Subscribe Us

header ads

Intel Arrow Lake တွင် Ringbus နှင့်အတူ P-core/E-core များကို ပြန်လည်နေရာချသွားဖွယ်ရှိ

Image via Techpowerup

Intel ဟာ hybrid CPU core တွေ ကို ပထမဆုံးအသုံးပြုထားတဲ့မျိုးဆက်တွေဖြစ်တဲ့ Alder Lake၊ Raptor Lake နဲ့ Meteor Lake တွေဟာ ringbus တစ်ခုနဲ့ စီစဥ်ချိတ်ဆက်ထားပြီး L3 cache ကို ဝေမျှသုံးစွဲထားပါတယ်။ ၄င်းဟာ P-cores တွေကို die ရဲ့တစ်နေရာမှာထားပြီး E-core clusters တွေကို အခြားတစ်နေရာမှာထားထားပါတယ်။ Raptor Lake ရဲ့ ringbus ကို bidirectional ရှုထောင့်နဲ့ ကြည့်လိုက်မယ်ဆိုရင် ring-stops တွေဟာ P-cores မှာတစ်ပိုင်း၊ E-core clusters မှာတစ်ပိုင်း ကနေ iGPU မှာတစ်ပိုင်းချိတ်ဆက်ထားတယ်ဆိုနိုင်ပြီး ဒီနောက်မှာမှတဆင့် ကျန်တဲ့ E-cores တွေ P-coresတွေ နဲ့ Uncore နေရာတွေကို အစီအစဥ်အတိုင်းချိတ်ဆက်သွားတယ်လို့ ရှုမြင်နိုင်ပါတယ်။ Intel က Arrow Lake-S မှာတော့ P-cores နဲ့ E-core clusters တွေကို ပြန်လည်စီစဉ်သွားဖို့ ကြံရွယ်နေပါတယ်။

Image via Techpowerup

Arrow Lake မှာ Intel ဟာ E-core clusters တွေကို P-cores တွေအကြားထည့်သွင်းဖို့အစီစဉ်ရှိပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ P-core တစ်ခုနောက်မှာ E-core cluster တစ်ခု သူ့နောက်မှာ P-cores နှစ်ခုနဲ့ E-core cluster တစ်ခု ဒီနောက်မှာ P-core တစ်ခုနဲ့ ပြန်လည်စီစဉ်သွားဖို့ ဖြစ်ပါတယ်။ ဒီအကြောင်းကို X(ယခင်Twitter)မှာ Kepler_L2 ဆိုသူက Raptor Lake ကိုဘယ်လိုပုံစံမြင်ရနိုင်မလဲဆိုတာ ရှင်းလင်းပြထားပါတယ်။ E-core clusters တွေကို P-cores တွေအကြားထည့်သွင်းထားခြင်းက အကျိုးကျေးဇူးနှစ်ခုရှိပါတယ်။ တစ်ခုကတော့ P-core ring-stop နဲ့ E-core cluster ring-stop အကြား ပျမ်းမျှ latency ကို လျှော့ချနိုင်တာဖြစ်ပြီး ဒုတိယတစ်ခုက အပူစွန့်ထုတ်မှုအပိုင်းမှာပါ အထူးသဖြင့်ဂိမ်းကစားနေတဲ့အချိန်မှာ အပူတွေကို die တစ်နေရာထဲမှာ စုံပြုံနေခြင်းမရှိအောင် လျှော့ချနိုင်တာဖြစ်ပါတယ်။

Arrow Lake ရဲ့ P-core တစ်ခုချင်းစီဟာ E-core cluster တစ်ခုနဲ့ တစ်ခုထပ်ပြီး ring-stop ရှိမှာဖြစ်လို့ core အမျိုးအစား၂ခုအကြား thread တွေကို လွယ်လွယ်ကူကူ ကူးပြောင်းနိုင်မှာဖြစ်ပါတယ်။ Thread Director က E-cores တွေကို လိုလားနေချိန် E-core တစ်ခုဝန်ပိလာခဲ့ရင် P-core ကို ကူးပြောင်းအသုံးပြုသွားမှာဖြစ်ပါတယ်။ ဒီလို Core တွေကို ပြန်လည်စီစဉ်မှုကြောင့် E-core ကနေ P-core ကို ကူးပြောင်းချိန်မှာ latencies ကို လျှော့ချပေးနိုင်မှာပဲဖြစ်ပါတယ်။

Source: Techpowerup

Post a Comment

0 Comments