Subscribe Us

header ads

နိုဝင်ဘာလ ၁၉ရက်နေ့တွင် ထွက်ရှိလာမည့် Microsoft Flight Simulator 2024

Image: Microsoft/Asobo

လေကြောင်းဝါသနာရှင်တွေရဲ့ အသည်းစွဲဂိမ်းတစ်ခုဖြစ်တဲ့ Microsoft Flight Simulator 2024 ဟာ နိုဝင်ဘာလ ၁၉ရက်နေ့မှာ ထွက်ရှိတော့မှာဖြစ်ပြီး ဂိမ်းရဲ့ ပြောင်းလဲမှုအသစ်တွေကြောင့် စိတ်လှုပ်ရှားစရာ အဖြစ်ပေါ်လာပါတယ်။ ဒီဂိမ်းကို လေယာဉ်ပျံ simulation၊ cloud၊ machine learning၊ graphics နဲ့ gaming ထဲကနောက်ဆုံးပေါ်နည်းပညာတွေကို အသုံးပြုပြီး ဖန်တီးထားတာပါ။ Microsoft Flight Simulator 2024 မှာလေယာဉ်ကိုမောင်းနှင်တာအပြင် ပိုင်းလော့ဘဝကို စိတ်ကူးယဉ်ထားတဲ့ အလုပ်အကိုင်တွေကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။


ဒီဂိမ်းမှာ aerial firefighting၊ search and rescue၊ commercial flights, remote cargo ops၊ VIP charter service၊ air racing နဲ့ အခြားအရာတွေပါဝင်မှာဖြစ်တဲ့အတွက် လေယာဉ်ပျံစီးရခြင်းကိုသာမက ပိုင်းလော့ဘဝကိုပါ ခံစားနိုင်မှာဖြစ်ပါတယ်။ နိုဝင်ဘာ ၁၉ ရက်နေ့မှာထွက်ရှိလာမဲ့ Microsoft Flight Simulator 2024 ကို PC နဲ့ Xbox Series X|S ပေါ်မှရရှိနိုင်မှာဖြစ်ပြီး Game Pass မှာ ပထမဆုံးရက်ကစပြီး ကစားနိုင်ပါလိမ့်မယ်။


Source: Flight Simulator

Post a Comment

0 Comments