Image: NVIDIA |
အခုအချိန်ထိ Copilot Plus ရဲ့ စိတ်လှုပ်ရှားစရာတွေဟာ Qualcomm ဟာ့ဒ်ဝဲတွေအတွက်သာ ကန့်သတ်ထားပြီး NVIDIA ရဲ့ RTX ဟာ့ဒ်ဝဲတွေမှာ ဘယ်လိုကွဲပြားမှုတွေ ရှိလာမလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့်နေရပါတယ်။ မိုဘိုင်း GPU တွေက AI workload တွေအတွက် 1,000 TOPS အထိ စွမ်းဆောင်ရည်ရရှိနိုင်ပါတယ်၊ ဒါဟာ သီးခြား NPU ပါဝင်တဲ့ X Elite မှာ တွေ့ရတဲ့ 45 TOPS ထက် အဆမတန်များပြားပါတယ်။
Image: NVIDIA |
ဒီ demo ကို ပြသရာမှာ NVIDIA ဘက်က ထောက်ပြထားတာက ဒီဟာက showcase သာဖြစ်ပြီး၊ သုံးစွဲတွေဆီရောက်ဦးမှာမဟုတ်သေးဘူးလို့ဆိုပါတယ်။ NVIDIA ဟာ demo ပြသဖို့အတွက် Studio Wildcard နဲ့ လက်တွဲကာ ARK: Survival Ascended ကိုအသုံးပြုခဲ့တာဖြစ်ပြီး၊ လိုအပ်တဲ့ tool တွေကို ဆက်လက်ဖန်တီးနေဆဲလို့ ဆိုပါတယ်။
အဓိကအကြောင်းအရာဖြစ်တဲ့ RTX AI Toolkit ကတော့ developer တွေကို NVIDIA ရဲ့ ဟာ့ဒ်ဝဲမှာ AI models တွေကို လွယ်ကူစွာဖန်တီး၊ စိတ်ကြိုက်ပြုပြင်၊ optimize လုပ်နိုင်စေဖို့အတွက် SDK တွေနဲ့ utilities တွေပါဝင်တဲ့ suite တစ်ခုဖြစ်ပါတယ်။ ဒီ Toolkit ကို ဇွန်လနောက်ပိုင်းမှာ အသုံးပြုခွင့်ပေးမှာဖြစ်ပြီး၊ RTX devices တွေမှာ run နိုင်အောင်စိတ်ကြိုက်ပြုပြင်ထားတဲ့ LLMs တွေပါဝင်ပါတယ်။
Image: NVIDIA |
ဒါ့အပြင် NVIDIA ဟာ RTX Remix Toolkit ကိုလည်း open source လုပ်လိုက်ပြီး၊ modder တွေ အနေနဲ့ ဂိမ်းအဟောင်းတွေမှာ AI ကိုအသုံးပြုကာ high-res textures တွေ ဖန်တီးနိုင်မှာဖြစ်ပါတယ်။ RTX Video ကလည်း SDK ရရှိလာပြီး၊ VLC မှာပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ consumer တွေနဲ့ပိုသက်ဆိုင်တဲ့ သတင်းတွေကို မကြေညာပေမဲ့ အဓိကအချက်အနေနဲ့ Copilot Plus ဟာ Q4 2024 မှာ NVIDIA ရဲ့ ဟာ့ဒ်ဝဲတွေမှာ ရရှိလာတော့မှာဖြစ်ပါတယ်။
Source: Windows Central
#EnThueTech
#News
#AI
0 Comments