Image: Blur Busters |
မော်နီတာထုတ်လုပ်သူတွေဟာ refresh rate အကန့်အသတ်တွေကို အမြဲတမ်းချိုးဖျက်ဖို့ကြိုးပမ်းနေကြပြီး Asus ဟာ လက်ရှိမှာ ROG Swift PG248QP gaming display နဲ့ 540Hz မှာ ဦးဆောင်နေပါတယ်။ သို့ပင်သော်ငြား တရုတ်နိုင်ငံအခြေစိုက် appliance ထုတ်လုပ်သူ TCL ရဲ့ လုပ်ငန်းခွဲဖြစ်တဲ့ TCL CSOT ဟာ Display Week 2024 မှာ 4K@1000Hz မော်နီတာတစ်ခုကိုပြသခြင်းအားဖြင့် refresh rate ပြိုင်ပွဲဟာ ဆက်ရှိနေဖို့ အခွင့်အလမ်းတွေကျယ်ပြန့်နေကြောင်း အချက်ပြနေပါတယ်။
TCL က မြင့်မားတဲ့ refresh rate နည်းပညာကို ပထမဆုံး 4K resolution မှာ အသုံးပြုခဲ့ခြင်းက အင်မတန်မှထူးခြားပါတယ်။ နှိုင်းယှဥ်ကြည့်မယ်ဆိုရင် Asus ROG Swift 540Hz မော်နီတာဆိုရင် 1080p resolution သာ ပါဝင်ပါတယ်။ LG ကလည်း ရုပ်ရှင်ကြည့်ရှုခြင်းနဲ့ productivity အတွက် 4K အပြင် ဂိမ်းကစားဖို့အတွက် 480Hz နှစ်မျိုးစလုံးကို ပြုလုပ်နိုင်တဲ့ dual refresh rate မော်နီတာကို မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် LG UltraGear မော်နီတာမှာ 4K resolution နဲ့ အများဆုံး 240Hz သာရရှိနိုင်ပြီး Full HD ကို လျှော့ချအသုံးပြုမှသာ အမြင့်ဆုံး refresh rate ကို အသုံးပြုနိုင်တာဖြစ်ပါတယ်။စက်မှုလုပ်ငန်းက အတွင်းကျကျသိရှိသူတွေကတော့ 1000 Hz ကို အနိမ့်ဆုံး resolution တွေမှာ ပထမဆုံး မိတ်ဆက်မယ်လို့ မျှော်လင့်ထားကြပါတယ်။ TestUFO motion test ဖန်တီးသူဖြစ်တဲ့ Blur Busters က TCL CSOT ရဲ့ 4K@1000Hz မော်နီတာသတင်းကို ဝေမျှခဲ့ပြီး "1000Hz ရောက်လာမယ်ဆိုတာမျှော်လင့်ထားပေမယ့် 4K resolution မှာ အရင်ထွက်လာလိမ့်မယ်ဆိုတာ မမျှော်လင့်ထားခဲ့ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။
TCL CSOT မော်နီတာမှာ ဘယ် display နည်းပညာကိုအသုံးပြုထားတယ်ဆိုတာသေချာမသိရေသးပေမယ့် LED နည်းပညာကို အသုံးပြုသည်လို့ ယူဆရပါတယ်။ သို့သော်ငြား Samsung နဲ့ LG တို့ကတော့ 480Hz နဲ့ 360Hz refresh rate ရှိတဲ့ 4K OLED မျက်နှာပြင်တွေကို ထုတ်လုပ်ခဲ့ပြီးဖြစ်ပါတယ်။
Display Week 2024 မှာ ပြသခဲ့တဲ့ မြင့်မားတဲ့ refresh rate မျက်နှာပြင်တွေဟာ အနာဂတ်မော်နီတာတွေအတွက် လမ်းကြောင်းသစ်တစ်ခုကို ပြသနေပါတယ်။ နေ့စဉ်အသုံးပြုဖို့ 60Hz refresh rate က လုံလောက်တယ်လို့ ထင်ရပေမယ့် အထူးသဖြင့် သင့်အနေနဲ့ competitive gaming အတွက်ကတော့ refresh rate မြင့်မားတဲ့ မော်နီတာတွေ လိုအပ်လာမယ်လို့ Nvidia ဘက်က ယူဆထားပါတယ်။ ဒါ့အပြင် TechSpot ကလည်း မြန်ဆန်တဲ့ refresh rate တွေဟာ productivity မှာလည်း အကျိုးရှိကြောင်း “အထူးသဖြင့် ဝက်ဘ်ဆိုက်ကြည့်ရှုခြင်းနဲ့ စာသားတွေကို scroll လုပ်ခြင်းတို့မှာ မြင့်မားတဲ့ refresh rate နဲ့ တုန့်ပြန်မှုကောင်းမွန်ခြင်းတို့က ရုပ်ထွက်ပိုမိုရှင်းလင်းပြီး ချောမွေ့တဲ့ခံစားမှုကိုပေးနိုင်ကြောင်း” ဆိုထားပါတယ်။
TCL CSOT 4K@1000Hz မော်နီတာကို လက်ရှိဝယ်ယူလို့ရရှိနိုင်ခဲ့ရင်တောင်မှ လက်ရှိမှာ သူ့ရဲ့ စွမ်းရည်ကို အသုံးပြုနိုင်တဲ့ ကွန်ပျူတာပစ္စည်းတွေမရှိသေးပါဘူး။ ယနေ့စွမ်းအားအကောင်းဆုံး GPU တစ်ခုဖြစ်တဲ့ RTX 4090 တောင်မှ DisplayPort 2.1 ကိုအထောက်အပံ့မပေးတဲ့အတွက် Samsung Odyssey Neo G9 ရဲ့ 240 Hz ကိုအသုံမပြုနိုင်သေးပါဘူး။ ဒါ့အပြင် ဒီ 1000Hz မော်နီတာဟာ concept သာဖြစ်ပြီး TCL CSOT ရဲ့ စွမ်းရည်ကို ပြသရန် ဖန်တီးထားတဲ့ မော်နီတာတစ်ခုသာဖြစ်ပါတယ်။
Source: Tom's Hardware
#EnThueTech
#News
#Monitor
#Gaming
0 Comments