|
Image: AMD |
ဒါဟာ Zen 5 အနေနဲ့ Zen 4 ထက် Geomean အရ IPC ၁၆%တိုးတက်မှုကို ပေးနိုင်တယ်လို့ ဆိုပါတယ်။
Performance နဲ့ Specifications
Zen 5 ဟာ IPC မှာအရမ်းတိုးတက်လာတယ်ဆိုပေမယ့် clock speed တွေက Zen 4 နဲ့ ဆင်တူမှာပါ။ Flagship ဖြစ်တဲ့ Ryzen 9 9950X ဟာ 5.7 GHz boost clock ရှိပြီး Ryzen 9 7950X နဲ့အတူတူဖြစ်တာမို့ စွမ်းဆောင်ရည်တိုးတက်မှုအများစုက architectural ပိုင်းအပြောင်းအလဲတွေကနေလာမှာဖြစ်ပါတယ်။
|
Image: AMD |
Zen 5 မှာ Clock Speed တိုးတက်လာခြင်းမရှိရတဲ့အကြောင်းအရင်းက Zen 4 နဲ့ ဆင်တူတဲ့ TSMC 4nm နည်းပညာကို အသုံးပြုထားတာကြောင့်ပဲဖြစ်ပါတယ်။
|
Image: AMD |
Ryzen 9000 lineup မှာ
- 6-core Ryzen 5 9600X တို့ပါဝင်ပါတယ်။
AMD ဟာ Zen 5 CPU တွေရဲ့ TDP တွေကိုလည်း ပြောင်းလဲထားပြီး 9950X က 170W၊ 9900X က 120W (ယခင် 170W) နဲ့ 9700X နဲ့ 9600X တို့က 65W (ယခင် 105W) ဖြစ်ပါတယ်။ Ryzen 9000 တွေကို ဇူလိုင်မှာ စတင်ဝယ်ယူနိုင်မှာဖြစ်ပြီး စျေးနှုန်းကိုတော့ မသိရသေးပါဘူး။
စွမ်းဆောင်ရည် နှင့် Benchmark များ
AMD အနေနဲ့ စွမ်းဆောင်ရည်တွေအကြောင်းကို များများစားစားထုတ်ဖော်ပြသခဲ့ခြင်းမရှိပေမယ့် Ryzen 9 9950X ကို Intel Core i9-14900K နဲ့ နှိုင်းယှဉ်ချက်အချို့ကို ပြသထားပါတယ်။
|
Image: AMD |
Cinebench R24 မှာဆိုရင် Ryzen 9 9950X ဟာ ၂၁% သာလွန်ပြီး Blender မှာတော့ ၅၆% သာလွန်တယ်လို့ ဆိုပါတယ်။ Gaming performance မှာလည်း ဂိမ်း ၆ခုမှာပျမ်းမျှ ၁၃% တိုးတက်မှုရှိလာတယ်လို့ ဆိုပါတယ်။
AM5 Platform နှင့် Chipsets အသစ်များ
AMD ဘက်က AM5 platform ရဲ့ သက်တမ်းကို ၂၀၂၇ခုနှစ်နဲ့နောက်ပိုင်းအထိ သက်တမ်းတိုးပြီး အထောက်အပံ့ပေးမယ်လို့ အာမခံထားပါတယ်။ ယခင်က ၂၀၂၅ခုနှစ်နောက်ပိုင်းအထိလို့သာပြောဆိုခဲ့တာပါ။ ဒါပေမယ့် Zen 6 architecture အတွက် ထောက်ပံ့မှုကို အသေအချာပြောကြားမှု မရှိသေးပါဘူး။
|
Image: AMD |
ဒါကြောင့် AM5 ကို ၂၀၂၇ခုနှစ်နဲ့နောက်ပိုင်းအထိ အထောက်အပံ့ပေးမယ်ဆိုပေမယ့် Zen 6 မော်ဒယ်တွေအစား refresh လုပ်ထားတဲ့ Zen 5 CPU တွေသာဖြစ်ဖွယ်ရှိပါတယ်။
AM5 Platform နဲ့ အတူ AMD ဟာ 800 series chipsets အသစ်တွေဖြစ်တဲ့ X870 နဲ့ X870E တွေကိုကြေညာခဲ့ပြီး 700 series ကို ကျော်လွှားအသုံးပြုသွားခဲ့ပါတယ်။ X870 နဲ့ X870E chipsets အသစ် အသုံးပြုထားတဲ့ Motherboard တွေမှာ USB4 ကို စံနှုန်းအဖြစ်ထည့်သွင်းထားကာ graphics နဲ့ storage ပိုင်းအတွက်က PCIe 5.0 ကို စံနှုန်းအဖြစ်ထည့်သွင်းထားပါတယ်။
|
Image: AMD |
Memory frequency အထောက်အပံ့ကိုလည်း EXPO ကတဆင့် တိုးမြင့်ရရှိမှာဖြစ်ပါတယ်။ ဘယ်လောက်အထိရရှိမလဲဆိုတာတော့ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ X870 နဲ့ X870E ဘုတ်အသစ်တွေဟာ Zen 4 အခြေခံ Ryzen 7000 နဲ့ Ryzen 8000 CPU တွေကို backwards compatible ဖြစ်မှာဖြစ်သလို Ryzen 9000 CPU တွေကို out of the box အနေအထားနဲ့ အထောက်အပံ့ပေးမှာပါ။ လက်ရှိ 600 series motherboard တွေကတော့ Ryzen 9000 CPU တွေကို BIOS update ကတဆင့် အထောက်အပံ့ပေးမှာပါ။
AM4 အတွက် Ryzen 9 5900XT နှင့် Ryzen 7 5800XT
AMD ဟာ AM4 အတွက် Ryzen 9 5000XT series တွေဖြစ်တဲ့ Ryzen 9 5900XT နဲ့ Ryzen 7 5800XTကိုလည်း ကြေညာခဲ့ပြီး $360 နဲ့ $250 အသီသီးရှိမှာဖြစ်ကာ ဇူလိုင်လမှာဝယ်ယူနိုင်မယ်လို့ဆိုပါတယ်။
|
Image: AMD |
5800XT က 5800X ထက် clock speed 100 MHz ပိုများတဲ့ CPU ဖြစ်ပြီး 5900XTကတော့ Ryzen 9 5950X ကို clock speed 100 MHz လျော့ချထားတာလို့ဆိုနိုင်ပါတယ်။
|
Image: AMD |
5900 လို့ အမည်တပ်ထားပေမယ့် တကယ်တမ်း 5900XT ဟာ 16-core CPU သာဖြစ်ပါတယ်။
Mobile Chips နှင့် AI ပေါင်းစပ်မှု
AMD ဟာ Computex 2024 မှာ Strix Point နဲ့ သူ့မှာပါဝင်လာတဲ့ AI capabilities အသစ်တွေအကြောင်းကိုသာ အသားပေးပြောဆိုသွားပါတယ်။
|
Image: AMD |
AI ပိုင်းမှာဆိုရင် AMD အနေနဲ့ mobile ချစ်ပ်အသစ်တွေကို brand name ပြောင်းလဲပြီး Ryzen AI 300 series အဖြစ်အမည်ပြောင်းလိုက်ပါတယ်။ ဆိုလိုတာက Ryzen 8000 APUs ကနေ Ryzen AI 300 အဖြစ်ပြောင်းလဲသွားမှာဖြစ်ကာ အမည်ပေးပုံက Intel နဲ့ ဆင်တူလာပါတယ်။
|
Image: AMD |
|
Image: AMD |
အခု Mobile chips တွေမှာ Zen 5 CPU cores၊ RDNA 3.5 graphics နဲ့ 50 TOPS performance ရှိတဲ့ NPU အသစ်ပါဝင်မှာပါ။
|
Image: AMD |
ချစ်ပ်အသစ်တွေရဲ့ အမည်တွေက Ryzen AI 9 HX 370 နဲ့ Ryzen AI 9 365 တို့ဖြစ်နေတာကြောင့် ခေါ်ရတာတော့ နည်းနည်းထောက်နေပါလိမ့်မယ်။
|
Image: AMD |
|
Image: AMD |
AMD ဘက်ကတော့ Ryzen 9 AI HX 370 က Qualcomm Snapdragon X Elite၊ Apple M3 နဲ့ Intel Core Ultra 185H တို့ထက် စွမ်းဆောင်ရည်ပိုကောင်းတယ်လို့ဆိုထားပါတယ်။
|
Image: AMD |
ဒီပွဲမှာ Radeon Graphics ပိုင်းအနေနဲ့ RDNA 4 အကြောင်း လုံးဝပြောကြားခဲ့ခြင်းမရှိပဲ ဒီနှစ်နောက်ပိုင်းမှသာ ကြေညာမယ်လို့ယူဆရပါတယ် ဒါကြောင့် ဒီနှစ်ထဲ RDNA 4 GPU တွေမြင်ရဖွယ်မရှိသေးပါဘူး။ Radeon နဲ့သက်ဆိုင်တာဆိုလို့ Radeon W7900 ရဲ့ မျိုးကွဲဖြစ်တဲ့ Radeon Pro W7900 ကိုကြေညာခဲ့ပြီး ပိုမိုကျစ်လစ်ကာ စျေးအနည်းငယ်သက်သာလာတယ်လို့ဆိုပါတယ်။
AMD ရဲ့ Computex 2024 ကြေညာချက်တွေဟာ desktop နဲ့ mobile computing နယ်ပယ်အတွက် ကောင်းမွန်တဲ့နှစ်တစ်ခုလို့ဆိုနိုင်ပြီး သဘောကျစရာပါ။ Ryzen 9000 series မှာ အသုံးပြုလာမယ့် Zen 5 architecture ဟာ တိုးတက်မြင့်မားလာတဲ့ IPC နဲ့ ကောင်းမွန်တဲ့ performance ပေးနိုင်မှာပါ။ X870 motherboards နဲ့ ပတ်သက်တဲ့ အသေးစိတ်တွေကို လာမယ့်ရက်ပိုင်းအတွင်း နိုင်ငံတကာက အင်တာနက်စာမျက်နှာတွေမှာမြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။
Source: AMD and TechSpot
#EnThueTech
#News
#AI
0 Comments