Subscribe Us

header ads

Apple ကိုကျော်လွန်၍ ၃ထရီလီယံ တန်ကြေးရှိလာသည့် NVIDIA နှင့် ၁၃ယောက်မြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည့် Jensen Huang

Image: SAM YEH/AFP via Getty Images

CNBC သတင်းအရ မနေ့က NVIDIA ရဲ့ ရှယ်ယာတွေဟာ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၁၂၂၄.၄၀ ဒေါ်လာသို့ရောက်ရှိကာ ကုမ္ပဏီရဲ့စျေးကွက်တန်ဖိုးကို ဒေါ်လာ ၃.၀၁ထရီလီယံ အထိမြှင့်တင်ပေးခဲ့ပါတယ်။ ဒါကြောင့် NVIDIA ဟာ Apple ရဲ့ ဒေါ်လာ ၃ထရီလီယံတန်ကြေးကို ကျော်လွန်ပြီး Microsoft ရဲ့ ဒေါ်လာ ၃.၁၅ထရီလီယံပြီးနောက် ဒုတိယအကြီးဆုံးအများပိုင်ကုမ္ပဏီဖြစ်လာတာပါ။

နောက်ဆုံးနှစ်အနည်းငယ်အတွင်း NVIDIA ဟာ AI ပြိုင်ပွဲမှာဦးဆောင်ထားနိုင်ခြင်းကြောင့်အလွန်အံ့သြဖွယ်ကောင်းလောက်အောင် အဆင့်ဆင့်တိုးတက်လာပါတယ်။ NVIDIA ဟာ AI နည်းပညာကိုလေ့လာလိုတဲ့ကုမ္ပဏီတွေရဲ့ အဓိက chip တင်သွင်းသူတစ်ခုအဖြစ်သို့ရောက်ရှိလာပြီးနောက် စျေးကွက်ဝေစု ၇၀% ကနေ ၉၅% အထိရရှိထားတဲ့ AI accelerator တွေကိုထုတ်လုပ်နေတာဖြစ်ပါတယ်။

Courtesy: companiesmarketcap.com

နောက်ဆုံးနှစ်နှစ်အတွင်း Nvidia ရဲ့စျေးကွက်တန်ဖိုးဟာ အလွန်အမင်းတိုးတက်စွာတက်လာခဲ့ပါတယ်။ Gaming နဲ့ ဂရပ်ဖစ် GPU ချစ်ပ်တွေကြောင့် နာမည်ကျော်ကြားတဲ့ ဒီနည်းပညာကုမ္ပဏီဟာ ယခုနှစ် ဖေဖော်ဝါရီလမှာ ပထမဆုံးအကြိမ် ဒေါ်လာ ၂ထရီလီယံ တန်ဖိုးရှိတဲ့ ချစ်ပ်ဖန်တီးတဲ့ ကုမ္ပဏီတစ်ခုဖြစ်လာပါတယ်။ ဒီရလဒ်ဟာ ၂၀၂၃ ခုနှစ် မေလမှာ ဒေါ်လာ ၁ထရီလီယံတန်ကြေးကိုကျော်လွန်၂၀၂၃ ခုနှစ် မေလမှာ ဒေါ်လာ ၁ထရီလီယံတန်ကြေးကိုကျော်လွန်ပြီးနောက် ၁နှစ်မပြည့်ခင်ရရှိခဲ့တာဖြစ်ပါတယ်။

ဒီအခြေအနေကိုနားလည်ဖို့အတွက် CNBC က လွန်ခဲ့တဲ့နှစ်ငါးနှစ်အတွင်း Nvidia ရဲ့ရှယ်ယာတန်ဖိုးဟာ ၃၂၂၄% တိုးတက်လာခဲ့ကြောင်းရှင်းပြထားပြီး ကျဆင်းမယ့်အရိပ်အယောင်ကိုတောင် မတွေ့ရသေးဘူးလို့ ဆိုပါတယ်။ ကုမ္ပဏီဟာ ယခုနှစ်ပထမသုံးလအတွင်းမှာ ဝင်ငွေ ၂၆ ဘီလီယံဒေါ်လာအထိ ရရှိခဲ့ပြီး ယခင်နှစ်အလားတူကာလနဲ့နှိုင်းယှဉ်ပါက သုံးဆမြင့်တက်လာပါတယ်။


Image via TechSpot

ကုမ္ပဏီဟာ ပြီးခဲ့တဲ့လက AI chip အသစ်တစ်ခုကိုနှစ်တစ်နှစ်စီမှာ ထုတ်လုပ်မယ်လို့ကြေညာခဲ့ပြီး ယခင်ကနှစ်နှစ်မှသာ တစ်ကြိမ်ထုတ်လုပ်ခဲ့တာကို မြှင့်တင်လိုက်ပြီဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး NVIDIA CEO ဖြစ်သူ Jensen Huang ဟာ ပိုင်ဆိုင်မှု ၁၀၇ဘီလီယံရှိလာခဲ့ပြီး လက်ရှိအချိန်မှာ ကမ္ဘာမှာ ၁၃ယောက်မြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာတယ်လို့ဆိုပါတယ်။ သူ့အထက်မှာ ကမ္ဘာမှာ ၁၀ယောက်မြောက် အချမ်းသာဆုံးဖြစ်တဲ့ Warren Buffett(၁၃၅ဘီလီယံ)၊ Mukesh Ambani (၁၀၉ဘီလီယံ) နဲ့ Dell တည်ထောင်သူ Michael Dell (၁၀၉ ဘီလီယံ)တို့သာ ရှိပါတော့တယ်။

Source: IGN and Business Insider

#EnThueTech
#News
#Industry

Post a Comment

0 Comments