Subscribe Us

header ads

သတင်းထုတ်ပြန်ချက် - သင့်စိတ်ကူးစိတ်သန်းများကိုအဆင့်မြှင့်ပါ MSI Creator Awards 2024 ပြိုင်ပွဲအတွက် တင်သွင်းနိုင်ပါပြီ

သတင်းထုတ်ပြန်ချက် - သင့်စိတ်ကူးစိတ်သန်းများကိုအဆင့်မြှင့်ပါ MSI Creator Awards 2024 ပြိုင်ပွဲအတွက် တင်သွင်းနိုင်ပါပြီ

MSI သည် မျှော်လင့်ကြီးစွာစောင့်ဆိုင်းနေကြသည့် MSI Creator Awards 2024 ပြိုင်ပွဲကို ယခုနှစ်အတွက်ကျင်းပမည်ဖြစ်ကြောင်း ဝမ်းမြောက်စွာကြေညာလိုက်ပြီး ကမ္ဘာတစ်ဝှမ်းမှ creator များ၏ တီထွင်ဖန်တီးမှုနှင့် ဆန်းသစ်မှုများကို ရည်ရွယ်၍ ကျင်းပလာသည်မှာ ၅နှစ်ဆက်တိုက် ရှိခဲ့ပြီဖြစ်ပါသည်။ “A Fusion of Art and Technology” ဆိုသည့် "အနုပညာနှင့် နည်းပညာ၏ပေါင်းစည်းမှု" ခေါင်းစဉ်အောက်တွင် နည်းပညာနှင့် အနုပညာဖန်တီးချက်တို့ အကြားအလပ်မရှိပေါင်းစည်းမှု၏ သက်သေတစ်ခုအဖြစ် ယခုပြိုင်ပွဲကအသုံးတော်ခံလျက်ရှိပါသည်။ ယှဥ်ပြိုင်လိုသူများသည် ယနေ့မှစတင်၍ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့အထိ ဝင်ရောက်တင်သွင်းနိုင်ပါသည်။ ပိုမိုသိရှိလိုပါက ဤနေရာတွင် ကြည့်ပါ


ယခုနှစ် MSI Creator Awards တွင် စိတ်ဝင်စားဖွယ်ကောင်းသည့် ကဏ္ဍလေးခုဖြင့် ပြသမည်ဖြစ်ပါသည်။ ထိုကဏ္ဍများမှာ Graphic Design၊ Animation၊ ရုပ်ရှင်နှင့် AI-Generated အလုပ်များ ဖြစ်ပါသည်။ Graphic Design၊ Animationနှင့် ရုပ်ရှင်ကဏ္ဍများကို နယ်ပယ်အတွင်းလေးစားရသည့် ကျွမ်းကျင်သူများက ဆုံးဖြတ်ပေးမည်ဖြစ်ပြီး၊ AI-Generated ကဏ္ဍကို အများပြည်သူတို့ မဲပေးခြင်းဖြင့် အဓိကဆုံးဖြတ်မည်ဖြစ်ပါသည်။ အံ့ဖွယ်ကောင်းသော အခွင့်အလမ်းကြီးကို အသင့်ဖြစ်စေရန် ပြင်ဆင်ထားပါ! စုစုပေါင်း ဆုကြေးပေါင်း USD $60,000 ကျော်မည်ဖြစ်ပြီး ဤအခွင့်အလမ်းတွင် သင့်၏ပါရမီကို ပြသပြီး၊ ဆုများကို ရရှိနိုင်မည်ဖြစ်သည်။ အခွင့်အရေးကိုလက်လွှတ်မခံပဲ သင်၏ ဖန်တီးမှုများကို ယခုတင်သွင်းပြီး ဆုကြီးများ ရရှိနိုင်မည့် အခွင့်အလမ်းကို ရယူပါ။


Graphic Design၊ Animation နှင့် ရုပ်ရှင်ကဏ္ဍဆုများအတွက် ဝင်ရောက်ယှဉ်ပြိုင်သူများသည် အထင်ကြီးလောက်ဖွယ် USD$50,000 ကျော် တန်ကြေးရှိသည့်ဆုကို ရရှိနိုင်မည်ဖြစ်သည်။ ဤဆုတွင် အကြီးစား ငွေသားဆု၊ content creation အတွက် အထူးပြုလုပ်ထားသော နည်းပညာအဆင့်မြင့် MSI laptop များ နှင့် Adobe Creative Cloud ၏ တစ်နှစ်စာ subscription တို့ပါဝင်သည်။ ထို့အပြင် အနိုင်ရရှိသော ဝင်ရောက်သူများသည် MSI ၏ ဒစ်ဂျစ်တယ်ပလက်ဖောင်းများတွင် ဖော်ပြနိုင်သည့်အခွင့်အလမ်းများ ရရှိနိုင်ပြီး၊ အနာဂတ်ပရောဂျက်များအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ရရှိနိုင်မည်ဖြစ်သည်။

AI-Generated အလုပ်များ ကဏ္ဍသည် ဖန်တီးသူများကို 'အနုပညာနှင့် နည်းပညာ၏ ပေါင်းစည်းမှု' ဆိုသည့် စိတ်ဓာတ်ကို အမှန်တကယ် ရုပ်လုံးပေါ်စေပြီး၊ အနုပညာနှင့် နည်းပညာတို့အကြားပေါင်းစပ်မှုကို ထင်ဟပ်စေပါသည်။ ဤကဏ္ဍရှိ အနိုင်ရရှိသူများကို အများပြည်သူ၏ မဲပေးခြင်းဖြင့် အဓိကဆုံးဖြတ်မည်ဖြစ်သောကြောင့် အနုပညာဖော်ပြမှုတွင် artificial intelligence အသုံးချကာ တီထွင်မှုနှင့် ဖန်တီးမှုအရည်အသွေးကို အများပြည်သူမှ တန်ဖိုးထားကြောင်းကို ထင်ဟပ်စေပါသည်။ ဤအံ့ဖွယ် ဖန်တီးမှုများကို ချီးမွမ်းနိုင်ရန်၊ ဤကဏ္ဍရှိ အနိုင်ရရှိသူများသည် စုစုပေါင်းဆုကြေး USD$10,000 ကျော် အတွက် ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။

ဖန်တီးသူများ၏ ကွဲပြားခြားနားသည့်လိုအပ်ချက်များကို အသိအမှတ်ပြုသည့်အလျောက် MSI မှ Studio laptops မျိုးစုံကို တိတိကျကျဖန်တီးထားပါသည်။ အဆိုပါ laptops များသည် ဖန်တီးမှုလုပ်ငန်းစဉ်ကို ချောမွေ့စွာ ဆောင်ရွက်နိုင်ရန် အထူးသင့်လျော်စွာ ဖန်တီးထားပြီး၊ လုပ်ငန်းစဉ်ကို အကောင်းဆုံးအနေအထားရရှိရန် မြှင့်တင်ပေးနိုင်ပါသည်။


ထို့အပြင်၊ စာသားရိုက်ထည့်ခြင်း (သို့မဟုတ်) ပုံကို ကိုးကားခြင်းတို့ဖြင့် ရုပ်ပုံကို တိုက်ရိုက်ဖန်တီးနိုင်သည့် generative AI ဆော့ဖ်ဝဲဖြစ်သည့် MSI AI-Artist က ဖန်တီးသူများအနေဖြင့် ၄င်းတို့၏ စိတ်ကူးစိတ်သန်းများကို လွယ်ကူစွာကွန့်မြူးစေနိုင်ပါသည်။ MSI AI-Artist သည် အွန်လိုင်းချိတ်ဆက်ထားရန်မလိုအပ်ဘဲ လုံခြုံစွာ၊ ထိရောက်စွာ အလုပ်လုပ်ဆောင်နိုင်သည့် နည်းပညာဖြစ်ပြီး၊ အသုံးပြုသူများအား ၎င်းတို့၏ စိတ်ကူးများကို ချောမွေ့စွာ စီမံနိုင်စေရန်နှင့် အံ့သြဖွယ် အမြင်များကို အလွယ်တကူ ဖန်တီးနိုင်စေရန် အထောက်အကူပြုပါသည်။

MSI Creator Awards 2024 ပြိုင်ပွဲကို မပျက်မကွက်ဝင်ရောက်ယှဥ်ပြိုင်ပါ။ ကမ္ဘာတစ်ဝှမ်းမှ creator များကို ဖိတ်ခေါ်အပ်ပါသည် ယှဥ်ပြိုင်လိုသူများအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ၁၁ ရက်နေ့အထိ တင်သွင်းနိုင်ပါသည်။ အနုပညာဆန်းသစ်မှု၏ နယ်နိမိတ်များကို ပြန်လည်သတ်မှတ်ရာတွင် ကျွန်ုပ်တို့နှင့်အတူပါဝင်ပေးကြရန်ဖိတ်ခေါ်အပ်ပါသည်။

Source: MSI

Post a Comment

0 Comments