Subscribe Us

header ads

VESA မှ PC နှင့် Laptop များတွင် ပိုမိုကောင်းမွန်သော HDR အတွေ့အကြုံများ ရရှိစေရန် DisplayHDR သတ်မှတ်ချက်ကို ပြောင်းလဲပြင်ဆင်


Image via OC3D

Video Electronic Standard Association (VESA) က DisplayHDR လို့ခေါ်ဆိုတဲ့ HDR အတွက်စံနှုန်းသတ်မှတ်ချက်တွေထားရှိခဲ့တာ ဆယ်စုနှစ်တစ်ဝက်ကျော်လာခဲ့ပါပြီ။ ရည်ရွယ်ချက်ကတော့ သုံးစွဲသူတွေအနေနဲ့ PC Monitor တစ်ခု(သို့မဟုတ်) Laptop တစ်ခုစသည်ဖြင့် HDR ပါဝင်တဲ့ display တွေကိုဝယ်ယူတဲ့အခါမှာ တရားဝင်သတ်မှတ်ချက်နဲ့ အခြေခံအမြင်အာရုံစွမ်း‌ဆောင်ရည်ကို ကိုက်ညီစေဖို့ ဖြစ်ပါတယ်။ အခု၇နှစ်နီးပါးအကြာမှာ VESA ဟာ DisplayHDR မှာ "အဓိကမွန်းမံမှု"လို့ဆိုတဲ့ DisplayHDR version 1.2 ကို ကြေညာလိုက်ပါတယ်။

DisplayHDR စံနှုန်းသတ်မှတ်ချက် အဆင့်အမျိုးမျိုးအတွက် အဓိကသော့ချက်တစ်ခုက nits နဲ့တိုင်းတာတဲ့ အနည်းဆုံးရှိရမယ့် အမြင့်ဆုံး brightness ပဲဖြစ်ပါတယ်။ ၎င်းဟာ DisplayHDR အမည်အပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ဥပမာပြောရရင် အနိမ့်ဆုံးအဆင့်‌ဖြစ်တဲ့ DisplayHDR 400 မှာ အခြားသတ်မှတ်ချက်တွေရှိပေမယ့် အဓိကလိုအပ်ချက်က display ရဲ့ brightness ဟာ 400 nits နဲ့အထက်ရှိနေရမှာဖြစ်ပါတယ်။ ဒီလိုပဲ DisplayHDR 600 ဆိုရင် brightness ဟာ 600 nits အစရှိသဖြင့် သတ်မှတ်ထားတဲ့ brightness တွေရှိနေရပါမယ်။

ဒီလို brightness သက်မှတ်ချက်တွေအားလုံးဟာ DisplayHDR 1.2 specifications မှာ ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ DisplayHDR 400 အနေနဲ့အနိမ့်ဆုံးအဆင့်မှာ ဆက်ရှိနေမှာဖြစ်ပြီး PC Monitor တစ်ခု(သို့မဟုတ်) Laptop တစ်ခုအနေနဲ့ peak brightness က 400 nits အထိရနေရင် certified ဖြစ်နိုင်ပါတယ်။ သို့ပင်သော်ငြား VESA ဘက်က အခြားspecification ဖြစ်တဲ့ အရောင်တိကျမှုအပိုင်းမှာတိုးတက်စေဖို့ color gamut လိုအပ်ချက်တွေကို ပိုမိုတင်းကျပ်လာတာကိုတွေ့ရပါတယ်။

ဒီထဲမှာ DisplayHDR 400 အဆင့်အတွက် DCI-P3 color gamut လိုအပ်ချက်တစ်ခုကိုထပ်မံဖြည့်စွက်လာသလို DisplayHDR 500၊ 600 နဲ့ 1000 တို့ရဲ့ DCI-P3 color gamut လိုအပ်ချက်ကိုလည်း DisplayHDR 1400 နဲ့တူညီအောင်တိုးမြှင့်လာပါတယ်။ DisplayHDR 1.2 အနေနဲ့ color bit-depth လိုအပ်ချက်ကိုလည်း DisplayHDR 400 အဆင့်အထိထပ်တူပြုခဲ့ပြီး DisplayHDR အဆင့်အားလုံးမှာ 10-bit color ရှိဖို့လိုအပ်တယ်လို့ဆိုပါတယ်။ 10-bit ရရှိဖို့အတွက် native ဖြစ်ဖို့ရာမလိုအပ်ပဲ အနည်းဆုံးအနေနဲ့ 8 bit + 2-bit frame rate control-FRC (8-bit display မှာ အပို 2-bit ပိုရအောင် pixel တွေကိုအမြန်ပြောင်းပြခြင်း) လိုအပ်တယ်" လို့ VESA ကဆိုပါတယ်။

Image: VESA

DisplayHDR 1.2 သက်မှတ်ချက်မှာ black levels၊ contrast ratio၊ color accuracy နဲ့ subtitle flicker တို့ကိုစမ်းသပ်နိုင်မယ့် စမ်းသပ်မှုလိုအပ်ချက်တွေလည်းပါဝင်လာပါတယ်။ ဒီ အဆင့်မြှင့်ထားတဲ့လိုအပ်ချက်တွေက အနိမ့်ဆုံးအဆင့်‌ဖြစ်တဲ့ DisplayHDR 400 အတွက်အသစ်စက်စက်လိုအပ်ချက်တွေက 1,300:1 static contrast ratio နဲ့ 90% DCI-P3 color space ရှိဖို့လိုအပ်တာပါပဲ။ ဒါက contrast ratio 3000:1 ဝန်းကျင်ရတဲ့ VA panel တွေအတွက် မသိသာပေမယ့် contrast ratio 1000:1 သာရှိတဲ့ IPS panel တွေအနေနဲ့ certified မရနိုင်တော့ပါဘူး။

HDR ဟာ အလွန်အရေးပါတဲ့ feature တစ်ခုဖြစ်လာပါတယ်၊ အထူးသဖြင့် ဂိမ်းကစားခြင်းမှာပါ" လို့ HP ရဲ့ အရောင်ပိုင်းဆိုင်ရာ Distinguished Technologist နဲ့ VESA ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ Greg Staten ကဆိုပါတယ်။ မိမိတို့အနေနဲ့ VESA DisplayHDR 1.2 ကိုထုတ်ပြန်လိုက်ခြင်းကြောင့် အရည်အသွေးနဲ့တိကျမှုကို ဆက်လက်မြင့်တက်စေပြီး သုံးစွဲသူတွေဘက်က VESA DisplayHDR အမှတ်တံဆိပ်အသုံးပြုထားတဲ့ display တွေရဲ့ အရည်အသွေးဟာ ယုံကြည်စိတ်ချရကြောင်း သေချာစေမှာဖြစ်တယ်" လို့ သူကဆိုပါတယ်။

VESA အနေနဲ့ သုံးစွဲသူအပိုင်းမှာ လေ့လာမှုတွေထပ်မံဆောင်ရွက်သွားမယ်လို့ဆိုပြီး DisplayHDR 1.2 ကို အလုံးစုံမစတင်ခင် DisplayHDR 1.1 သတ်မှတ်ချက်ကို မော်နီတာတွေအတွက် ၂၀၂၅ ခုနှစ် မေလကုန်အထိ နဲ့ laptop တွေအတွက် ၂၀၂၆ မေလအထိ ထောက်ခံမှုပြုလုပ်ပေးသွားမယ်လို့ဆိုပါတယ်။ ဒါဟာ အနည်းငယ် စိတ်ပျက်ဖွယ်ကောင်းတယ်ဆိုပေမယ့် ထုတ်လုပ်သူတွေရဲ့ DisplayHDR 1.1 အပေါ် အခြေခံပြီးဖန်တီးထားတဲ့ ထုတ်ကုန်တွေအတွက် တရားမျှတမှုရှိစေလိုပုံရပါတယ်။

Source Hot Hardware

#EnThueTech
#News
#Display

Post a Comment

0 Comments