မနှစ်က ကျွန်တော့်အနေနဲ့ Budgetအသားပေး Gaming Laptop ထဲမှာ ရှားရှားပါးပါးစွဲဆောင်မှုရှိလှတဲ့ MSI Cyborg 15
ကို Review လုပ်ပေးခဲ့ပါတယ်။ ဒီနှစ်မှာလည်း MSI က Cyborg Series မှာ ခုနောက်ပိုင်းမှာခေတ်စားလာတဲ့ AI နည်းပညာတွေထပ်မံဖြည့်သွင်းပြီး
အဆင့်မြှင့်တင်မှုအချို့ပြုလုပ်ကာ MSI Cyborg AI Series ကိုထပ်မံဖန်တီးလာပါတယ်။
Cyborg AI Series ဆိုတာ MSI Gaming Laptop
တွေထဲမှာ စျေးအသက်သာဆုံး မော်ဒယ်တွေထဲကတစ်ခုလို့ဆိုနိုင်ပေမယ့်
မနှစ်တုန်းကလို CPU
Generation အဟောင်းကိုအသုံးမပြုဘဲ နောက်ဆုံးထွက် Intel ရဲ့
Core Ultra CPU တွေတပ်ဆင်ပေးလာတာတွေ့ရပါတယ်။ ဒါကြောင့် မိတ်ဆွေတို့အတွက်
အသစ်ထွက်လာတဲ့ Cyborg AI က ဘယ်လိုအခြေအနေရှိမလဲ အရင်ထက်ရောသိသိသာသာပိုကောင်းလာသလားဆိုတာသိနိုင်အောင်
ကျွန်တော့်ရဲ့ အမြင်တွေကို မျှဝေပေးမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ရရှိထားတဲ့ Review
Unit လေးကတော့ Intel Core Ultra
7-155H CPU နဲ့ NVIDIA RTX 4060 graphics ကို တွဲဖက်ထားတဲ့ MSI ရဲ့
Cyborg 15 AI A1VFK ပဲဖြစ်ပါတယ်။
Specifications
CPU: Intel Meteor Lake Core Ultra 7-155H (16Cores/22Threads, 6 P-Cores, 8 E-Cores and 2 LP E-Cores)Memory: 16GB (DDR5 5600MHz)
Graphics: Nvidia GeForce RTX 4060 8GB GDDR6 (TDP 45W)
Storage: 512GB NVMe PCIe Gen4 x4 SSD
Display: 15.6in 144Hz FHD(1920x1080) IPS-Level Screen
Dimensions (WxDxH): 359.36 x 250.34 x 21.95-22.9mm
Weight: 1.98 kg
I/O Ports: 1x USB Type-C 3.2 Gen 2/DP1.4,
2x USB Type-A 3.2 Gen 1
1x HDMI 2.1 Port (4K 60Hz)
1x RJ45
Connectivity: Wi-Fi 6E, Bluetooth 5.3
Keyboard: 4-Zone RGB Gaming Keyboard
Webcam: 720P (30FPS)
Speakers: 2x 2W
Audio Jack: 1x 3.5mm Audio Combo Jack
Operating System: Windows 11 Home
Battery: 53.5WH (3 Cell Li-Ion)
Power Adaptor: 120W
Price: $1349
Design and Build Quality
Design အနေနဲ့ပြောရရင် Cyborg စီးရီးဟာ မနှစ်ကတည်းကစွမ်းဆောင်ရည်ကိုသာ အသားပေးလေ့ရှိတဲ့ Budget Gaming Laptop တွေအကြားမှာ ဆွဲမက်ဖွယ်ကောင်းလှတဲ့ ဒီဇိုင်းနဲ့ပွဲထွက်လာခဲ့လို့ စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။ ဒီနှစ်မှာ အသစ်ထပ်မံထွက်ရှိလာတဲ့ Cyborg 15 AI A1V ဟာလည်း မူလပုံစံကိုမပျက်ယွင်းစေဘဲ ဆင်တူတဲ့ဒီဇိုင်းနဲ့ ပြန်လည်ထွက်ရှိလာပါတယ်။မနှစ်ကလိုမျိုးကိုယ်ထည်တစ်ခုလုံးဟာ အများအားဖြင့် Matte
ဖြစ်တဲ့ ခဲရောင်ပလတ်စတစ်နဲ့ ထွင်းဖောက်မြင်ရတဲ့ Glass
Fiber ပုံစံကို ပေါင်းစပ်ဖန်တီးထားတာကြောင့် Budget
Gaming Laptop လို့ကို မထင်ရစေပါဘူး။
Budget အသားပေးမို့
ကိုယ်ထည်မှာ ပလတ်စတစ်ကို အများအပြားအသုံးပြုထားတွေ့ရပါတယ်။ ဒါပေမယ့် Lid
မှာတော့ အလူမီနီယံကို အသုံးပြုထားတာကြောင့် လက်ရာတွေမထင်အောင်
မကြာခဏသန့်ရှင်းရေးလုပ်ဖို့လိုမှာပါ။ Lid မှာ
MSI ရဲ့ Dragon တံဆိပ်ကို ပါးပါးလေးရေးထိုးထားတွေ့ရပါတယ်။ Screen
မှာ ဘောင်လေးတွေက အနည်းငယ်ထူတာကိုတွေ့ရသလို Screen
ရဲ့အောက်ခြေနားမှာလည်း MSI Logo ကို ထင်ထင်ရှားရှား ရေးထိုးထားတာတွေ့ရပါတယ်။
ကိုယ်ထည်တစ်ခုလုံးနီးပါးဟာ ပလတ်စတစ်တွေချည်းသုံးထားတယ်ဆိုပေမယ့် Lid နဲ့ Keyboard တွေကိုဖိကြည့်တဲ့အခါ အချို့ Gaming Laptop တွေမှာလို ညွှတ်သွားတာမရှိဘဲ အတော်ကိုတောင့်တင်းပါတယ်။
Lid
မှာ အပြင်ကိုထွက်နေတဲ့ Bump ပါဝင်တာမို့
လက်တစ်ဖက်တည်းနဲ့ အသာလေးဖွင့်လို့ရသလို Laptopကို
ပေါင်ပေါ်မှာတင်ပြီး အသုံးပြုတဲ့အခါမှာလည်း သိပ်လှုပ်နေမှာမဟုတ်ပါဘူး။ နောက်ပြီး Lid
ကို 180°လောက်
လှန်ချလို့ရတာကလည်း Presentation တွေပြချင်တဲ့အခါ
ကောင်းတဲ့အချက်ပါပဲ။ Screen ထိပ်မှာ 720P Webcam ကို တပ်ဆင်ထားပေမယ့် Windows Hello အတွက် Webcam နဲ့တွဲဖက်အလုပ်လုပ်မဲ့ IR Camera မပါဝင်ပါဘူး။
Cooling အတွက်
Air Intake အပေါက်လေးတွေက Laptop
ကိုယ်ထည်အောက်ခြေမှာသာရှိပါတယ်။ Exhaust ကတော့ ပန်ကာတစ်ခုသာပါဝင်တဲ့ ဒီဇိုင်းမို့ ဘယ်ဘက်အခြမ်း မှာသာရှိပါတယ်။
ကိုယ်ထည်က အလျား 359mm၊
အနံ 250.34mm နဲ့ အမြင့် 21.95-22.9mm ရှိလို့ အနည်းငယ်ပါးတယ်ဆိုနိုင်သလို သူ့ရဲ့ 1.98kg
ရှိတဲ့ အလေးချိန်က ပုံမှန် Gaming Laptop တွေထက် အနည်းငယ်ပိုပေါ့တယ်လို့
ဆိုနိုင်ပါတယ်။ Quick Access Panel မပါတဲ့အတွက်
Memory နဲ့ Storage တိုးဖို့ Screw ၁၁
လုံးလောက်တော့ ဖြုတ်ဖို့လိုအပ်ပါလိမ့်မယ်။
Display
Cyborg 15 AI A1V ဟာ Budget Gaming Laptop သာဖြစ်တာမို့ Display အနေနဲ့ပြောရရင် 1080p Resolution နဲ့ 144Hz ရတဲ့ Chi Mei ရဲ့ (N156HRA-EA1) Panel ကိုသုံးထားပြီး အရင် Review လုပ်ခဲ့တဲ့ Katana 15 B13V တို့ Bravo 15 C7UX တို့ နဲ့အတူတူပဲဖြစ်ပါတယ်။Screen
ဟာ Matte ဖြစ်ပြီး
Viewing Angle ကတော့မဆိုးပေမယ့် Panel
ရဲ့ ကာလာပိုင်းက သိပ်မကောင်းပါဘူး။ ကာလာပိုင်းကို
ကိန်းဂဏန်းတွေနဲ့ အတိအကျပြောရမယ်ဆိုရင်တော့
sRGB 44.06%
AdobeRGB 63.55%
DCI-P3 44.06% သာရှိတဲ့အတွက် Color Gamut တွေက သာမန် Screen လောက်သာရှိကာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေတည်းဖြတ်ဖို့ အဆင်ပြေမှာမဟုတ်ဘဲ ဂိမ်းကစားဖို့သာအဆင်ပြေပါတယ်။
sRGB 44.06%
AdobeRGB 63.55%
DCI-P3 44.06% သာရှိတဲ့အတွက် Color Gamut တွေက သာမန် Screen လောက်သာရှိကာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေတည်းဖြတ်ဖို့ အဆင်ပြေမှာမဟုတ်ဘဲ ဂိမ်းကစားဖို့သာအဆင်ပြေပါတယ်။
ရုပ်ရှင်တွေနဲ့
ဗီဒီယိုတွေကောင်းကောင်းကြည့်နိုင်ပေမဲ့ 260nits ဝန်းကျင်သာရှိတဲ့ Display ဟာ မှိန်တယ်ဆိုနိုင်ပြီး ပြင်ပအလင်းရောင်များတဲ့
အခန်းလိုနေရာတွေမှာဆိုရင်တော့ သိပ်အဆင်ပြေမှာမဟုတ်ပါဘူး။
Display ရဲ့ Response ကောင်းမကောင်းစမ်းသပ်ရာမှာ Ghosting ရှိတယ်ဆိုပေမယ့် တစ်ကယ်တမ်းဂိမ်းကစားတဲ့အခါ သိသာတာမျိုးမရှိပါဘူး။ ထူးခြားချက်အနေနဲ့ Display ဟာ Windows ရဲ့ နောက်ဆုံးထွက်ရှိလာတဲ့ Dynamic Refresh Rate (DRR)ကို အထောက်အပံ့ပေးလာတာကိုလည်း တွေ့ရပါတယ်။
Cyborg 15 AI A1V ဟာ AI အသားပေးထားတဲ့ Laptop ဖြစ်တာကြောင့် MSI AI Artist ဆိုတဲ့ AI Photo Generator တစ်ခု ပါဝင်လာတာတွေ့ရပါတယ်။ သူ့ကို အသုံးပြုဖို့ ဒေါင်းလုဒ်ရယူကာ အသုံးပြုနိုင်ပါတယ်။ ဒီ AI Artist ဟာ ChatGPT တို့လို Cloud အခြေခံမဟုတ်ဘဲ On-Device မှာ အလုပ်လုပ်မှာပါ။
Gaming Performance အတွက် Cyborg 15 AI A1V ကို နာမည်ကြီးဂိမ်း ၁၂ခုနဲ့စမ်းသပ်ထားပါတယ်။ အများစုက AAA ဂိမ်းတွေဖြစ်ပြီး resolution ကိုတော့ 1080P ရဲ့ Ultra (သို့မဟုတ်) Very High setting တွေမှာ စမ်းသပ်ထားပါတယ်။ Meteor Lake Core Ultra 7 155H မှာ ARC Graphics ပါဝင်လာတာတွေ့ရပြီး AAA ဂိမ်း၃နဲ့ 720P/1080P Lowest Setting မှာ စမ်းသပ်ထားပါတယ်။
Overall Performance အတွက်ကတော့ PCMark 10 နဲ့စမ်းသပ်ထားပါတယ်။ Storage အတွက် CrystalDiskMark နဲ့စမ်းသပ်ထားပါတယ်။ Core Ultra 7 155H မှာ NPU ပါဝင်တာကြောင့် Benchmark လုပ်ဖို့ရာကြိုးပမ်းခဲ့ပေမယ့် Tools တွေ အဆင်သင့်မဖြစ်သေးတာကြောင့် မစမ်းသပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် Machine Learning အတွက် GeekbenchML ကို အသုံးပြုစမ်းသပ်ခဲ့ပါတယ်။
Core Ultra တွေရဲ့ အဓိကအားသာချက်က LP E-Core တွေပါဝင်ပြီး ဘက်ထရီပိုအသုံးခံအောင် ဆောင်ရွက်ထားတာမို့ ဘက်ထရီပိုင်းကိုလည်းနောက်ပိုင်းမှာ သေချာစမ်းသပ်ထားပါတယ်။ Benchmark တွေစမ်းလို့ရလာတဲ့ အသေးစိတ်ကို Graph တွေနဲ့တကွ ပြသထားပါတယ်။ Benchmark အားလုံးကို Windows 11 Version 23H2၊ Intel Graphics Driver 31.0.101.5522 WHQL နဲ့ GeForce Driver Version 552.22 မှာ စမ်းသပ်ထားတာဖြစ်ပါတယ်။
Ray Tracing နဲ့ DLSS 3 အတွက် Cyberpunk 2077 ကို 1080Pမှာ Setting အမျိုးမျိုးနဲ့စမ်းသပ်ထားပြီး DLSS 3 frame generation နဲ့ DLSS Quality မှာတွဲဖက်ကစားမယ်ဆိုရင် 94 FPS လောက်အထိ ရပါတယ်။ Cyberpunk 2077 ရဲ့ Graphics တောင်းဆိုမှုမြင့်မားလှတဲ့ Path Tracing ကိုတော့ ပုံမှန်အတိုင်းကစားဖို့ မဖြစ်နိုင်ပေမယ့် DLSS Quality နဲ့ Frame Generation တို့ရဲ့အကူအညီနဲ့ဆိုရင် 40 FPS ဝန်းကျင်မှာ ရရှိတာတွေ့ရပါတယ်။ Cyberpunk 2077 လို တောင်းဆိုမှုမြင့်မားလှတဲ့ ဂိမ်းကို DLSS 3 အကူအညီနဲ့ Fan တစ်ခုသာပါဝင်တဲ့ Gaming Laptop နဲ့ Path Tracing ပါဖွင့်ကစားနိုင်တာက အားရစရာလို့ဆိုနိုင်ပါတယ်။
Cyborg 15 AI A1V ရဲ့ ဘက်ထရီသက်တမ်းကို စမ်းသပ်ရာမှာ 53.5WHr ဘက်ထရီဟာ Audio Level နဲ့ Brightness ကို 50% နဲ့ Power Balanced Mode မှာ Netflix ကြည့်တာ ၅နာရီကျော်ကြည့်လို့ရပါတယ်။ ဒါဟာ ပုံမှန် Gaming Laptop တွေလောက်ရတယ်ဆိုနိုင်ပြီး ဒီထက်နည်းတဲ့ Workload တွေနဲ့ Battery Saving Mode တွေမှာထားရင် ပိုအသုံးခံမယ်လို့ထင်ပါတယ်။ အားပြန်သွင်းချိန်မှာ နာရီဝက်နဲ့ 50% လောက်အားဝင်ပြီး အားအပြည့်ဖြစ်ဖို့က ၂နာရီခွဲခန့်ကြာမြင့်တာကို တွေ့ရပါတယ်။ ဂိမ်းဆော့ကြည့်ရာမှာ အချိန်တစ်နာရီကျော်တယ်ဆိုရုံသာရပါတယ်။ ဘက်ထရီပိုင်းအနေနဲ့ Cyborg 15 AI A1V မှာ CPU ပိုင်းအနေနဲ့ Core တွေပိုမိုများပြားစွာပါဝင်လာသည့်တိုင် မနှစ်ကမော်ဒယ်အတိုင်း ဘက်ထရီအသုံးခံနေသေးတာကိုတွေ့ရပါတယ်။
ဆူညံမှုဘက်ကိုပြောရရင် Cyborg 15 AI A1V Cooler Boost ဖွင့်ထားတဲ့အချိန်မှာ အခြား Gaming Laptop တွေနဲ့မကွာလှပေမယ့် Idle အခြေအနေမှာဆိုရင်တော့ အသံဆူညံမှုပိုမိုမြင့်မားနေတာကို တွေ့ရပါတယ်။ အထူးသဖြင့် Workload မများတဲ့ ဂိမ်းတွေ Download ဆွဲနေတဲ့အချိန်မှာကို Fan အသံကျယ်နေတာပါ။ ဒီလိုကျယ်တယ်ဆိုပေမယ့် မနှစ်ကမော်ဒယ်လောက်တော့ ဆူညံမှုမရှိတော့တာကိုတွေ့ရပါတယ်။ ဒီဟာ ယခင် Intel CPU တွေထက် Power Management ပိုင်းပိုမိုကောင်းမွန်လာတဲ့ Core Ultra CPU အသစ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အသေးစိတ်ကို သက်ဆိုင်ရာ Graph မှာ အရင် Laptop တွေနဲ့ ဘယ်လိုကွာခြားသလဲဆိုတာ နှိုင်းယှဥ်ပြသထားပါတယ်။
Display ရဲ့ Response ကောင်းမကောင်းစမ်းသပ်ရာမှာ Ghosting ရှိတယ်ဆိုပေမယ့် တစ်ကယ်တမ်းဂိမ်းကစားတဲ့အခါ သိသာတာမျိုးမရှိပါဘူး။ ထူးခြားချက်အနေနဲ့ Display ဟာ Windows ရဲ့ နောက်ဆုံးထွက်ရှိလာတဲ့ Dynamic Refresh Rate (DRR)ကို အထောက်အပံ့ပေးလာတာကိုလည်း တွေ့ရပါတယ်။
Keyboard and Trackpad
Cyborg 15 AI A1V ရဲ့ Keyboardဟာ Gaming ဆန်ဆန် Power Key၊ WASD Key နဲ့ Arrow Key တွေကို ကြည်ကြည်လင်လင်နဲ့ သိသာထင်ရှားအောင် ဖန်တီးပေးထားတာကိုတွေ့ရပြီး မနှစ်ကလိုပဲ Cyberpunk ဆန်ဆန်ပြုလုပ်ထားတယ်လို့ MSI ကဆိုပါတယ်။ တိုးတက်မှုတစ်ခုက မနှစ်ကလို Keyboard မီးရောင်ဟာ Single Color Backlit မဟုတ်တော့ဘဲ 4-Zone RGB ဖြစ်လာတာကြောင့် ပိုပြီးဆွဲဆောင်မှုအားကောင်းလာပါတယ်။ဒါတင်မက Keyboard မီးရောင်ဟာ
ညက်ညာမှုရှိပြီး အလင်းအားလည်း အတော်ကောင်းတာကိုတွေ့ရပါတယ်။ မိမိအနေနဲ့
စာရိုက်တဲ့အခါမှာ Key တစ်ခုခြင်းရဲ့
တုံ့ပြန်မှုတွေကလည်း ကောင်းမွန်ပြီး ဆူညံနေတာမျိုးမရှိတာကို သဘောကျမိပေမယ့် Layout
ပိုင်းကတော့ အချို့သူတွေအဖို့
အနည်းငယ်ထူးဆန်းသလိုဖြစ်နိုင်ပါတယ်။ ဒါပေမယ့် Numpad ပါဝင်တာကြောင့် စာရင်းဇယားတွေ ကိုင်တွယ်ရမဲ့သူတွေအတွက်ပါ
အဆင်ပြေပြေအသုံးပြုနိုင်ပါတယ်။ Cyborg 15 AI A1V ဟာ AI PC ဖြစ်တာကြောင့်
ထူးခြားချက်တစ်ခုအနေနဲ့ Keyboardမှာ Copilot အတွက်သီးသန့် Key
တစ်ခု ပါဝင်လာတာတွေ့ရပါတယ်။
Trackpad ပိုင်းမှာဆိုရင်
Gaming Laptop တစ်ခုအနေနဲ့
အရွယ်အစားမသေးဘူးလို့ဆိုနိုင်ပြီး သီးခြား Key တွေမပါသလို
ဘာ Texture မှလည်းထည့်သွင်းထားတာ မရှိပါဘူး။ Trackpad
ကိုသုံးရတာ အရင် MSI တွေမှာလို
ပြောင်ချောတဲ့ပုံစံအစား Matte ဖြစ်တဲ့ဘက်ကိုသွားတယ်လို့ဆိုနိုင်ပါတယ်။
Windows Precision Driver နဲ့
Trackpad ကို အဆင်ပြေပြေသုံးနိုင်ပြီး Click
နှိပ်ရတဲ့အချိန်မှာလည်း အနည်းငယ်အားစိုက်ပေးဖို့မလိုပါဘူး
ဒါပေမယ့် Trackpad က အရင်Laptopတွေမှာလို စေးစေးပိုင်ပိုင်မရှိလှဘဲ မနှစ်ကမော်ဒယ်အတိုင်း
အနည်းငယ်လှုပ်နေပြီး အသံနည်းနည်းထွက်နေတာကိုတော့ သဘောမကျမိပါဘူး။
I/O Ports
Port တွေအနေနဲ့ ဘယ်ဘက်မှာ Charging Port၊ Type-A USB 3.2 Gen 1 တစ်ခုနဲ့ 3.5mm Audio Combo Jack တစ်ခုပါပါတယ်။ညာဘက်မှာတော့ LAN
အတွက် RJ-45 jack တစ်ခု၊
HDMI 2.1 Port တစ်ခု၊ Type-C USB 3.2 Gen
1/DP တစ်ခု၊ Type-A USB 3.2 Gen 1
တစ်ခုပါပါတယ်။
Meteor Lake CPU တွေမှာ USB4 နဲ့
Thunderbolt 4 တွေကိုအထောက်အပံ့ပေးတယ်ဆိုပေမယ့် Budget အသားပေးတဲ့
ဒီ Laptopမှာ မပါဝင်ပါဘူး။
Webcam
Cyborg 15 AI A1V ဟာ Budget Gaming Laptop သာဖြစ်တာကြောင့် Video Call တွေအတွက် Webcam ရဲ့ ရုပ်ထွက်က သာမန်အဆင့်သာရှိကာ ပြတ်သားမှုအားနည်းပါတယ်။ IR Camera နဲ့ Fingerprint Reader မပါဝင်လို့ Windows Hello ရဲ့ Biometric Sign-In ကိုအထောက်အပံ့မပေးတာကြောင့် PIN Code ရိုက်ပြီးသာ Log-In ဝင်ရမှာပါ။Zoom Meeting လုပ်ကြည့်တဲ့အခါ
ကိုယ့်ရဲ့ရုပ်နဲ့အသံကို တဖက်ကကောင်းမွန်တဲ့ Feedback ပေးတာတွေ့ရပါတယ်။ ထူးခြားချက်တစ်ခုအနေနဲ့ Cyborg 15 AI ဟာ Neural
Processing Unit (NPU) ပါဝင်လာတာကြောင့်
Windows 11 23H2 ရဲ့ နောက်ဆုံးထွက် Feature
တွေဖြစ်တဲ့ webcam မှာ
Frame ကို အလိုအလျောက်ချိန်ပေးတာ၊
နောက်ခံကိုဝါးပေးတာ၊ မျက်လုံးက Screen ကိုတစ်ချိန်လုံးကြည့်နေသလိုလုပ်ပေးတာ အစရှိတဲ့ Feature
တွေကို အသုံးပြုလာနိုင်ပါတယ်။
အဆိုပါ Feature
တွေကို Meteor Lake CPU မှာပါဝင်လာတဲ့
NPU ကဆောင်ရွက်ပေးတာဖြစ်ပြီး ဒီ Feature
တွေ အသုံးပြုချိန်မှာ NPU အလုပ်လုပ်နေကြောင်း
Task Manager ကတစ်ဆင့် မြင်တွေ့ရပါတယ်။
Headphone နဲ့ Mic အတွက်က 3.5mm Audio Combo Jack ပါဝင်ပြီး Realtek ရဲ့ ALC256 DAC ကို တပ်ဆင်ထားပါတယ်။ ဒီ ALC256 ဟာ Laptop တွေမှာအသုံးများတဲ့ DAC တစ်ခုဖြစ်ကာ သူ့ရဲ့ Output က 24-bit 48KHz အထိထုတ်ပေးနိုင်ပါတယ်။ သူ့ရဲ့အသံထွက်ဟာ သီးခြား Sound Card တွေကိုမမီပေမယ့် သီချင်းတွေကို နားထောင်လို့ အဆင်ပြေတာတွေ့ရပါတယ်။
သူ့မှာမူလပါဝင်တဲ့ Mic ဟာ ပုံမှန်အခြေအနေမှာဆို ကြည်လင်တဲ့အသံကိုဖမ်းပေးနိုင်ပြီး စိတ်ကျေနပ်စရာကောင်းပေမယ့် Cooler Boost ဖွင့်ထားချိန်မှာတော့ Mic ရဲ့အသံကို Fan တွေရဲ့ဆူညံသံက လွမ်းမိုးသွားပါတယ်။
Audio
Cyborg 15 AI A1V ရဲ့ Audio ပိုင်းကိုပြောရမယ်ဆိုရင် 2W Speaker ၂လုံးကို Laptop ရဲ့ ဘေးဘက်ရဲ့ ဘယ်ညာထောင့်တစ်ခုစီမှာ နေရာချထားပါတယ်။ သူ့စျေးတန်းအရ မနှစ်ကထက်စာရင် အသံထွက်အတော်လေးကောင်းလာတယ်လို့ဆိုနိုင်သလို volume ကိုလည်း 100% အထိအဆင်ပြေပြေသုံးနိုင်ပါတယ်။ ဒါပေမယ့် အားနည်းချက်တစ်ခုက base အသံတော့နည်းနေသေးတာကိုတွေ့ရပါတယ်။ နောက်ထပ်တစ်ခုက ဒီ Laptop မှာ Dolby Access ကို အထောက်အပံ့ပေးလာကြောင့် Surround Effect ကို ပုံမှန်ထက်ပိုပြီး ပီပီပြင်ပြင်ခံစားနိုင်မှာဖြစ်ပါတယ်။Headphone နဲ့ Mic အတွက်က 3.5mm Audio Combo Jack ပါဝင်ပြီး Realtek ရဲ့ ALC256 DAC ကို တပ်ဆင်ထားပါတယ်။ ဒီ ALC256 ဟာ Laptop တွေမှာအသုံးများတဲ့ DAC တစ်ခုဖြစ်ကာ သူ့ရဲ့ Output က 24-bit 48KHz အထိထုတ်ပေးနိုင်ပါတယ်။ သူ့ရဲ့အသံထွက်ဟာ သီးခြား Sound Card တွေကိုမမီပေမယ့် သီချင်းတွေကို နားထောင်လို့ အဆင်ပြေတာတွေ့ရပါတယ်။
သူ့မှာမူလပါဝင်တဲ့ Mic ဟာ ပုံမှန်အခြေအနေမှာဆို ကြည်လင်တဲ့အသံကိုဖမ်းပေးနိုင်ပြီး စိတ်ကျေနပ်စရာကောင်းပေမယ့် Cooler Boost ဖွင့်ထားချိန်မှာတော့ Mic ရဲ့အသံကို Fan တွေရဲ့ဆူညံသံက လွမ်းမိုးသွားပါတယ်။
Storage
Cyborg 15 AI A1V မှာ Kingston OM8PGP4512Q-AI ဆိုတဲ့ PCIE 4.0 NVME SSD ကိုထည့်ထားပါတယ်။ SSD ရဲ့ Capacity ဟာ 512GB သာရှိတာကြောင့် ဂိမ်းတွေအများကြီး သွင်းနိုင်မှာမဟုတ်သလို ဒီလောက်ပမာဏသာပါတာက Budget Gaming Laptop မှာ ထုံးစံလို့ဆိုနိုင်ပါတယ်။SSD ရဲ့ စွမ်းဆောင်ရည်ဟာ Read/Write နှုန်းတွေဟာ PCIE 4.0 NVME SSD တွေထဲမှာ အသင့်အတင့်သာစွမ်းဆောင်ရည်ရှိပါတယ်။ သို့ပင်သော်ငြား
စိတ်မကောင်းစရာက Upgrade လုပ်မယ်ဆိုရင်
ထပ်တိုးဖို့ Slot အပိုမပါတာကြောင့် SSD
ကိုလှဲလှယ်အစားထိုးဖို့ရာလိုအပ်ပါတယ်။ SSD
စွမ်းဆောင်ရည်အတိအကျကို Benchmark ပုံမှာကြည့်နိုင်ပါတယ်။
Battery and Power Adapter
Cyborg 15 AI A1V မှာ အရင်မော်ဒယ်အတိုင်း 53.5WH ရှိတဲ့ 4Cell Li-Ion Battery ကိုထည့်သွင်းပေးထားပြီး ဒီလို Laptop တွေမှာပုံမှန်လို့ဆိုနိုင်ပါတယ်။ 120W သာရှိတဲ့ Power Adapter ဟာ အရွယ်သိပ်မကြီးတာကြောင့် မကြာခဏအပြင်သွားရတဲ့သူအဖို့ သိပ်ဝန်ပိမှာ မဟုတ်ပါဘူး။Utility Software
Gaming Laptop တွေမှာ utility software တစ်ခုပါဝင်လာလေ့ရှိပါတယ်။ MSI မှာဆိုရင်တော့ MSI Center ပါ။ ဒီ software မှာ ကိုယ်သုံးမယ့် function တွေအလိုက် setting ချိန်လို့ရမယ်၊ ဘက်ထရီပိုခံအောင်သုံးမှာလား၊ စွမ်းဆောင်ရည်အပြည့်သုံးမှာလား စတဲ့ Power ပိုင်းဆိုင်ရာတွေကိုချိန်ညှိလို့ရမယ်၊ စက်ရဲ့ အပူချိန်နဲ့ အမြန်နှုန်းတွေ ဘက်ထရီအခြေအနေတွေကို ကြည့်နိုင်မယ့်အပြင် ဂိမ်းတစ်ခုခြင်းကို Optimize လုပ်ပေးမဲ့ Gaming Mode လည်းပါဝင်ပါတယ်။နောက်ပြီး E-sport
ဂိမ်းတွေမှာ ကိုယ့်ရဲ့ Gameplay ကို Record လုပ်ပြီး
Social Media ပေါ်တင်နိုင်မဲ့ Game
Highlights လည်းပါပါတယ်။ ကောင်းတဲ့အချက်က MSI
Center ဟာ ကိုယ်မလိုအပ်တဲ့ Features
တွေကိုပါသွင်းထားဖို့မလိုအပ်ဘဲ အမှန်တကယ်သုံးမယ့် Features
တွေကိုသာ တစ်ခုခြင်း သွင်းလို့ရတာမို့ သဘောကျမိပါတယ်။
Cyborg 15 AI A1V ဟာ AI အသားပေးထားတဲ့ Laptop ဖြစ်တာကြောင့် MSI AI Artist ဆိုတဲ့ AI Photo Generator တစ်ခု ပါဝင်လာတာတွေ့ရပါတယ်။ သူ့ကို အသုံးပြုဖို့ ဒေါင်းလုဒ်ရယူကာ အသုံးပြုနိုင်ပါတယ်။ ဒီ AI Artist ဟာ ChatGPT တို့လို Cloud အခြေခံမဟုတ်ဘဲ On-Device မှာ အလုပ်လုပ်မှာပါ။
Testing Methodology
စွမ်းဆောင်ရည်ကို စမ်းသပ်ရာမှာ CPU တွေ GPU တွေရဲ့ စွမ်းပကား ဘယ်လောက်အထိ ရနိုင်မလဲဆိုတာသိရဖို့အတွက် စမ်းသပ်မှုအားလုံးကို Extreme Performance Mode မှာသာ စမ်းသပ်ထားတာဖြစ်ပါတယ်။ CPU Benchmark အတွက် Cinebench R15၊ Cinebench R20၊ Cinebench R23၊ Cinebench 2024 နဲ့ Geekbench 6 ကို ထည့်သွင်းစမ်းသပ်ထားပါတယ်။Gaming Performance အတွက် Cyborg 15 AI A1V ကို နာမည်ကြီးဂိမ်း ၁၂ခုနဲ့စမ်းသပ်ထားပါတယ်။ အများစုက AAA ဂိမ်းတွေဖြစ်ပြီး resolution ကိုတော့ 1080P ရဲ့ Ultra (သို့မဟုတ်) Very High setting တွေမှာ စမ်းသပ်ထားပါတယ်။ Meteor Lake Core Ultra 7 155H မှာ ARC Graphics ပါဝင်လာတာတွေ့ရပြီး AAA ဂိမ်း၃နဲ့ 720P/1080P Lowest Setting မှာ စမ်းသပ်ထားပါတယ်။
Overall Performance အတွက်ကတော့ PCMark 10 နဲ့စမ်းသပ်ထားပါတယ်။ Storage အတွက် CrystalDiskMark နဲ့စမ်းသပ်ထားပါတယ်။ Core Ultra 7 155H မှာ NPU ပါဝင်တာကြောင့် Benchmark လုပ်ဖို့ရာကြိုးပမ်းခဲ့ပေမယ့် Tools တွေ အဆင်သင့်မဖြစ်သေးတာကြောင့် မစမ်းသပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် Machine Learning အတွက် GeekbenchML ကို အသုံးပြုစမ်းသပ်ခဲ့ပါတယ်။
Benchmarks
စျေးသက်သာဖို့ အဓိကဦးစားပေးထားတဲ့ Cyborg 15 AI A1V မှာ မနှစ်တုန်းက မျိုးဆက်ဟောင်း Intel 12th Gen CPU ကိုသာ အသုံးပြုခဲ့ပေမယ့် ဒီနှစ်မှာတော့ Intel ရဲ့ နောက်ဆုံးထွက် Meteor Lake Core Ultra 7 155H ကို အသုံးပြုထားတာတွေ့ရပါတယ်။ 16 Cores/22 Threads ရှိတဲ့ ဒီ CPU ဟာ မနှစ်က 13th Gen CPU တွေထက် Core အရေအတွက် ပိုမိုများပြားလာခဲ့ပေမယ့် Base Clock တော့အတော်ကျဆင်းသွားတာတွေ့ရပါတယ်။ အကြမ်းဖျင်း မြင်သာအောင် မနှစ်က Result တစ်ခုနဲ့ နှိုင်းယှဥ်ပြပေးထားပါတယ်။
Cyborg 15 AI A1V ရဲ့
RTX 4060 ကို 1080P Ultra (သို့မဟုတ်) Very High Setting မှာ ဂိမ်း၁၂ ခုနဲ့ စမ်းသပ်ကြည့်တဲ့အခါ
ပျမ်းမျှ 87FPS
ခန့်ရရှိတာကိုတွေ့ရပါတယ်။
Cyborg 15 AI A1V မှာ တပ်ဆင်ထားတဲ့ RTX
4060 ဟာ 45W အထိသာ
အမြင့်ဆုံးရတယ်ဆိုပေမယ့် single core စွမ်းဆောင်ရည်ကောင်းတဲ့
Core Ultra CPU အသစ်ကြောင့် မနှစ်ကစမ်းသပ်ခဲ့တဲ့မော်ဒယ်ထက်
ဂိမ်းကစားရာမှာ စွမ်းဆောင်ရည်တိုးတက်လာတာကိုတွေ့ရပါတယ်။
Ray Tracing နဲ့ DLSS 3 အတွက် Cyberpunk 2077 ကို 1080Pမှာ Setting အမျိုးမျိုးနဲ့စမ်းသပ်ထားပြီး DLSS 3 frame generation နဲ့ DLSS Quality မှာတွဲဖက်ကစားမယ်ဆိုရင် 94 FPS လောက်အထိ ရပါတယ်။ Cyberpunk 2077 ရဲ့ Graphics တောင်းဆိုမှုမြင့်မားလှတဲ့ Path Tracing ကိုတော့ ပုံမှန်အတိုင်းကစားဖို့ မဖြစ်နိုင်ပေမယ့် DLSS Quality နဲ့ Frame Generation တို့ရဲ့အကူအညီနဲ့ဆိုရင် 40 FPS ဝန်းကျင်မှာ ရရှိတာတွေ့ရပါတယ်။ Cyberpunk 2077 လို တောင်းဆိုမှုမြင့်မားလှတဲ့ ဂိမ်းကို DLSS 3 အကူအညီနဲ့ Fan တစ်ခုသာပါဝင်တဲ့ Gaming Laptop နဲ့ Path Tracing ပါဖွင့်ကစားနိုင်တာက အားရစရာလို့ဆိုနိုင်ပါတယ်။
Cyborg 15 AI A1V မှာ Intel ရဲ့ ARC Integrated Graphics အသစ်လည်းပါဝင်ပြီး
ယခင် Xe Graphics ထက်သိသိသာသာစွမ်းဆောင်ရည်ပိုကောင်းလာပါတယ်။
တစ်ချို့ဂိမ်းတွေမှာဆိုရင် 720P Lowest Setting မှာ
ကောင်းကောင်းကစားနိုင်စွမ်းရှိတာကို တွေ့ရပါတယ်။
Cyborg 15 AI A1V ရဲ့ ဘက်ထရီသက်တမ်းကို စမ်းသပ်ရာမှာ 53.5WHr ဘက်ထရီဟာ Audio Level နဲ့ Brightness ကို 50% နဲ့ Power Balanced Mode မှာ Netflix ကြည့်တာ ၅နာရီကျော်ကြည့်လို့ရပါတယ်။ ဒါဟာ ပုံမှန် Gaming Laptop တွေလောက်ရတယ်ဆိုနိုင်ပြီး ဒီထက်နည်းတဲ့ Workload တွေနဲ့ Battery Saving Mode တွေမှာထားရင် ပိုအသုံးခံမယ်လို့ထင်ပါတယ်။ အားပြန်သွင်းချိန်မှာ နာရီဝက်နဲ့ 50% လောက်အားဝင်ပြီး အားအပြည့်ဖြစ်ဖို့က ၂နာရီခွဲခန့်ကြာမြင့်တာကို တွေ့ရပါတယ်။ ဂိမ်းဆော့ကြည့်ရာမှာ အချိန်တစ်နာရီကျော်တယ်ဆိုရုံသာရပါတယ်။ ဘက်ထရီပိုင်းအနေနဲ့ Cyborg 15 AI A1V မှာ CPU ပိုင်းအနေနဲ့ Core တွေပိုမိုများပြားစွာပါဝင်လာသည့်တိုင် မနှစ်ကမော်ဒယ်အတိုင်း ဘက်ထရီအသုံးခံနေသေးတာကိုတွေ့ရပါတယ်။
Temperatures and Noise
Gaming Laptop တွေမှာ အများအားဖြင့် Cooling ပိုင်းအတွက် fan တွေကို GPU နဲ့ CPU အတွက် ၁ခုစီ ထည့်ပေးထားလေ့ရှိပါတယ်။ Cyborg 15 AI A1V မှာတော့ ယခင်မော်ဒယ်အတိုင်း CPU နဲ့ GPU ၂ခုလုံးအတွက် heat pipe ၃ချောင်းသာ အသုံးပြုတဲ့ Shared-Pipe Design ကို ဆက်လက်အသုံးပြုထားတာတွေ့ရပါတယ်။ ဒါတင်မက MSI ဟာ Fan တစ်ခုတည်းပါတဲ့ Cyborg 15 AI A1V ကို အပူမလွန်ကဲစေဖို့ CPU နဲ့ GPU ပါဝါစားသုံးမှုကို လျော့ချပြီး ပါးပါးနပ်နပ်ဖြေရှင်းထားသလို Core Ultra CPU ရဲ့ တည်ဆောက်ပုံကြောင့်လည်း ယခင်ထက်အပူချိန်လျော့နည်းတာကို တွေ့ရပါတယ်။ဂိမ်းကစားတဲ့အခါ Fan ကို
Auto Mode မှာထားကစားရင် အများဆုံး CPUက 81°C နဲ့
GPU က 66°C လောက်တက်လာပြီး
Cooler Boost ဖွင့်ပြီး ကစားမယ်ဆိုရင် CPU
က 77°C နဲ့
GPU က 62°C အထိကျဆင်းသွားတာတွေ့ရပါတယ်။
အသေးစိတ်ကို ပုံမှာပြထားပါတယ်။
ဆူညံမှုဘက်ကိုပြောရရင် Cyborg 15 AI A1V Cooler Boost ဖွင့်ထားတဲ့အချိန်မှာ အခြား Gaming Laptop တွေနဲ့မကွာလှပေမယ့် Idle အခြေအနေမှာဆိုရင်တော့ အသံဆူညံမှုပိုမိုမြင့်မားနေတာကို တွေ့ရပါတယ်။ အထူးသဖြင့် Workload မများတဲ့ ဂိမ်းတွေ Download ဆွဲနေတဲ့အချိန်မှာကို Fan အသံကျယ်နေတာပါ။ ဒီလိုကျယ်တယ်ဆိုပေမယ့် မနှစ်ကမော်ဒယ်လောက်တော့ ဆူညံမှုမရှိတော့တာကိုတွေ့ရပါတယ်။ ဒီဟာ ယခင် Intel CPU တွေထက် Power Management ပိုင်းပိုမိုကောင်းမွန်လာတဲ့ Core Ultra CPU အသစ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အသေးစိတ်ကို သက်ဆိုင်ရာ Graph မှာ အရင် Laptop တွေနဲ့ ဘယ်လိုကွာခြားသလဲဆိုတာ နှိုင်းယှဥ်ပြသထားပါတယ်။
Clock Speed and Power Draw
Clock Speed ပိုင်းကိုပြောရရင် Core Ultra 7-155H ဟာ အချို့သော Benchmark တွေမှာဆို Single Core မှာ P-Cores ဟာ 4.8GHz အထိရပါတယ်။ Battlefield V ဂိမ်းဆော့နေချိန်မှာဆို အချို့ဂိမ်းတွေမှာ P-Cores တွေဟာ 4.6 GHzအထိရပြီး အများအားဖြင့်တော့ 4.4GHzအထိရကာ E-Cores တွေက 3.8GHz ဝန်းကျင်မှာရှိပါတယ်။ CPU Rendering လုပ်ချိန်မှာ Multi Core မှာတော့ P-Cores တွေဟာ 3.0GHz နဲ့ E-cores တွေဟာ 2.6GHz အထိသာ အများဆုံးတွန်းပေးတာတွေ့ရပါတယ်။ပါဝါသုံးစွဲမှုအနေနဲ့ CPU ဟာ
Single Core Load မှာ 22W
လောက်သာအသုံးပြုတာ တွေ့ရပါတယ်။ Multi Core CPU
Rendering လုပ်နေချိန်မှာ အများအားဖြင့် 55W
အထိရှိတာတွေ့ရပါတယ်။ ဂိမ်းကစားတဲ့အချိန်မှာတော့ အများအားဖြင့် CPU
ဟာ 28~40W မှာရှိပြီး
GPU ကတော့ 30~43W ဝန်းကျင်မှာ ရှိပါတယ်။ GPU ကိုအရမ်းအသားပေးတဲ့
Workload တွေမှာဆို 45W ဝန်းကျင် သုံးနေတာတွေ့ရပြီး CPU ကတော့ အဲအချိန်မှာ 11W လောက်သာရှိပါတယ်။
#EnThueTech
#Review
#Gaming #Laptop
#MSI #Cyborg15 #RTX4060
The Good
- Equipped with the latest generation Intel Core Ultra CPU
- Better performance than the previous model with RTX 4060
- New AI features
- Less noise than the previous model
The Bad
- Still a clicky trackpad
- Dim display
Conclusion
အချုပ်ဆိုရရင် Cyborg 15 AI A1V ဟာ ဒီဇိုင်းပိုင်းမှာတိုးတက်ပြောင်းလဲမှုမရှိဘူးဆိုနိုင်ပေမယ့် အခြားနေရာတွေမှာပိုမိုကောင်းမွန်လာကိုတွေ့ရပါတယ်။ အထူးသဖြင့် CPU ပိုင်းမှာ နောက်ဆုံးထွက် Meteor Lake CPU ကိုသုံးပေးထားတာ၊ RGB Keyboard ဖြစ်လာတာ၊ Display မှာ Dynamic Refresh Rate ကို အထောက်အပံ့ပေးလာတာနဲ့ ဂိမ်းကစားတဲ့စွမ်းဆောင်ရည်မှာလည်း မနှစ်ကမော်ဒယ်ထက်ကို သိသိသာသာကောင်းမွန်လာတာတွေ့ရပါတယ်။ ဒါတင်မက အပိုထပ်ဆောင်းပါဝင်လာတဲ့ AI Feature တွေကလည်း သင့်ရဲ့လုပ်ငန်းခွင်အတွက် ပိုမိုအကျိုးရှိစေမှာဖြစ်ပါတယ်။ ဒါပေမယ့် အားနည်းချက်အနေနဲ့ Screen ဟာ အလင်းအားနည်းတာကိုတွေ့ရသလို မနှစ်ကမော်ဒယ်မှာ သဘောမကျခဲ့တဲ့ Trackpad က အနည်းငယ်လှုပ်နေပြီး အသံနည်းနည်းထွက်နေတာကို ပြင်ဆင်မှုမရှိသေးတာကိုတော့ သဘောမကျမိပါဘူး။ ဘယ်လိုပဲံဖြစ်ဖြစ် $1300 ဝန်းကျင် MSI Cyborg 15 AI A1V ဟာ စတိုင်ကျတဲ့ Gaming Laptop တစ်ခုအဖြစ်ဆက်လက်ရှိနေပြီး တိုးတက်မှုတွေမြင်လာရတာတော့ အသေချာပဲလို့ဆိုနိုင်ပါတယ်။ ဒီ Review အတွက်ကျွန်တော့ကို Review Unit ငှားပေးတဲ့ MSI Gaming ကိုလည်း အထူးကျေးဇူးတင်ပါတယ်။#EnThueTech
#Review
#Gaming #Laptop
#MSI #Cyborg15 #RTX4060
0 Comments