Lunar Lake မှာ အရင်မျိုးဆက်တွေကို ပြောင်းလဲမှုအနည်းငယ်သာမဟုတ်တော့ပဲ Performance Cores အသစ်တွေ၊ Efficient Cores အသစ်တွေ၊ integrated graphics အသစ်နဲ့ Neural Processing Unit(NPU) အသစ်တို့ ပါဝင်ပါတယ်။ ဒါတင်မက Integrated WIFI 7၊ Thunderbolt 4 နဲ့ အခြားအရာတွေလည်းပါဝင်တာကြောင့် Lower Power PC အတွက် များပြားလှတဲ့ feature တွေပါဝင်တယ်လို့ဆိုနိုင်ပါတယ်။ Lunar Lake ကြောင့် Intel ဟာ x86 CPU တွေရဲ့ power efficiency ပြဿနာကိုကျော်လွှားနိုင်ခဲ့ပြီး အရမ်းကောင်းမွန်တဲ့ low power PC ရရှိဖို့အတွက် ARM CPU ကိုမလိုအပ်ကြောင်း ပြသနိုင်ခဲ့ပါတယ်။
Intel ရဲ့ Lunar Lake processors တွေကိုဖန်တီးနိုင်ခဲ့တာဟာ အဆင့်မြင့် packaging နည်းပညာတွေကို အသုံးပြုခဲ့တာကြောင့် ဖြစ်ပါတယ်။ Intel ရဲ့ Foveros နည်းပညာကြောင့် ပိုငယ်တဲ့ chip တွေကို ပေါင်းစည်းပြီး ပိုမိုကောင်းမွန်တဲ့ performance နဲ့ efficiency ကို ရရှိအောင် လုပ်နိုင်ပါတယ်။ Lunar Lake ဆိုတာက များပြားလှတဲ့ အစိတ်အပိုင်းတွေကို ပေါင်းစည်းထားတာဖြစ်ပြီး အဆိုပါအစိတ်အပိုင်းတွေကို တစ်ခုချင်းစီ optimised လုပ်ပေးထားပါတယ်။
အရေးကြီးသည့် Memory on Package
Intel ဟာ Lunar Lake ကို x86 ဟာ power efficient computing ပိုင်းအတွက် အကောင်းဆုံး architecture ဖြစ်ကြောင်း သက်သေပြဖို့ ဖန်တီးထားပါတယ်။ Apple နဲ့ Qualcomm ရဲ့ ARM အခြေခံချစ်ပ်ဒီဇိုင်းအသစ်တွေ တစ်ခုပြီးတစ်ခုပေါ်ထွက်လာနေပေမဲ့ x86 CPUs တွေက အဆိုပါ ARM chip တွေထက် ပိုမိုထိရောက်မှုရှိနိုင်တယ်ဆိုတာ Intel ဘက်က ကောင်းစွာနားလည်ထားပါတယ်။ Intel က သူတို့ရဲ့ resources တွေကို ပိုမိုပါးနပ်စွာအသုံးချဖို့ လိုခဲ့တာဖြစ်ပါတယ်။
Lunar Lake နဲ့အတူ Intel က memory on package design ကို အသုံးပြုလာပါတယ်။ ဒီအတွက် Lunar Lake CPUs တွေမှာ memory တွေကို အဆင့်မြှင့်တင်လို့ မရနိုင်ပါဘူး။ ဒါပေမဲ့ ဒီ design ပြောင်းလဲမှုက memory latency တွေကို လျှော့ချပြီး memory ပါဝါသုံးစွဲမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ Data သွားရမယ့် လမ်းကြောင်းတိုလာတာမို့ ပါဝါသုံးစွဲမှုမှာလည်း အများကြီးလျော့ကျစေတဲ့ အကျိုးကျေးဇူးရှိတယ်လို့ ဆိုပါတယ်။
Lunar Lake သည် AI အတွက်သာမက Intel ၏ အဓိကအချက်များကို ပြန်လည်ပြင်ဆင်ထား
Lunar Lake ဟာ AI အပေါ် အများကြီး အာရုံစိုက်ထားပေမဲ့ AI feature အနည်းငယ်ထည့်ထားတယ်ဆိုတာနဲ့ အလုပ်ပြီးမြောက်သွားတာ မဟုတ်ပါဘူး။ P-Cores နဲ့ E-Cores အသစ်တွေကြောင့် Lunar Lake ဟာ AI workloads မဟုတ်တဲ့နေရာတွေမှာလည်း စွမ်းဆောင်ရည်တိုးတက်အောင် ဒီဇိုင်းပြုထားပါတယ်။
ဒီ Core အသစ်တွေကြောင့် Intel ဟာ performance နဲ့ area efficiency ပိုမိုကောင်းအောင် အာရုံစိုက်ထားခဲ့ပါတယ်။ Intel အနေနဲ့ စွမ်းအင်အနည်းငယ်သာအသုံးပြုပြီး မြင့်မားတဲ့ Single-threaded စွမ်းဆောင်ရည်ကိုလိုချင်တာပါ။ ဒါ့အပြင် CPU core ဒီဇိုင်းတွေကိုခေတ်မှီအောင်ဖန်တီးပြီး သူတို့ရဲ့ ဆန်းသစ်တီထွင်မှုနှုန်းကိုလည်း တိုးတက်စေလိုပါတယ်။ အခုဆိုရင်တော့ Intel ဟာ Lunar Lake နဲ့အတူ performance per watt အပေါ် အာရုံစိုက်တဲ့ ခေတ်သစ်တစ်ခုကို စတင်လိုက်ပြီဖြစ်ပါတယ်။
Lunar Lake ရဲ့ P-Core ဖြစ်တဲ့ Lion Cove မှာ Intel က သူတို့ရဲ့ power management system ပိုင်းကို ပြောင်းလဲထားတာတွေ့ရပါတယ်။ Intel က cores တွေရဲ့ စွမ်းဆောင်ရည်ကို အများဆုံးထုတ်ယူနိုင်အောင် AI ကို အသုံးပြုသွားမှာပါ။ Clock speed intervals ဟာ အရင်လို 100 MHz ကနေ 16.67 MHz ဖြစ်သွားပြီး ဒီပြောင်းလဲမှုတွေကြောင့် power level တစ်ခုချင်းစီမှာ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ရရှိဖို့ ကူညီပေးနိုင်ပါတယ်။ Lion Cove မှာ architecture ပိုင်းဆိုင်ရာတိုးတက်မှုတွေကို ထည့်သွင်းထားပြီး Lion Cove ဟာ ယခင် Redwood Cove ထက် performance နဲ့ efficiency ပိုင်းမှာ တိုးတက်မှုများစွာ ပေးစွမ်းနိုင်ပါတယ်။
Lunar Lake ရဲ့ Lion Cove Core ဟာ Meteor Lake ရဲ့ P-Cores နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် IPC တိုးတက်မှု ၁၄% ကို ပေးနိုင်ပြီး performance/watt အတွက်ကတော့ ၁၀-၁၈% ပိုမိုတိုးတက်မှု ရရှိနိုင်ပါတယ်။ Lion Cove ကြောင့် Intel အနေနဲ့ စွမ်းအင်အနည်းငယ်သာအသုံးပြုပြီး စွမ်းဆောင်ရည်ပိုမိုကောင်းတဲ့ CPU ကို ပေးအပ်နိုင်ပြီဖြစ်ပါတယ်။
E-Cores မှာတော့ ပိုမိုသိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေရှိတာတွေ့ရပါတယ်။ Intel ဟာ E-Cores ဖြစ်တဲ့ Skymont မှာ ထိရောက်မှုကိုဆက်လက်ထိန်းသိမ်းထားပြီး ပိုကောင်းတဲ့စွမ်းဆောင်ရည်ကို ပေးလိုပါတယ်။ ဒီအတွက် Skymont ရဲ့ core ဒီဇိုင်းကို လုံးဝကိုပြောင်းလဲထားတာမို့ laptop တွေနဲ့ အနာဂတ် desktops တွေ ၂ခုစလုံးမှာ ရိုက်ခတ်မှုတွေရှိလာပါလိမ့်မယ်။Skymont မှာ E-core designs တွေကို ပိုမို scalable ဖြစ်အောင်လုပ်ထားပြီး branch prediction ကို တိုးတက်စေထားသလို သူတို့ရဲ့ core တွေကို ထပ်မံ parallelized လုပ်ထားပါတယ်။ AI throughput ကိုလည်း ၂ဆ တိုးတက်စေမယ်လို့ ဆိုပါတယ်။ ဒါတင်မက Meteor Lake မှာပါဝင်ခဲ့တဲ့ Low-Power E-core ၂ခုကိုလည်း ဖယ်ထုတ်ထားပါသေးတယ်။ အခုဆိုရင် Low Power E-cores နဲ့ သီးခြား E-cores တွေမရှိတော့ပဲ အတူတူဖြစ်လာပြီး E-cores အားလုံးဟာ low power အနေထားမှာအလုပ်လုပ်မှာဖြစ်ပါတယ်။
Meteor Lake ရဲ့ LP E-cores နဲ့နှိုင်းယှဉ်ရင် Skymont ဟာ single-threaded Floating Point performance မှာ ၆၈ % တိုးတက်စေမှာပါ။ single-threaded integer performance မှာလည်း Skymont ဟာ စွမ်းဆောင်ရည် ၃၈% တိုးမြင့်ရရှိမှာဖြစ်ပါတယ်။
Meteor Lake ရဲ့ LP E-cores နဲ့ မတူတာက Lunar Lake ရဲ့ Skymont core clusters တွေမှာ core ၄ခု ပါဝင်မှာပါ။ ဒါကြောင့် Intel ရဲ့ E-cores အသစ်တွေဟာ cores ပေါင်းများပါဝင်ပြီး single-threaded performance စွမ်းဆောင်ရည်တိုးလာတဲ့အတွက် ကြီးမားတဲ့စွမ်းဆောင်ရည်တိုးတက်မှုကို ရရှိမှာဖြစ်ပါတယ်။
ထပ်ပြောရရင် စွမ်းဆောင်ရည်ပိုကောင်းလာပေမယ့် စွမ်းအင်အနည်းငယ်သာအသုံးပြုမှာဖြစ်ပါတယ်။ Intel ရဲ့ E-cores အသစ်တွေဟာ စွမ်းဆောင်ရည်ပိုမိုလိုအပ်လာတဲ့အခါ higher power level အထိဆွဲတင်နိုင်မှာပါ။
Lunar Lake ၏ မျိုးဆက်သစ် graphics – Xe2
Intel ဟာ discrete GPU စျေးကွက်ထဲဝင်ရောက်ခဲ့ချိန်မှာ သင်ခန်းစာအများကြီရခဲ့ပါတယ်။ Lunar Lake မှာ ဒီသင်ခန်းစာတွေကို အသုံးချထားတာမြင်ရနိုင်ပါတယ်။ Xe2 ဟာ Lunar Lake အတွက် AI စွမ်းဆောင်ရည် ပိုပေးအပ်နိုင်ပြီး gaming စွမ်းဆောင်ရည်လည်းပိုကောင်းမွန်စေမှာပါ။Meteor Lake ရဲ့ Xe Core အရေအတွက်ဟာ အတူတူပဲဆိုပေမယ့် Lunar Lake မှာ gaming စွမ်းဆောင်ရည်ကို ၅၀% တိုးတက်စေမှာပါ။ ဒါဟာ XMX units တွေဖြည့်စွက်ပါဝင်ထားတာကြောင့်ဖြစ်ပြီး Lunar Lake ရဲ့ Xe2 GPU က 67 TOPS အထိ AI စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ပါတယ်။ Lunar Lake ဟာ XeSS ရဲ့ accelerated version ကို အသုံးပြုလာနိုင်ပြီး အထောက်အပံ့ပေးထားတဲ့ဂိမ်းတွေမှာ ပိုမိုမြင့်မားတဲ့ upscaling quality ကိုရစေမှာပါ။
Xe2 နည်းပညာကြောင့် Lunar Lake chip အသစ်တွေဟာ မျိုးဆက်သစ် handheld gaming PC တွေရဲ့ CPU တွေ ဖြစ်လာမှာဖြစ်ပါတယ်။ စွမ်းဆောင်ရည်ကို ၅၀% တိုးတက်လာတယ်ဆိုတာ CPU မျိုးဆက်တစ်ခုအတွက် အလွန်ကြီးမားတဲ့ခုန်ပျံကျော်လွှားတိုးတက်မှုဖြစ်ပြီး handheld PC ထုတ်လုပ်သူတွေက Lunar Lake ကိုစိတ်ဝင်စားနေကြမှာ အသေအချာပဲလို့ဆိုနိုင်ပါတယ်။
GPU စွမ်းဆောင်ရည်တိုးတက်လာတာအပြင် Lunar Lake ဟာ DisplayPort 2.1 အထောက်အပံ့၊ VVC decoding နဲ့ Intel integrated graphics ရဲ့ ray tracing စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားပါတယ်။ Xe2 ဟာ Intel အတွက် နယ်ပယ်အားလုံးမှာ တိုးတက်အောင်ဆောင်ရွက်ထားတာကြောင့် Xe2 အနေနဲ့ discrete GPU စျေးကွက်မှာ ဘာတွေလုပ်နိုင်မလဲဆိုတာကို စောင့်ကြည့်သွားရမှာပါ။ ARC Battlemage ကလည်း ရောက်လာတော့မှာဖြစ်ပါတယ်။
Intel အား AI PC ခေတ်ကို ချင်းနင်းဝင်ရောက်လာစေသည့် Lunar Lake
Lunar Lake နဲ့အတူ Intel ဟာ AI စွမ်းဆောင်ရည် 48 TOPS နဲ့ AI PC ခေတ်ကို အဆင်သင့်ပြင်ဆင်ထားပါတယ်။ Intel ရဲ့ NPU ဟာ Qualcomm ရဲ့ နောက်ဆုံးပေါ် Snapdragon SOC တွေထက် ပိုမိုကောင်းမွန်ပြီး CPU cores နဲ့ Xe2 GPU ကြောင့် AI စွမ်းဆောင်ရည်ဟာ 120 TOPS ရရှိမှာဖြစ်ပါတယ်။
Lunar Lake နဲ့အတူ PCIe 5.0၊ Thunderbolt 4၊ WIFI 7 နဲ့ Bluetooth 5.4 တွေကို ထည့်သွင်းထားပါတယ်။ ဒါတွေကြောင့် Intel ရဲ့ Lunar Lake PC တွေဟာ အဆင့်မြင့် feature တွေများစွာပါဝင်တာကြောင့် အပိုချစ်ပ်တွေ ထပ်မံထည့်သွင်းဖို့ မလိုတော့ပါဘူး။
Power Efficiency
Lunar Lake ရဲ့ဇာတ်လမ်းက အရမ်းရိုးရှင်းပါတယ်။ Intel က ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေနဲ့ ပါဝါစားသုံးမှုနည်းတဲ့ ပရိုဆက်ဆာတွေကို မိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ x86 ဆိုတာ ထိရောက်တဲ့ instruction set architecture တစ်ခု ဖြစ်နိုင်တယ်ဆိုတာကို ပြသရင်း Intel ဘက်က power efficient ဖြစ်တဲ့ ပရိုဆက်ဆာတွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။
Lunar Lake နဲ့အတူ Intel ဟာ graphics စွမ်းဆောင်ရည်၊ AI စွမ်းဆောင်ရည်၊ CPU စွမ်းဆောင်ရည်တွေကို တိုးတက်အောင် ဆောင်ရွက်ထားပါတယ်။ Intel ရဲ့ လက်ရှိပရိုဆက်ဆာတွေဟာ အရင်မျိုးဆက်တွေထက် ပိုမိုကောင်းမွန်တာမို့ Lunar Lake ဟာ အရမ်းစိန်ခေါ်နိုင်စွမ်းရှိတဲ့ ထုတ်ကုန်တစ်ခုဖြစ်လာပါတယ်။ Intel အနေနဲ့ ဒီအရှိန်အဟုန်ကို ဆက်လက်မြှင့်တင်နိုင်ပါစေလို့ မျှော်လင့်ရင်း ဆက်လက်စောင့်ကြည့်ကြပါစို့လား။
Source: Intel and OC3D#EnThueTech
#News
#CPU
#AI
0 Comments