Subscribe Us

header ads

CAMM2 (သို့မဟုတ်) အနာဂတ်ဆန်သည့် Memory စံနှုန်းတစ်ခု

Image: Kingston

CAMM2 ဆိုတာ Compression Attached Memory Module ရဲ့ ဒုတိယမျိုးဆက်ဖြစ်ပြီး သည် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်းမှာ ထွက်ပေါ်လာတဲ့ အနည်းငယ်သော စိတ်လှုပ်ရှားဖွယ်ရာ ဟာ့ဒ်ဝဲ ဆန်းသစ်တီထွင်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။ ၎င်းဟာ လက်ပ်တော့ (ဒက်စ်တော့များအပါအဝင်) အတွက် ပိုမိုမြန်ဆန်ထိရောက်တဲ့ Memory ကို ပေးစွမ်းနိုင်ပြီး အခုနောက်ပိုင်းပါးလွှာတဲ့ လက်ပ်တော့တွေမှာ ပျောက်ဆုံးလာတဲ့ အဆင့်မြှင့်တင်နိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်တဲ့ Memory အမျိုးအစားလည်းဖြစ်ပါတယ်။

မူလ CAMM ဒီဇိုင်းကို Dell ရဲ့ အင်ဂျင်နီယာတွေက စတင်ဖန်တီးခဲ့တာဖြစ်ပြီး ကျွန်တော့်အနေနဲ့ ဒီအကြောင်းကိုလွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကရေးသားခဲ့ဖူးပါတယ်။ Dell ရဲ့ အင်ဂျင်နီယာတွေက CAMM ရဲ့ အသေးစိတ်အချက်အလက်တွေကို ကုမ္ပဏီတွေအကြား flash storage နှင့် memory format တွေအတွက် စံသတ်မှတ်ချက်တွေချမှတ်နေတဲ့အသင်းအဖွဲ့တစ်ခုဖြစ်တဲ့ JEDEC ကိုပေးအပ်ခဲ့ပါတယ်။ အခုဆိုရင် CAMM အသုံးပြုထားတဲ့ ပထမဆုံး လက်ပ်တော့တွေ စတင်ရရှိနိုင်ပြီဖြစ်ပြီး၊ CAMM2 စံနှုန်းနဲ့ကိုက်ညီတဲ့ ပြိုင်ဘက်တစ်ဦးလည်း ရှိလာပါပြီ။

CAMM2 မှာ နှစ်မျိုးရှိပါတယ် စွမ်းအားပြည့်ဒက်စ်တော့ DDR5 CAMM2 (အရွယ်အစား အမျိုးမျိုးဖြင့်)နဲ့ လက်ပ်တော့တွေအတွက် စွမ်းအင်ကိုထိထိရောက်ရောက်အသုံးချနိုင်တဲ့ LPDDR5 CAMM2 (တစ်ခါတစ်ရံ LP CAMM2 ဟုခေါ်ဆိုသည်) တို့ဖြစ်ပါတယ်။ လေးထောင့်ပုံသဏ္ဍာန် CAMM2 module ဟာ ဒက်စ်တော့တွေအတွက်ဖြစ်ပြီး LPDDR5 CAMM2 ကတော့ ဦးထုတ်ဆောင်းထားသလို ထောင့်ချိုးပုံစံနဲ့ဖြစ်ပါတယ်။

Lenovo ၏ ThinkPad P1 gen 7 စီးရီးဟာ LPDDR5 CAMM2 စံချိန်ကို အသုံးပြုတဲ့ ပထမဆုံး လက်ပ်တော့ဖြစ်ပြီး၊ MSI ကလည်း Computex တွင် CAMM2 memory connector ပါဝင်တဲ့ motherboard ကို prototype အနေဖြင့် ပြသခဲ့ပါတယ်။ Micron၊ Samsung နဲ့ Hynix တို့လို memory supplier ကြီးသုံးခုလုံးကထုတ်လုပ်မှာဖြစ်တာကြောင့် နောက်တစ်ချိန် hardware အသစ်တွေမှာ ပိုမိုတွေ့မြင်ရဖွယ်ရှိပါတယ်။ အခု Computex 2024 ပွဲမှာတော့ XPG က သူတို့ရဲ့ handheld gaming PC ဖြစ်တဲ့ Nia မှာ LPCAMM2 LPDDR5X ကို အသုံးပြုမယ်လို့ဆိုထားပါတယ်။

CAMM2 ရဲ့ အားသာချက်တွေက လက်ပ်တော့တွေအတွက် အဓိကပိုသိသာပါတယ်။ memory ကို compression plate ပေါ်တွင် screw ကျပ်ကာ တပ်ဆင်နိုင်တာမို့ M2 drive ကို ဖြုတ်တပ်ရသလို လွယ်ကူမှာဖြစ်ပါတယ်။ ဒီဇိုင်းကြောင့် hardware ရဲ့ ဒေါင်လိုက်နေရာတွေမှာကို နေရာလွတ်တွေပိုများလာမှာဖြစ်ပြီး ပိုမိုသေးငယ်ပါးလွှာတဲ့ လက်ပ်တော့တွေကို တည်ဆောက်ရာမှာ အကောင်းဆုံးဖြစ်ပါတယ်။ မူလလက်ဟောင်း SO-DIMM memory မှာ ဒီကန့်သတ်ချက်ကြောင့် နောက်ပိုင်း laptop တွေမှာ memory ကို အသေတပ်ဆင်ထားတာပိုများလာရတာဖြစ်ပါတယ်။

CAMM2 ဟာ အကောင်းဆုံးဖြေရှင်းချက်တစ်ခုမဟုတ်ပါဘူး၊ ၄င်းဟာ ပိုမိုရှုပ်ထွေး၊ စျေးကြီးပြီး memory ကို အသေတပ်ဆင်ထားတာထက် နေရာပိုယူမှာဖြစ်သလို processor ထဲ memory တစ်ပါတည်းထည့်သွင်းထားတဲ့ Intel ရဲ့ Lunar Lake CPUတွေလို မြန်ဆန်ထိရောက်မှာမဟုတ်ပါဘူး။ ဒါပေမယ့် SO-DIMM တွေထက် ပိုမိုကောင်းမွန်တဲ့ အဆင့်မြှင့်တင်မှုတစ်ခုဖြစ်ပြီး လက်ပ်တော့တွေပြုပြင်နိုင်စွမ်းမြင့်မားလာမှာဖြစ်သလို အီလက်ထရောနစ်အမှိုက်တွေလည်း ပိုမိုနည်းပါးစေမှာဖြစ်ပါတယ်။ အရွယ်ကြီးမားတဲ့ ဒက်စ်တော့ CAMM2 တွေကတော့ “big iron” လို data center hardware တွေအတွက်ပိုမိုသင့်တော်မှာပဲဖြစ်ပါတယ်။

Source: PCWorld

Post a Comment

0 Comments