Subscribe Us

header ads

Kingpin Graphics Card များ PNY အမှတ်တံဆိပ်ဖြင့် ပြန်လည်တွေ့မြင်ရဖွယ်ရှိ

Image: PNY

နာမည်ကျော်ကြားတဲ့ GPU overclocker တစ်ဦးဖြစ်သူ Kingpin ဟာ EVGA က Nvidia နဲ့ လက်တွဲဖက်ရပ်ဆိုင်းပြီးနောက်ပိုင်း GPU ထုတ်လုပ်ရေးကို ပြန်လည်စတင်ဖွယ်နေရှိတယ်လို့သိရပါတယ်။ အဆိုပါ ထိုင်ဝမ်သား overclocker အနေနဲ့ extreme overclocking ပြုလုပ်နိုင်တဲ့ graphics card တွေကိုဖန်တီးဖို့ Nvidia AIB ပါတနာကုမ္ပဏီဖြစ်တဲ့ PNY နဲ့ဆွေးနွေးနေတယ်လို့ Gamers Nexus ရဲ့ သတင်းအရသိရပါတယ်။

အခုထိ ဘာမှ သေချာမရသေးပေမယ့် Kingpin ဟာ PNY အဖွဲ့သားတွေနဲ့ မဝေးလှတဲ့အနာဂတ်မှာ လုပ်ဖော်ကိုင်ဖက်တွေဖြစ်လာနိုင်ပါတယ်။ Kingpin ကိုယ်တိုင်က Kingpin အမှတ်တံဆိပ် graphics card တွေ ပြန်လည်ထွက်ပေါ်လာနိုင်ခြေများကြောင်းကြားခဲ့ပါတယ်။ သူ့အနေနဲ့ PNY နဲ့ ပူးပေါင်းဖို့ စိတ်အားထက်သန်နေပြီး PNY RTX 4090 XLR8 ကိုလည်း test bench မှာမြင်တွေ့ရသလို PNY ရဲ့ overclocking ဆော့ဖ်ဝဲလ်တို့ကို စမ်းသပ်နေပြီး အခြေအနေကိုလေ့လာနေပါတယ်။


PNY က overclocking လောကထဲဝင်ဖို့ စိတ်အားထက်သန်နေကြောင်း Kingpin က ဆိုပါတယ်။ PNY က OEM နဲ့ professional graphics card အပိုင်းတွေမှာ အထူးကျွမ်းကျင်ပြီး overclocking (သို့မဟုတ်) enthusiast အသားပေးကတ်တွေကိုတော့ ယနေ့အထိ မထုတ်လုပ်ဖူးပါဘူး။ Kingpin နဲ့ပူးပေါင်းခြင်းရဲ့ အဓိပ္ပာယ်က extreme overclocking လောကထဲကို ဝင်ရောက်လာမယ့် PNY ရဲ့  ပထမဆုံးခြေလှမ်းလို့ဆိုနိုင်ပါတယ်။

Kingpin ဟာ PNY နဲ့ ပူးပေါင်းဖို့ အလားအလာတွေများစွာရှိပါတယ်။ Kingpin က extreme overclocking လောကထဲမှာ ရှိပြီးသားပြိုင်ဘက်တွေဖြစ်တဲ့ Galax နဲ့ Asus တို့နဲ့ပူးပေါင်းဖို့မဖြစ်နိုင်ပဲ "စားဖိုမှုးများစွာရှိနေမည့်မီးဖိုချောင်" ဖြစ်နေမှာဖြစ်ကြောင်းပြောပါတယ်။ Kingpin ဟာ PNY နဲ့ပူးပေါင်းမယ်ဆိုရင်  enthusiast/ extreme overclocking လောကထဲကို သူလိုချင်သည့်လမ်းကြောင်းအတိုင်း ဦးတည်နိုင်ပါလိမ့်မယ်။

Kingpin ဟာ ယခင်က MSI နဲ့ တစ်ချိန်မှာပူးပေါင်းဖို့ စကားပြောခဲ့ပေမယ့် MSI က extreme overclocking ကတ်တွေထုတ်လုပ်ဖို့အတွက် စိတ်အားထက်သန်မှုမရှိဘူးလို့ဆိုပါတယ်။

EVGA အနေနဲ့ graphic card ထုတ်လုပ်မှုတွေရပ်ဆိုင်းသွားကတည်းက Kingpin က EVGA ကနေထွက်ခွာလာခဲ့ပါတယ်။ Nvidia ဘက်ကလည်း AIB လက်တွဲဖက်များအပေါ် အကန့်အသတ်တွေပြုလုပ်လာတာကြောင့် ဒီနောက်ပိုင်းမှာ extreme overclocking လောကထဲမှာ ပြိုင်ဘက်တွေနည်းပါးသွားခဲ့ပါတယ်။ PNY ရဲ့ overclocking လောကကိုဝင်ရောက်လိုစိတ်ပြင်းပြမှုနဲ့ Kingpin ဘက်က PNY နဲ့ လက်တွဲဖို့ စိတ်လှုပ်ရှားနေခြင်းက သူတို့၂ဦးကိူပါတနာအဖြစ်မြင်ရဖို့အခွင့်အလမ်းများစွာရှိနေပါတယ်။ အချိန်ကိုက်ခဲ့မယ်ဆိုရင် Kingpin အမှတ်တံဆိပ်ကို ၂၀၂၄ အဆုံးမှာထွက်မယ်လို့ ကောလဟာလထွက်ပေါ်နေတဲ့ RTX 50 series မှာတွေ့မြင်ရနိုင်ပါတယ်။

Image via TweakTown

Kingpin နဲ့  EVGA တို့လက်တွဲခဲ့စဥ်က ထုတ်လုပ်ခဲ့တဲ့ graphics card တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။

  • EVGA GTX 780 Ti Classified Kingpin
  • EVGA GTX 980 Classified Kingpin
  • EVGA GTX 980 Ti Kingpin
  • EVGA GTX 1080 Ti Kingpin
  • EVGA RTX 2080 Ti Kingpin
  • EVGA RTX 3090 Kingpin
  • EVGA RTX 3090 Ti Kingpin

Source: Tom's Hardware and TweakTown

Post a Comment

0 Comments