Image via Tom's Hardware |
ထိုင်ဝမ်အခြေစိုက် PowerColor ဟာ "Edge AI" လို့ခေါ်တဲ့ နည်းပညာအသစ်တစ်ခုကို တီထွင်နေပြီး AMD Radeon RX ဂရပ်ဖစ်ကတ်တွေမှာ Neural Processing Units (NPUs) ကို အသုံးပြုကာလျှပ်စစ်စွမ်းအင်သုံးစွဲမှုကို လျှော့ချနိုင်တဲ့နည်းပညာကို ဖန်တီးနေပါတယ်။
သူရဲ့ ပြသချက်အရ Cyberpunk 2077 ရဲ့ လျှပ်စစ်စွမ်းအင်သုံးစွဲမှုဟာ 263.2W ကနေ 205.3W ကို ကျဆင်းသွားတာတွေ့ပြီး ၂၂% လို့ဆိုနိုင်ပါတယ်။ ဒီရလဒ်က AMD ရဲ့ power-saving mode မှာ ရရှိနိုင်တဲ့ ၁၈.၅% လျှော့ချပေးနိုင်မှုထက် သိသိသာသာပိုကောင်းနေတာ ဖြစ်ပါတယ်။ Final Fantasy XV အတွက်လည်း လာဘ်ဆန်းမှုရှိပြီး power-saving ရလဒ်တွေကလည်း ရှင်းပြခဲ့တဲ့ အကွက်အနေနဲ့ တစ်ချက်ပြန်ထည့်ထားပါတယ်။
PowerColor က သူ့ရဲ့ Edge AI နည်းပညာဟာ ဂရပ်ဖစ်ကတ်နဲ့ PowerColor ရဲ့ GUI တို့အကြား ဆက်သွယ်မှုမှတစ်ဆင့် အလုပ်လုပ်စေတာဖြစ်ကြောင်း ရှင်းပြပါတယ်။ IT Media အဆိုအရ Computex ပွဲမှာ ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုမှာ NPU ကို GPU နှင့် အပြင်ဘက်မှာချိတ်ဆက်ထားပြီး စမ်းသပ်ပြခဲ့တာကြောင့် NPU နဲ့ power saving ပြုလုပ်ခြင်းကို Ryzen 8000 series လို CPU မှာပါတဲ့ NPU တစ်ခုကလည်း လုပ်ဆောင်နိုင်မလားဆိုတာ စဉ်းစားစရာကောင်းပါတယ်။ PowerColor က Edge AI ကို ဖွင့်ထားတဲ့အချိန်မှာ စွမ်းဆောင်ရည်အနည်းငယ်တိုးတက်လာမယ်လို့ ကြေညာထားပါတယ်။ ထို့အတူပွဲမှာရှိနေတဲ့ tech reviewers တွေကလည်း ပုံမှန် GPU အသုံးပြုချိန်နဲ့ NPU ကို ပူးတွဲစမ်းသပ်ချိန်မှာ FPS 10% ကွာခြားကြောင်း အတည်ပြုခဲ့ကြပါတယ်။
NPUs ဟာ အခုနောက်ပိုင်းမှာ အမြဲတမ်းသုံးနေတဲ့ နည်းပညာတစ်ခုဖြစ်လာပြီး gaming စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တာကြောင့် desktop တွေမှာဆို အတော်လေးအကျိုးထူးစေပါလိမ့်မယ်။ NPU တွေဟာ Intel Core Ultra (Meteor Lake) နဲ့ ၂၀၂၃ ခုနှစ်မှစတင်ပွဲထွက်လာခဲ့ပြီး အဆင့်မြင့်လက်ပ်တော့တွေအတွက် စံနှုန်းတစ်ခုဖြစ်လာပါတယ်။ NPU တွေဟာ မိုဘိုင်းအက်ပလီကေးရှင်းတွေအတွက် အထူးသင့်လျော်ပြီး AI လုပ်ဆောင်ချက်တွေဟာ ပရိုဆက်ဆာကိုအလုပ်အရမ်းလုပ်စေရတဲ့အတွက် AI accelerators တွေကို လက်ပ်တော့တွေမှာတပါတည်းတပ်ဆင်ပေးထားခြင်းက battery အသုံးပြုမှုကို ပိုမိုထိရောက်စေပါတယ်။ Desktop များမှာတော့ dedicated graphics cards တွေက power ပိုသုံးသော်လည်း AI calculations တွေကို ပိုမိုထိရောက်စွာ အလုပ်လုပ်ပေးနိုင်ပေမယ့် NPU တွေလောက်တော့ ထိရောက်မှာမဟုတ်ပါဘူး။
AMD ဟာ Ryzen 8000G series မှာ NPU ကို desktop မှာ ပထမဆုံး တင်သွင်းခဲ့ပေမယ့် လက်ရှိကြေညာထားတဲ့ Ryzen 9000 series မှာတော့ ပြန်လည်ထည့်သွင်းမှာဦးမှာမဟုတ်ပါဘူး။ PowerColor အနေနဲ့သူ့ရဲ့ Edge AI အပေါ် ဘယ်လိုဆက်လက်လေ့လာမလဲအပေါ်မူတည်ပြီး ဒီနှစ်အတွင်း NPU ပါဝင်တဲ့ PowerColor AMD ဂရပ်ဖစ်ကတ်တွေကို မြင်ရနိုင်မလားဆိုတာ မချင့်မရဲမျှော်လင့်မိပါတယ်။ NPU ပါဝင်တဲ့ desktop CPU တွေဟာ gaming performance ကို တိုးတက်လာအောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ မိမိတို့အနေနဲ့ PowerColor သို့မဟုတ် AMD ၏ ထုတ်ကုန်များတွင် Edge AI ကို နောက်တစ်ကြိမ် ဘယ်တော့ပြန်တွေ့ရလဲဆိုတာကို မသိနိုင်သေးပါဘူး။
Source: Tom's Hardware
0 Comments