ထို့အပြင် MSI သည် Intel® Core™ Ultra ပရိုဆက်ဆာများ (codenamed “Lunar Lake”) နှင့် 8 လက်မမျက်နှာပြင်ပါဝင်သည့် Claw 8 AI+ Windows 11 gaming handheld device အသစ်ကို မိတ်ဆက်လိုက်ပြီး မိုဘိုင်းဂိမ်းကစားခြင်းအတွေ့အကြုံပိုမိုချောမွေ့ပြည့်စုံစေမည်ဖြစ်ပါသည်။
MSI သည် ကိုယ်ပိုင်ထုတ်ကုန်အသစ်များအပြင် မိတ်ဖက်လုပ်ငန်းများနှင့်ပူးပေါင်းပြီး ထုတ်လုပ်ထားသော Stealth 18 Mercedes-AMG Motorsport နှင့် Stealth 16 Mercedes-AMG Motorsport တို့ကို Mercedes-AMG ကားအမှတ်တံဆိပ်ဖြင့် ပူးပေါင်းထုတ်လုပ်ပြီး ကမ္ဘာအနှံ့ရှိစွမ်းဆောင်ရည်မြင့်ကားချစ်သူများနှင့် PC ဂိမ်းကစားသူများအတွက် အထူးမိတ်ဆက်လိုက်ygသည်။ ထို့အပြင် PC ဂိမ်း Fallout နှင့်အတူ Fallout Limited Edition Claw ကိုလည်း မိတ်ဆက်လိုက်သည်။
MSI သည် လုပ်ငန်းရှင်များနှင့် ကျောင်းသားများအတွက် ပေါ့ပါးသည့် Modern series လက်ပ်တော့အသစ်များကိုလည်း မိတ်ဆက်လိုက်ပါသည်။
မိတ်ဆက်လိုက်သော ထုတ်ကုန်အသစ်များအပြင် MSI သည် ၎င်း၏ 16 လက်မ အလင်းကိုလက်ပ်တော့ Prestige 16 AI Evo နှင့် gaming handheld Claw တို့အတွက် 2024 COMPUTEX BC Award ကို ရရှိခဲ့ပြီး ဖြစ်သည်။ Prestige 16 သည် Golden Award ဆုကို ရရှိခဲ့ပြီး BC Award ပြိုင်ပွဲမှာ ကွန်ပျူတာနှင့် စနစ်အမျိုးအစားထဲတွင် အကောင်းဆုံးထုတ်ကုန်အဖြစ် လက်ခံခြင်းခံရပါသည်။
"MSI သည် AI+ PC အမျိုးအစား အပြည့်စုံဆုံးသောထုတ်ကုန်များသာမက ကားနှစ်သက်သူများနှင့် ကမ္ဘာအနှံ့ရှိဂိမ်းကစားသူများအတွက် သင့်တော်သည့် လက်ပ်တော့နှင့် handheld device အသစ်များစွာကို မိတ်ဆက်လိုက်ပါသည်" ဟု MSI ၏ စီအိုဖြစ်သူ Eric Kuo က ပြောကြားခဲ့သည်။ "နောက်မျိုးဆက် AI ကွန်ပျူတာနှင့် စိတ်လှုပ်ရှားဖွယ် ဂိမ်းကစားမှုဆိုင်ရာ ထုတ်ကုန်များကို စမ်းသပ်ဖို့ MSI booth ကို လာရောက်ကြည့်ရှုရန် ကမ္ဘာတစ်ဝှမ်းမှ ဧည့်သည်များကို ကြိုဆိုပါသည်"ဟုဆိုပါသည်။
မျိုးဆက်သစ် AI+ Business နှင့် Productivity Laptop များဖြစ်သည့် Prestige နှင့် Summit
COMPUTEX 2024 တွင် MSI က နယ်ပယ်အတွင်း ဦးဆောင်နေသည့် မျိုးဆက်သစ် AI+ business နှင့် productivity laptop များဖြစ်သည့် Prestige နှင့် Summit ကို မိတ်ဆက်လိုက်သည်။ ဤလက်ပ်တော့များသည် Intel® Core™ Ultra ပရိုဆက်ဆာများ (codenamed “Lunar Lake”) ကို အသုံးပြုထားပြီး ယခင်မျိုးဆက်ထက် AI စွမ်းဆောင်ရည်ကို သုံးဆအထိ မြှင့်တင်ပေးသည်။ ထို့အပြင် ဤပရိုဆက်ဆာတွင် GPU၊ CPU နှင့် NPU အစိတ်အပိုင်းများ အာလုံးပါဝင်သောကြောင့် AI စွမ်းဆောင်ရည်ကို 100 TOPS ကျော် AI ဆော့ဖ်ဝဲ သို့မဟုတ် ဝန်ဆောင်မှုများကို ကွန်ပျူတာအတွင်းမှာပင် မောင်းနှင်လည်ပတ်နိုင်စေပါသည်။ ထိုစွမ်းဆောင်ရည်ကြောင့် independent software vendor များ၏ ဆော့ဖ်ဝဲ နှင့် ဝန်ဆောင်မှု ၁၀၀ ကျော်ကို အမြန်ဆုံးနှင့်လုံခြုံဆုံး အသုံးပြုနိုင်စေပါသည်။
ထို့အပြင်၊ ၄င်းတွင် AI မော်ဒယ် ၅၀၀ ကျော်ကိုoptimized ပြုလုပ်ထားသည့်အတွက် AI ဆိုင်ရာ ဝန်ဆောင်မှုများ ဖန်တီးရန်အတွက် အကောင်းဆုံးပလက်ဖောင်းဖြစ်ပါသည်။ AI စွမ်းဆောင်ရည်ခိုင်မာမှုအပြင် Core™ Ultra ပရိုဆက်ဆာများ (codenamed “Lunar Lake”) သည် စွမ်းအင်ကိုထိရောက်စွာသုံးစွဲနိုင်မှု အလွန်ကောင်းမွန်သဖြင့် Prestige နှင့် Summit ကဲ့သို့သော business နှင့် productivity laptop များကို ပိုမိုပါးလွှာပြီး ဘက်ထရီသက်တမ်းပိုရှည်စေပါသည်။Prestige စီးရီး လက်ပ်တော့များတွင် ၁၃ လက်မ၊ ၁၄ လက်မနှင့် ၁၆ လက်မဟူ၍ အရွယ်အစား သုံးမျိုးရှိပါသည်။ နောက်ဆုံးပေါ်ပရိုဆက်ဆာများအပြင် Prestige စီးရီး အားလုံးမှာ အလွန်ပေါ့ပါးသည့် ကိုယ်ထည်များ၊ ကြီးမားသော ဘက်ထရီများနှင့် ရှည်လျားသည့် ဘက်ထရီသက်တမ်းရှိပါသည်။ ဥပမာအားဖြင့် Prestige 13 AI+ Evo သည် ၉၉၀ ဂရမ်သာရှိပြီး 75Wh ရှိသည့် ကြီးမားသော ဘက်ထရီပါဝင်သည်။ ထို့ကြောင့် တစ်နေ့တာလုံး လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ပါသည်။ ထို့အပြင် Prestige စီးရီး အားလုံးမှာ 5-megapixel webcam ဖြင့် အဆင့်မြှင့်ထားသောကြောင့် ပိုမိုအရည်အသွေးမြင့်သည့် live streaming နှင့် အွန်လိုင်းတွေ့ဆုံပွဲများကို ရရှိစေပါသည်။
Summit 13 AI+ Evo သည် business နှင့် productivity စီးရီး၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ယခုတွင် Intel® Core™ Ultra ပရိုဆက်ဆာသစ်များ (codenamed “Lunar Lake”) နှင့် ပေါ့ပါးသည့် ကိုယ်ထည်၊ စုံလင်သည့်လုံခြုံရေး နှင့် MPP 2.6 ကို ပံ့ပိုးပေးသည့် MSI Pen 2 stylus နှင့် တွဲဖက်အသုံးပြုနိုင်သည့် စွယ်စုံသုံး ၁၃ လက်မ flip laptop အဖြစ် ပြုလုပ်ထားပါသည်။
ကမ္ဘာ့ပထမဆုံး AMD Ryzen™ AI 300 Series Processors များဖြင့် ၁၆လက်မ Stealth A16 AI+ နှင့် Creator A16 AI+ ပေါ့ပါးသည့် လက်ပ်တော့များ
MSI သည် AI၊ gaming နှင့် content creation တို့ကို ပေါင်းစပ်ထားသည့် gaming နှင့် creator များအတွက် ကမ္ဘာ့ပထမဆုံး ပေါ့ပါးသော ၁၆ လက်မလက်ပ်တော့များဖြစ်သည့် Stealth A16 AI+ နှင့် Creator A16 AI+ ကို မိတ်ဆက်လိုက်သည်။မျိုးဆက်သစ် AMD Ryzen™ AI 300 စီးရီး ပရိုဆက်ဆာသည် ပရိုဆက်ဆာ ဖွဲ့စည်းပုံသစ်၊ integrated graphics နှင့် NPU တို့ပါဝင်ပြီး စွမ်းဆောင်ရည်အထူးကောင်းမွန်သည့် ပရိုဆက်ဆာ၊ ဖန်တီးမှုစွမ်းရည်နှင့် AI စွမ်းဆောင်ရည်တို့ကို ပံ့ပိုးပေးပါသည်။
AI စွမ်းဆောင်ရည်အရ XDNA 2 architecture သည် ယခင်ထုတ်ကုန်များနှင့်နှိုင်းယှဉ်လျှင် စွမ်းဆောင်ရည်ကို သုံးဆအထိမြှင့်တင်ပေးနိုင်ပါသည်။ ထိုကြောင့် generative AI သို့မဟုတ် large language model များကို လက်ပ်တော့ပေါ်တွင် တိုက်ရိုက်လည်ပတ်နိုင်စေပါသည်။ Radeon™ 800M series graphics unit အသစ်တွင် ယခင်မျိုးဆက်ထက် graphics core များကို ၃၃% အထိပိုမို ပါဝင်ပြီး ပေါ့ပါးသောလက်ပ်တော့များတွင် ဂိမ်းကစားခြင်းအတွေ့အကြုံကို အထူးကောင်းမွန်စေပါသည်။ နောက်ဆုံးပေါ် Zen 5 architecture ဖြင့် ဖွဲ့စည်းထားသည့် ပရိုဆက်ဆာယူနစ်သည် ကြီးမားသော core များ ၁၂ ခုအထိ အထောက်အပံ့ပေးပြီး ယခင်ထုတ်ကုန်များထက် on-chip memory ၅၀% ပိုမို ကာ နယ်ပယ်အတွင်း ထိပ်တန်းပရိုဆက်ဆာစွမ်းဆောင်ရည်ကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။
Stealth A16 AI+ နှင့် Creator A16 AI+ တွင် နောက်ဆုံးပေါ် NVIDIA® GeForce RTX™ 40 series graphics ပါဝင်သည့်အတွက် AI စွမ်းဆောင်ရည်အထူးကောင်းမွန်စေပါသည်။ AI ခေတ်တွင် အသုံးပြုရန်အတွက် ထုတ်လုပ်ထားသည့် GeForce RTX™ တွင် အထူးပြုလုပ်ထားသည့် AI Tensor Cores သည့် အထူးကောင်းမွန်သော စွမ်းဆောင်ရည်နှင့် ထူးချွန်သော စွမ်းရည်များကို ပံ့ပိုးပေးပါသည်။ သီးသန့်ဖြစ်သော AI လုပ်ဆောင်ချက်များက အသုံးပြုသူများ၏ အလုပ်လုပ်ပုံနှင့် ကစားပုံကို ပြောင်းလဲပေးပါသည်။ ဖန်တီးမှုများပိုမိုကောင်းမွန်စေခြင်းနှင့် အထူးထိရောက်သော ထုတ်လုပ်မှုမှသည် အလွန်မြန်ဆန်သော ဂိမ်းကစားခြင်းအထိကိုရရှိစေပြီး ယနေ့နှင့် နောင်အနာဂတ်တွင် Windows PC များအဖို့ RTX ပေါ်တွင် အကောင်းဆုံး AI စွမ်းဆောင်ရည်ကို ရရှိမှာဖြစ်ပါသည်။
နောက်ဆုံးပရိုဆက်ဆာနှင့် AI တွက်ချက်စွမ်းရည်အထူးကောင်းမွန်မှုအပြင် Stealth A16 AI+ နှင့် Creator A16 AI+ တွင် ပေါ့ပါးသည့် မဂ္ဂနီဆီယမ်-အလူမီနီယမ် သတ္တု ကိုယ်ထည်၊ အထူးအားကောင်းသော Cooler Boost 5 အေးမြစေမှုနှင့် port များအလုံးစုံပါဝင်မှုများက ပေါ့ပါးသော အကောင်းဆုံး ၁၆ လက်မ gaming နှင့် creator laptop များဖြစ်ပါသည်။
gaming နှင့် creator laptop စီးရီးများအပြင် MSI သည် နောက်ဆုံးပေါ် AMD Ryzen™ AI 300 စီးရီး ပရိုဆက်ဆာများဖြင့် Summit A16 AI+ နှင့် Prestige A16 AI+ business နှင့် productivity laptopများကိုလည်း မိတ်ဆက်လိုက်ပါသည်။ ဤမော်ဒယ်များတွင် ကြီးမားသော 82Wh ဘက်ထရီနှင့် ပေါ့ပါးသော ကိုယ်ထည်ပါဝင်သောကြောင့် သွားလာရလွယ်ကူမှုကို အလေးပေးသော လုပ်ငန်းအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်ပါသည်။
Intel® Core™ Ultra processors (codenamed “Lunar Lake”) အသုံးပြုထားသည့် Windows 11 gaming handheld ဖြစ်သည့် Claw 8 AI+
CES တွင် စတင်မိတ်ဆက်ချိန်မှစ၍ MSI ၏ gaming handheld Claw သည် စျေးကွက်တွင် အထူးထင်ရှားခဲ့သည်။ ထိုအောင်မြင်မှုကိုအခြေခံ၍ MSI သည် COMPUTEX တွင် ကမ္ဘာ့ပထမဆုံး Intel® Core™ Ultra processors (codenamed “Lunar Lake”) အသုံးပြုထားသည့် Windows 11 gaming handheld ဖြစ်သည့် Claw 8 AI+ handheld ကို မိတ်ဆက်လိုက်ပြီး ဂိမ်းအက်ပလီကေးရှင်းများကို ပိုမိုကောင်းမွန်စေရန် ကြိုးပမ်းမှုကြောင့် နောက်တစ်ကြိမ်ဂိမ်း handheld ချစ်သူများ၏ အာရုံကို ရရှိနိုင်ခဲ့သည်။မျိုးဆက်သစ်ပရိုဆက်ဆာ၏ တိုးတက်လာသော စွမ်းအင်ထိရောက်မှုအပြင် MSI သည် အသုံးပြုသူ၏ မှတ်ချက်များကို အလေးထားတုံ့ပြန်ခဲ့ပြီး အောက်ပါ hardware သတ်မှတ်ချက်များကိုလည်း တိုးတက်အောင် ပြုပြင်ပေးခဲ့ပါသည်။ ဥပမာအားဖြင့် Thunderbolt 4 အထောက်အပံ့ပါဝင်သော USB-C ပေါက် ထပ်မံထည့်သွင်းခြင်း၊ LB/RB ခလုတ်များ၏ ကိုင်တွယ်ခံစားမှုတိုးတက်စေရန် ပြုပြင်ခြင်း၊ ဘက်ထရီစွမ်းရည်တိုးမြှင့်ခြင်းနှင့် အားသွင်းခလုတ်ကို ပေါ့ပါးသည့် wall-mounted charger ဖြင့် ပြောင်းလဲခြင်းတို့ ဖြစ်ပါသည်။ Claw 8 AI+ သည် စျေးကွက်တွင် အဆင့်မြင့်ဆုံး ၈ လက်မ gaming handheld ဖြစ်လာမည်ဟု မျှော်လင့်ရပါသည်။ တရားဝင်ဖြန်ချီပြီးနောက် Xbox Game Pass ကို အခမဲ့တစ်လ စမ်းသပ်သုံးစွဲခွင့်ပေးမည်ဖြစ်၍ အသုံးပြုသူများသည် လက်ရှိ နာမည်ကျော် AAA ဂိမ်းများကို စိတ်ကြိုက် ခံစားနိုင်မည်ဖြစ်ပါသည်။
စွမ်းဆောင်ရည်မြင့်မားမှုနှင့် Luxury ဖြစ်မှုကိုပေါင်းစပ်ထားသည့် Stealth 18 Mercedes-AMG Motorsport နှင့် Stealth 16 Mercedes-AMG Motorsport
ပြီးခဲ့တဲ့နှစ်တွင် MSI သည် ကမ္ဘာတစ်ဝှမ်းသိရှိကျော်ကြားသည့် စွမ်းဆောင်ရည်မြင့်ဇိမ်ခံကားအမှတ်တံဆိပ်အဖြစ်ရပ်တည်လျက်ရှိသော Mercedes-AMG ၏ တရားဝင်မိတ်ဖက်ကုမ္ပဏီ ဖြစ်လာခဲ့ပြီး ပထမဆုံး Stealth 16 Mercedes-AMG Motorsport ကို ပူးပေါင်း ထုတ်လုပ်ခဲ့ပါသည်။ ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုတစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထိုလူကြိုက်များသော အမှတ်တံဆိပ်နှစ်ခုသည် ထပ်မံပူးပေါင်း၍ ထုတ်လုပ်ထားသည့် Stealth 18 Mercedes-AMG Motorsport လက်ပ်တော့ကို မိတ်ဆက်လိုက်ပြီး ရှေ့နှစ်မှ Stealth 16 Mercedes-AMG Motorsport ကိုလည်း အဆင့်မြှင့်တင်ထားပါသည်။ ဤထုတ်ကုန်များသည် ကမ္ဘာတစ်ဝှမ်းလုံးရှိ စွမ်းဆောင်ရည်မြင့်ကားချစ်သူများနှင့် ဂိမ်းကစားသူများအတွက် အထူးရည်ရွယ်ထားပါသည်။Stealth 18 ၏ ဒီဇိုင်းသည် MSI နှင့် Mercedes-AMG ၏ ဒီဇိုင်းအဖွဲ့များ ပူးပေါင်းရေးဆွဲထားခြင်းဖြစ်ပြီး အမြန်နှုန်း၏ သင်္ကေတအချို့ကို ထည့်သွင်းထားပါသည်။ AMG pattern ကို ကျယ်ပြန့်စွာ palm rest area တွင် ဖုံးအုပ်ထားခြင်း၊ MSI နှင့် AMG ၏ သီးသန့် metal nameplate များနှင့် Mercedes-AMG Motorsport အမှတ်တံဆိပ်များ ပါဝင်ပါသည်။ ပေါ့ပါးသော မဂ္ဂနီဆီယမ်-အလူမီနီယမ် သတ္တုအလွှာကိုပေါင်းစပ်၍ Luxury အဆန်ဆုံးနှင့် စွမ်းဆောင်ရည်မြင့်မားမှု၏ သရုပ်သကန်ကို ဖော်ဆောင်ထားပါသည်။
Stealth 18 ၏ အမှန်တကယ် စွမ်းဆောင်ရည်သည် Mercedes-AMG GT2 ပြိုင်ကား၏ စွမ်းဆောင်ရည်ကဲ့သို့ ခိုင်မာကောင်းမွန်သည်။ ၎င်းတွင် Intel® Core™ Ultra 9 185H ပရိုဆက်ဆာနှင့် NVIDIA® GeForce RTX™ 4080 graphics ချစ်ပ်တို့ ပါဝင်ပြီး ခေတ်မှီကျယ်ပြန့်သော vapor chamber cooling ဖြင့် အေးမြစေသည့်စနစ်ပါရှိသောကြောင့် ဂိမ်းကစားသူများကို Mercedes-AMG GT2 ပြိုင်ကားကဲ့သို့ ဂိမ်းကစားပွဲတွင် လွှမ်းမိုးထားနိုင်မည်ဖြစ်ပါသည်။
ဂိမ်းတွင် အဏုမြူကပ်ဘေးအလွန်အခြေအနေကို နက်ရှိုင်းစွာခံစားရမည့် Claw x Fallout Limited Edition
MSI နှင့် အကျော်ကြားဆုံးဂိမ်းစတူဒီယိုဖြစ်သည့် Bethesda တို့ ပူးပေါင်း၍ COMPUTEX တွင် ပူးပေါင်းထုတ်လုပ်ထားသည့် Claw x Fallout special edition ကို ပူးတွဲမိတ်ဆက်ခဲ့ကြပါသည်။ အပြင်ဒီဇိုင်းသည် ဂိမ်း၏ Vaults များ၊ Vault dweller များ၏ Pip-Boyများ နှင့် စက်ရုပ်များမှ ဆင်တူဖန်တီးစိတ်ကူးထားခြင်းဖြစ်ပြီး ကမ္ဘာတစ်လွှားရှိ Fallout ပရိသတ်များနှင့် ဂိမ်းကစားသူများအတွက် အိမ်မက်ထဲမှ item တစ်ခုဖြစ်ပါသည်။Claw တွင် အကောင်းဆုံးသော grip၊ နယ်ပယ်အတွင်းတွင် အကြီးဆုံး ဘက်ထရီ၊ အကောင်းဆုံးအပူစွန့်စနစ်နှင့် Hall Effect sensor များနှင့် ထောက်ပံ့ထားသည့် joystick များနှင့် trigger များ ပါဝင်ခြင်းကြောင့် ဂိမ်းကစားသူများအနေဖြင့် Windows 11 တွင် Fallout စီးရီးကို အချိန်မရွေး ကစားနိုင်ပြီး ဂိမ်း၏အဏုမြူကပ်ဘေးအလွန်အခြေအနေကို နက်ရှိုင်းစွာ ခံစားနိုင်စေပါသည်။
စီးပွားရေးပညာရှင်များနှင့် ကျောင်းသားများအတွက် ဒီဇိုင်းပြုထားသည့် Modern စီးရီး
MSI ၏ Modern စီးရီး လက်ပ်တော့များကို မိတ်ဆက်ခဲ့သည့်အချိန်မှစ၍ ထူးခြားသည့် ကီးဘုတ်နှင့် ပေါ့ပါးသည့် ကိုယ်ထည်ကြောင့် အလွန်ချီးမွန်းခဲ့ကြပါသည်။ ဤအောင်မြင်မှုကို အခြေခံ၍ MSI သည် ဂုဏ်ယူစွာဖြင့် ၁၃၊ ၁၄ နှင့် ၁၅ လက်မ မျက်နှာပြင်အရွယ်အစားများဖြင့် အသစ်ထွက်ရှိလာသော Modern စီးရီး လက်ပ်တော့များကို ကြေညာလိုက်ပါသည်။ ထူးခြားသည့် ကီးဘုတ်၊ ပေါ့ပါးသည့် ကိုယ်ထည်နှင့် များပြားလှသည့်ချိတ်ဆက်မှု ရွေးချယ်စရာများအပြင် အသစ်ထွက်ရှိလာသော Modern စီးရီး လက်ပ်တော့များတွင် an RJ-45 wired network port ပါရှိခြင်းကြောင့် အင်တာနက်ဆက်သွယ်မှု ပိုမိုတည်ငြိမ်စေပါသည်။ ဤကောင်းမွန်သောပြောင်းလဲမှုသည် စီးပွားရေးပညာရှင်များနှင့် ကျောင်းသားများအတွက် အလုပ်လုပ်ခြင်းနှင့် သင်ကြားရေးကို ပိုမို ထိရောက်စွာ ပြုလုပ်နိုင်စေပါသည်။Source: MSI
0 Comments