Subscribe Us

header ads

ပိတ်ဆို့အရေးယူမှုများရှိနေသော်လည်း NVIDIA အနေဖြင့် ၎င်း၏အဆင့်မြင့် AI ပရိုဆက်ဆာများကို အရှေ့အလယ်ပိုင်းနိုင်ငံများထံ ရောင်းချသွားမည်

Image: NVIDIA

အမေရိကန်ပြည်ထောင်စုက အဆင့်မြင့် AI နဲ့ HPC ပရိုဆက်ဆာတွေအတွက် ၎င်းရဲ့နောက်ဆုံးထုက်ကုန်ထိန်းချုပ်မှုစည်းမျဉ်းတွေ ချမှတ်ခဲ့ချိန်မှာ တရုတ်ကုမ္ပဏီတွေကိုသာမက အဆိုပါစက်ပစ္စည်းတွေကို အရှေ့အလယ်ပိုင်းနိုင်ငံအများအပြားကိုပါ မရောင်းချဖို့ ကန့်သတ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သတင်းတစ်ခုကတော့ Nvidia အနေနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံက ဆက်သွယ်ရေးအော်ပရေတာကြီးတစ်ခုကို သူ့ရဲ့ AI GPUs တွေကိုရောင်းချဖို့အတွက် ပို့ကုန်လိုင်စင်ရနိုင်မယ်လို့ ယုံကြည်နေကြောင်းဆိုထားပါတယ်။

Nvidia ဟာ Ooredoo နဲ့ အရှေ့အလယ်ပိုင်းနိုင်ငံ ၅နိုင်ငံက ဒေတာစင်တာတွေမှာ သူတို့ရဲ့ AI နည်းပညာကို မိတ်ဆက်ဖို့အတွက် သဘောတူစာချုပ် လက်မှတ်ထိုးခဲ့ကြောင်း ရိုက်တာသတင်းကဖော်ပြထားပါတယ်။ ဒီသဘောတူညီမှုက အမေရိကန်ပြည်ထောင်စုအနေနဲ့ အဆင့်မြင့် AI နဲ့ HPC ပရိုဆက်ဆာတွေကို တရုတ်နိုင်ငံဘက်က နောက်ဆုံးပေါ်နည်းပညာတွေအသုံးချပြီး ၎င်းတို့ရဲ့large language AI မော်ဒယ်တွေကို လေ့ကျင်တာ (သို့မဟုတ်) ၎င်းတို့ရဲ့ စစ်ရေးစွမ်းရည်ကိုတိုးတက်အောင် ဆောင်ရွက်ခြင်းမပြုနိုင်အောင် ပိတ်ပင်ထားတဲ့နေရာမှာ Nvidia ရဲ့ ပထမဆုံး ကြီးမားတဲ့ ချဲ့ထွင်မှုအဖြစ် အချက်ပေးနေတာဖြစ်ပါတယ်။

တယ်လီကွန်းကုမ္ပဏီကြီးဖြစ်တဲ့ Ooredoo ဟာ ကာတာ၊ အယ်လ်ဂျီးရီးယား၊ တူနီးရှား၊ အိုမန်၊ ကူဝိတ်နဲ့ မော်လ်ဒိုက်နိုင်ငံတွေမှာ တည်ရှိတဲ့ သူတို့ရဲ့ ဒေတာစင်တာတွေမှာ Nvidia ရဲ့ AI နဲ့ HPC GPUs တွေကို တပ်ဆင်ဖို့ကမ်းလှမ်းမှာဖြစ်ပါတယ်။ ဒီအတွက် Ooredoo ဟာ ဒေသအတွင်း သူ့ရဲ့ဖောက်သည်တွေကို ခုလိုဝန်ဆောင်မှုပေးနိုင်တဲ့ ပထမဆုံးကုမ္ပဏီဖြစ်လာပြီး generative AI အက်ပလီကေးရှင်းတွေကို ဖြန့်ကျက်ရာမှာ အားသာချက်တွေရလာမှာဖြစ်ပါတယ်။ Ooredoo အနေနဲ့ ဒီ GPU တွေကို တရုတ်ဘက်ကအသုံးမပြုနိုင်အောင် ဘယ်လိုကာကွယ်ကာကွယ်မလဲဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ 

Ooredoo ရဲ့ CEO ဖြစ်သူ Aziz Aluthman Fakhroo က သူတို့ရဲ့ စီးပွားရေးဝန်ဆောင်မှုတွေက သူတို့ယှဉ်ပြိုင်သူတွေအနေနဲ့ ၁၈ လမှ ၂၄ လအတွင်း မရနိုင်တဲ့ ဝန်ဆောင်မှုတွေကို ရနိုင်အောင် ဒီသဘောတူညီမှုက အခွင့်အရေးပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ စိတ်မကောင်းစရာက Nvidia ဟာ အရှေ့အလယ်ပိုင်းမှာရှိတဲ့ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေထံ ဘယ် GPU တွေထောက်ပံ့ပေးမလဲဆိုတာ မသိရသေးတဲ့အပြင် သဘောတူညီချက်ရဲ့တန်ဖိုးကိုလည်း ထုတ်ဖော်ပြောကြားထားတာမရှိပါဘူး။ အမေရိကန်အနေနဲ့ Nvidia ရဲ့ နည်းပညာအချို့ကို အရှေ့အလယ်ပိုင်းနိုင်ငံတွေကိုတင်သွင်းခွင့်ပြုထားတယ်ဆိုပေမယ့် အဆင့်မြင့်ချစ်ပ်တွေကိုတော့ ကန့်သတ်ထားပါတယ်။  က Ooredoo ကို ဘယ် Nvidia GPU အမျိုးအစားတွေအသုံးပြုမလဲဆိုတာ မသတ်မှတ်ထားဘဲ ၎င်းက ရရှိနိုင်မှုနဲ့ ဝန်ဆောင်မှုလိုအပ်ချက်ပေါ် မူတည်မှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ 

Ooredoo က သူ့ရဲ့ ဒေတာစင်တာ စွမ်းရည်ကို ၂၀-၂၅ မက်ဂါဝပ်အထိချဲ့ထွင်ဖို့ သန်း ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး ၂၀၂၀ နောက်ပိုင်းမှာ စွမ်းရည်ကို ၃ ဆနီးပါး အထိချဲ့ထွင်ဖို့ ရည်ရွယ်ထားပါတယ်။

Ooredoo က သူ့ရဲ့ ဒေတာစင်တာတွေကို သီးခြားလုပ်ငန်းတစ်ခုအဖြစ် ခွဲထုတ်ထားပြီး သူ့ရဲ့ ရေအောက်ကေဘယ်ကြိုးနဲ့ ဖိုင်ဘာကွန်ရက်ကို သီးခြား လုပ်ငန်းတစ်ခုအဖြစ် လည်ပတ်သွားဖို့  စီစဉ်နေပါတယ်။ ဒီအရွေ့တွေဟာ သူ့ရဲ့လုပ်ငန်းတွေကို အကောင်းဆုံးလည်ပတ်စေဖို့နဲ့ သူ့ရဲ့စျေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကိုတိုးတက်စေဖို့ ချမှတ်ထားတဲ့ Ooredoo ရဲ့ မဟာဗျူဟာ အစိတ်အပိုင်းဖြစ်ပါတယ်။

Source: Tom's Hardware

Post a Comment

0 Comments