Subscribe Us

header ads

Microsoft မှ ပြန်လည် Recall လုပ်ခဲ့ရသည့် Windows 11 ၏ Recall Feature

Image: Microsoft

Windows မှအသစ်ထည့်သွင်းထားတဲ့ Recall ဆိုတဲ့ AI လုပ်ဆောင်ချက်တစ်ခုက သင့်လုပ်ဆောင်မှုအားလုံးကို screenshot ရိုက်ပြီး နောက်ပိုင်းမှာ ပြန်စစ်မေးလို့ရတဲ့ feature ပါပဲ။ အခုဆိုရင် Microsoft ဘက်က လမ်းကြောင်းပြောင်းလိုက်ပြီး အသစ်ထွက်ရှိလာမဲ့ Recall feature ဟာ ၂၀၂၄ခုနှစ် ဇွန် ၁၈ရက်နေ့မှာ ထွက်ရှိလာမယ့် ပထမအသုတ် Copilot+ PC တွေရဲ့ Windows 11 Build မှာ ပါဝင်လာတော့မှာမဟုတ်ဘူးလို့ ကြေညာလိုက်ပါတယ်။

ဒီနေ့ညနေမှာ Microsoft က သူတို့ရဲ့ ဘလော့ဂ်စာမှာ "Recall ကို ၂၀၂၄ ခုနှစ် ဇွန် ၁၈ ရက်နေ့မှာ Copilot+ PCs အတွက် ကျယ်ကျယ်ပြန့်ပြန့် preview အနေနဲ့ မဖြန့်ချီတော့ဘဲ လာမဲ့အပတ်တွေမှာထွက်ရှိလာမယ့် Windows Insider Program (WIP) အတွက် အရင်ဆုံး preview အနေနဲ့သာ ဖြန့်ဖြူးသွားမယ်" လို့ ရေးသားခဲ့ပါတယ်။ "ကျွန်တော်တို့ Windows Insider Community ကနေ Recall အပေါ် လက်ခံရရှိတဲ့ တုံ့ပြန်ချက်တွေကို လေ့ကျင့်ကျင့်ဖြစ်ပြီး Copilot+ PCs အားလုံးအတွက် Recall (preview) ကို မကြာခင်မှာပဲ အသုံးပြုနိုင်ဖို့ ပြင်ဆင်ထားပါတယ်" လို့ Microsoft က ဆက်ပြောပါတယ်။

ဒီစာသားအရ Windows Insiders တွေမှာလည်း ဇွန် ၁၈ ရက်နေ့မှာ Recall ကို အသုံးမပြုလို့မရသေးဘဲ စောင့်ရတော့မှာဖြစ်ပါတယ်။ သို့ပေမယ့်Windows Recall ကို ဒီနေ့မှာပဲ preview build မှာ စမ်းသပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

Microsoft က မေလ ၂၀ ရက်နေ့က Copilot+ event မှာ Recall ကို ကြေညာခဲ့တဲ့ အချိန်ကတည်းက ဒီ AI feature အသစ်ဟာ အငြင်းပွားဖွယ် ကိစ္စတွေဖြစ်နေခဲ့ပါတယ်။ ကြေညာချက် ပြုလုပ်ပြီး ရက်အနည်းငယ်အတွင်းမှာပဲ UK Information Commissioner's Office (ICO) က စုံစမ်းစစ်ဆေးရေးတွေ ပြုလုပ်ခဲ့ပါတယ်။

Tom's Hardware ရဲ့ ဧည့်ဆောင်းပါးရှင်ဖြစ်တဲ့ Albacore လို သုတေသီတွေကတော့ ယခင် Snapdragon ချစ်ပ်မျိုးဆက်တွေမှာ Recall ကို ဘယ်လိုအသုံးပြုနိုင်မလဲဆိုတာ တွေ့ရှိပြီးနောက် အချို့သော လုံခြုံရေးဆိုင်ရာ ချို့ယွင်းချက်တွေဟာ သိသာထင်ရှားတာထက် ကျော်လွန်နေတာကို တွေ့ရှိခဲ့ကြပါတယ်။ သုတေသီ Kevin Beaumont ကတော့ ဘလော့ဂ်စာစာတစ်ခုမှာ ဒီပြဿနာတွေကို အသေးစိတ်ဖော်ပြခဲ့ပြီး ဒေတာအားလုံးဟာ SQLite database ထဲမှာ သိမ်းဆည်းထားတာဖြစ်ပြီး အဆိုပါဒေတာကို ဖန်တီးသူမဟုတ်ဘဲ အခြားအသုံးပြုသူတွေက local ဖြစ်စေ (ဒါမှမဟုတ်) remote ဖြစ်စေ malware တွေကို အသုံးပြုပြီး ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်" လို့ ရေးသားခဲ့ပါတယ်။

ဒီနောက် ဇွန်လ ၈ ရက်နေ့မှာ Microsoft က ပြန်လည်ပြင်ဆင်ပြီး Recall ကို အားလုံးအတွက် မဖြန့်တော့ဘဲ opt-in feature အဖြစ် ပြောင်းလဲRecall ကို အားလုံးအတွက် မဖြန့်တော့ဘဲ opt-in feature အဖြစ် ပြောင်းလဲခဲ့ပြီး ၄င်းအတွက် Windows Hello login လိုအပ်သလို Recall database နဲ့ snapshots အားလုံးကို "just in time" decryption ဖြင့် ဆောင်ရွက်သွားမှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

အခုဆိုရင် ဇွန်လ ၁၈ ရက်နေ့မှာ Recall ကို ဘယ်သူမှ ရရှိနိုင်မှာ မဟုတ်တော့ပါဘူး (အဟောင်း preview build တစ်ခုကို hack လုပ်နိုင်သူတွေ လွဲပြီး)။ အဆိုပါနေ့ဟာ Qualcomm Snapdragon X series ပါဝင်တဲ့ laptop အနည်းငယ်ပါဝင်တဲ့ Copilot+ PC တွေ ပွဲထွက်လာမယ့်နေ့ဖြစ်ပါတယ်။

Microsoft က ဘက်က Copilot+ PCs ကို လအနည်းအငယ်အချိန်အထိ အခြား Windows 11 ကွန်ပျူတာတွေမှာမရရှိနိုင်တဲ့ အထူး features လေးခုနဲ့ ကြိုးပမ်းရောင်းချနေပါတယ်။ အဆိုပါ features လေးခုကတော့ Cocreator (Windows Paint မှာ text-to-image generator), Windows Studio Effects (webcam အတွက် special effects), Live Captions with Real-Time Translation နဲ့ Recall ဖြစ်ပါတယ်။

ဒီထဲက ပထမ features သုံးခုက အခြားနေရာတွေလည်း ရနိုင်တဲ့ နည်းပညာတွေ ဖြစ်တယ်။ လက်ရှိမှာ local နဲ့ cloud အခြေခံ AI image generators တော်တော်များများရှိနေပါတယ်။ webcam အတွက် နောက်ခံကိုဝါးပေးခြင်းနဲ့ အခြား special effects တွေ ထည့်နိုင်တဲ့ နည်းလမ်းတွေလည်း ဒါဇင်ပေါင်းများစွာရှိပါတယ်။ Real-time captioning နဲ့ translation ဝန်ဆောင်မှုတွေလည်း အများကြီးရှိသလို Windows 11 မှာကိုက အသံကို real-time caption လုပ်နိုင်တဲ့စွမ်းရည်ပါပြီးသားဖြစ်ပါတယ်။

Recall ဟာ ထူးခြားတဲ့ feature ဖြစ်ပေမဲ့ အခုဆိုရင် စတင်ဖြန့်ချီချိန်မှာ မရနိုင်တော့တာမို့ နောက်ပိုင်းမှ ပြန်လည်မိတ်ဆက်မယ်ဆိုရင် အခြားသော Snapdragon မဟုတ်တဲ့ Copilot+ PC တွေလည်း ထွက်ရှိနေလောက်ပါပြီ။ လူထုရဲ့မကောင်းတဲ့အမြင်တွေကြောင့် Recall ကို အမှန်တကယ် enable လုပ်ဖို့ရွေးချယ်မယ့်သူတွေပမာဏဟာ နည်းပါးနိုင်ပါတယ်။

Source: Tom's Hardware



Post a Comment

0 Comments