Image: Microsoft |
Microsoft ဟာ လူမှုအသိုင်းအဝိုင်းရဲ့ တုန့်ပြန်မှုတွေကို သတိထားမိတဲ့အတွက် Copilot PCs တွေမှာ recall feature ကို optional feature အဖြစ် ပြောင်းလဲလိုက်ပါတယ်။ အစပိုင်းမှာ ဒီfeature ကို မဖြစ်မနေ သုံးစွဲရမဲ့ feature အဖြစ် သတ်မှတ်ထားခဲ့ပြီး အသုံးပြုသူတွေအနေနဲ့ error တွေနဲ့ အလိုမရှိတဲ့ပြောင်းလဲမှုတွေကို နဂိုအနေအထားတိုင်းဖြစ်အောင် recover ပြန်လုပ်နိုင်ဖို့ ဖန်တီးထားတာဖြစ်ပါတယ်။ Recall ဆိုတာက Copilot PC တွေမှာ AI ကို အသုံးပြုပြီး ကိုယ်က အရင်က ဘာတွေကြည့်ခဲ့သလဲဆိုတာ အလွယ်တကူ ပြန်လည်ကြည့်ရှုနိုင်စေဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဒီ feature က သုံးစွဲသူတွေရဲ့ ဖိုင်တွေ၊ ဓာတ်ပုံတွေ၊ email တွေ၊ browsing history တွေကို ရှာဖွေနိုင်ပြီး စက္ကန့်အနည်းငယ်တိုင်း screenshots တွေသိမ်းဆည်းထားပြီး ပြန်လည်ရှာဖွေနိုင်မှာဖြစ်ပါတယ်။
Microsoft ကတော့ အစောဆုံးကတည်းက Recall ရဲ့ ဒီဇိုင်းအတွင်းမှာ အသုံးပြုသူအနေနဲ့ privacy အတွက် ထိန်းချုပ်နိုင်ဖို့ ထည့်သွင်းပေးထားပြီး ဘာတွေ သိမ်းဆည်းမလဲ၊ ဘာတွေကိုပလပ်မလဲဆိုတာကို စီမံခန့်ခွဲစေမဲ့ နည်းလမ်းတွေ ရှိတယ်လို့ ပြောပါတယ်။ Recall ကို အသုံးပြုဖို့ Windows' "Hello" authentication ကို လိုအပ်မှာဖြစ်ပြီး timeline မှာ သိမ်းထားတဲ့ activity တွေကို ကြည့်ရှုဖို့သော်လည်းကောင်း၊ Recall မှာ ရှာဖွေတဲ့အခါ "proof of presence" ဖြစ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒီ ပြောင်းလဲမှုတွေကို Copilot+ PCs တွေ ဇွန်လ ၁၈ရက်နေ့ ထွက်ရှိခါနီးမှာ ပြုပြင်ပေးမှာ ဖြစ်ပါတယ်။Source: BBC
0 Comments