Subscribe Us

header ads

MediaTek အနေဖြင့် လာမည့်နှစ်တွင် PC အတွက် Arm ချစ်ပ်တစ်ခု ထုတ်လုပ်လာနိုင်

Image: MediaTek

Reuters သတင်းအရ MediaTek အနေနဲ့ PC အတွက် Arm processor တစ်ခုကို ထုတ်လုပ်နေတယ်ဆိုတဲ့ ကောလာဟလထွက်ပေါ်နေမှုဟာ အမှန်တကယ်ဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။ သတင်းရင်းမြစ်တွေအရ အဆိုပါ chip ကို ၂၀၂၅ ခုနှစ်နှောင်းပိုင်းမှာ ကြေညာဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Microsoft က Qualcomm နဲ့ Arm ချစ်ပ်ဖန်တီးဖို့ အထူးသဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးထားပြီး ဒီနှစ်ထဲမှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်တယ်လို့ သတင်းအရင်းအမြစ်တွေက ဖော်ပြထားပါတယ်။ ဒါပေမယ့် ဒီသတင်းကိုတော့ အတည်မပြုနိုင်ခဲ့ပါဘူး။ Arm company ရဲ့ အမှုဆောင်အရာရှိချုပ် Rene Haas ကလည်း ကုမ္ပဏီရဲ့ processor နည်းပညာကို Qualcomm နဲ့ Mediatek တို့လုပ်ငန်းတွေကို လိုင်စင်ချပေးထားကြောင်း Computex ပွဲတုန်းက PCWorld တွေ့ဆုံမေးမြန်းချက်မှာ ပြောကြားခဲ့ပါတယ်။

MediaTek ဟာ Chromebooks အတွက် Kompanio စီးရီး processor တွေကို ဖန်တီးထားပြီး Qualcomm နဲ့ ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။ Google ရဲ့ ChromeOS ဌာနရဲ့  ဒုဥက္ကဋ္ဌဖြစ်သူ John Solomon က "Chromebook ပေါ်မှာ Arm processors ပိုများလာဖို့ မျှော်လင့်ထားတယ်" လို့ PCWorld ကိုပြောကြားခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာ MediaTek က Windows on Arm ကွင်းထဲကို ဝင်ဖို့ စတင်ပြောကြားခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ Windows on Arm ပေါ်မှာ လုပ်ငန်းစီမံကိန်းတွေရှိတယ်လို့ အခိုင်အမာဖော်ပြခဲ့ပါတယ်။ MediaTek ရဲ့ Client Computing Business ဌာနရဲ့ ဒုဥက္ကဋ္ဌ Adam King ကတော့ "Windows on Arm ဟာ အနာဂတ်မှာ အလွန်ကောင်းအခွင့်အလမ်းတွေရှိနေတယ်လို့ ယုံကြည်ကြောင်း" ပြောကြားခဲ့ပါတယ်။

MediaTekဟာ Chromebook အတွက် processor တွေထုတ်လုပ်နေခြင်းကြောင့် PC တွေအတွက် Kompanio processor အမျိုးအစားကို မထုတ်လုပ်ရဘူးလို့ ကန့်သတ်ထားတာမရှိပါဘူး။ MediaTek က Nvidia နဲ့လည်း ဆက်ဆံရေးရှိပြီး Automotive ကဏ္ဍအတွက် Arm chip ကို ပူးပေါင်းဖန်တီးနေပါတယ်။ Reuters က Nvidia အနေနဲ့လည်း PC တွေအတွက် Arm chip တစ်ခုကို ဖန်တီးနေတယ်လို့ ဖော်ပြထားပေမယ့် Nvidia က ဒီသတင်းကို မထုတ်ပြန်သေးပါဘူး။

Arm ရဲ့ Haas ကလည်း Reuters နဲ့ပြောတဲ့အခါ ၂၀၂၉ ခုနှစ်မှာ ကမ္ဘာ့ PC တွေရဲ့ တစ်ဝက်ကျော်ဟာ Arm chips ပေါ်မှာ အခြေခံမယ်လို့ ခန့်မှန်းထားပါတယ်။

အခုအချိန်အထိ Arm vendor များရဲ့ PC ကွင်းထဲမှာ ဝင်ရောက်လာမယ့် လှုပ်ရှားမှုတွေဟာ မြင်တွေ့ရခြင်းမရှိသေးပါဘူး။ ဒါပေမယ့် ဒီလှုပ်ရှားမှုတွေ အောင်မြင်လာခဲ့ရင်တော့ နယ်ပယ်အတွင်းမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

Source: PCWorld

Post a Comment

0 Comments