Subscribe Us

header ads

AMD မှ Neural Texture Block Compression နည်းပညာအသစ်ဖြင့် ဂိမ်းများ၏အရွယ်အစားကို ပိုမိုသေးငယ်စေရန်စီစဥ်

Image via OC3D

AMD ဟာ နောက်အပတ် လန်ဒန်မြို့မှာကျင်းပမယ့် EGSR 2024 ပွဲမှာ "Neural Texture Block Compression" နည်းပညာကို ပြသသွားဖို့ စီစဉ်နေပါတယ်။ ဒီနည်းပညာအသစ်က ဂိမ်းတွေရဲ့ဖိုင်အရွယ်အစားကို ပိုမိုသေးငယ်သွားအောင် AI ရဲ့ စွမ်းအားကို အသုံးပြုပြီး texture တွေကို ပိုမိုထိရောက်တဲ့နည်းလမ်းနဲ့ ချုံ့ပေးမှာဖြစ်ပါတယ်။ ဒီနည်းပညာနဲ့အတူ AMD က ဂိမ်းတွေမှာလွယ်ကူစွာထည့်သွင်းနိုင်မယ်၊ ဖိုင်အရွယ်အစားသေးငယ်စေမယ်လို့ ကတိပြုထားပါတယ်။ ဒီ၂ခုလုံးက ဂိမ်း developers တွေကို ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။

AMD ဘက်က ဒီနည်းပညာအသစ်ကို ထောက်ခံနေတာကြောင့် အနာဂတ် PC နဲ့ console ဂိမ်းတွေကို ပိုမိုတိုးတက်ဖို့ ဒီနည်းလမ်းအသစ်အသုံးချနိုင်ပါတယ်။ ဒီအချက်တစ်ချက်တည်းနဲ့တင် developers တွေဘက်က ဒီနည်းပညာအသစ်ကို လက်ခံနိုင်ပါလိမ့်မယ်။ အထူးသဖြင့် အခုခေတ်ပေါ် ဂိမ်းစက်တွေမှာ SD နေရာလွတ်ကလည်း  အကန့်အသတ်ရှိတဲ့အတွက် မှန်တယ်လို့ဆိုနိုင်ပါတယ်။

သီအိုရီအရ AMD ရဲ့ Neural Texture နည်းပညာအသစ်က developers တွေကို အလုပ်ပိုတွင်စေပြီး အသေးစိတ်တဲ့ texture တွေကို ဖန်တီးစေနိုင်ပါလိမ့်မယ်။ ဒီနည်းပညာအသစ်ကြောင့် developers တွေအနေနဲ့ အမြင်ပိုင်းပိုမိုလှပတဲ့ဂိမ်းတွေ (သို့မဟုတ်) လက်ရှိဂိမ်းတွေရဲ့ ရုပ်ထွက်အဆင့်ရှိပေမယ့် ဖိုင်အရွယ်အစားပိုမိုတဲ့ဂိမ်းတွေကို ဖန်တီးလာနိုင်ကြမှာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနည်းပညာက gamers တွေအတွက် ကောင်းတဲ့အရာတစ်ခုဖြစ်ပါတယ်။

ရှေ့လျှောက် AI နဲ့ Neural Networks တွေဟာ gamers နဲ့ developers တို့အတွက် အရေးကြီးလာပါလိမ့်မယ်။ အနာဂတ် ဂိမ်းစက်မျိုးဆက်အားလုံးမှာ AI acceleration hardware တွေ ပါဝင်လာမှာ မလွဲဧကန်ပါပဲ။ ဒါတင်မက developers တွေက AI ကို ဂိမ်းဖန်တီးမှုပိုင်းမှာ အကူအညီပေးဖို့ နည်းလမ်းအသစ်တွေ တွေ့ရှိလာပါလိမ့်မယ်။ နောက်ထပ် ဂိမ်းကစားနေစဥ်အတွင်းမှာလည်း AI hardware တွေကို အသုံးချမယ့်နည်းလမ်းတွေ ရှာဖွေတွေ့ရှိလာပါလိမ့်မယ်။ ယနေ့ဆိုရင် ကျွန်တော်တို့မှာ AI upscaling နဲ့ AI Frame Generation တွေရှိနေပါတယ်။ အချိန်နဲ့အမျှ AI ကို ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့နည်းလမ်းတွေနဲ့ အသုံးပြုလာနိုင်မှာပဲဖြစ်ပါတယ်။

Source: OC3D

Post a Comment

0 Comments