့ အခု pre-order လုပ်နိုင်ပြီး၊ စျေးနှုန်းက $1,299 နဲ့ $1,099 ကနေ စတင်မှာဖြစ်ပါတယ်။
Samsung က Snapdragon X Elite နဲ့ စွမ်းအားပေးထားတဲ့ Galaxy Book 4 Edge ကို ကြေညာခဲ့ပါတယ်။ အဆိုပါ Galaxy Book 4 Edge မှာ 14-inch နဲ့ 16-inch ရှိတဲ့ Dynamic AMOLED 2X displays တွေပါဝင်ပြီး၊ Galaxy AI features တွေဖြစ်တဲ့ Live Translate နဲ့ Chat Assist တွေလည်းပါဝင်ပါတယ်။ သူ့ကို အမေရိကန်နိုင်ငံအပါအဝင် ရွေးချယ်ထားတဲ့ဈေးကွက်တွေမှာ ဇွန်လ ၁၈ ရက်နေ့ကနေ စတင်ရရှိနိုင်မှာဖြစ်ပါတယ်။
Image via TechSpot |
Lenovo က Snapdragon X Elite chip တပ်ဆင်ထားတဲ့ Yoga Slim 7x 14 နဲ့ ThinkPad T14s ကို ဖြန့်ချီမှာဖြစ်ပါတယ်။
ပထမတစ်ခုကတော့ creators တွေအတွက် ရည်ရွယ်ထားပြီး စျေးနှုန်းက $1,199 ကနေ
စတင်မှာပါ ဒုတိယတစ်ခုကတော့ business users တွေအတွက် ဒီဇိုင်းပြုထားပြီး စျေးနှုန်းက $1,699 ကစတင်မှာဖြစ်ပါတယ်။
နှစ်မျိုးလုံးကို လာမယ့်လမှာ စတင်ရောင်းချမှာဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ ထိုင်ဝမ်နိုင်ငံနည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Asus နဲ့ Acer တို့ကလည်း Copilot+ PCs အသစ်တွေကို ကြေညာခဲ့ပါတယ်။
Image via TechSpot |
Asus Vivobook S 15 မှာ Snapdragon X Elite ဒါမှမဟုတ် X Plus နဲ့ ရရှိနိုင်မှာဖြစ်ကာ 120Hz OLED display ပါဝင်ပြီး RAM ကို 32GB အထိ နဲ့ storage ကို 1TB အထိ ပါဝင်မှာဖြစ်ပါတယ်။ ဒီ laptop တွေကို ဇွန်လ ၁၈ ရက်နေ့မှာ စျေးကွက်ထဲစတင်ရရှိနိုင်ပြီး၊ စျေးနှုန်းက $1,299 ကနေ စတင်မှာဖြစ်ပါတယ်။
နောက်ဆုံးတစ်ခုဖြစ်တဲ့ Acer Swift 14 AI ကတော့ 14.5-inch 120Hz display ပါဝင်ပြီး ခေါက်နိုင်တဲ့ 180-degree hinge နဲ့ဖြစ်ပါတယ်။ RAM ကို 32GB အထိရရှိနိုင်ပြီး storage ကတော့ 1TB အထိ ရရှိနိုင်မှာပါ။ စျေးနှုန်းကတော့ $1,099 ကစတင်မှာဖြစ်ပါတယ်။
Source: TechSpot
0 Comments