အားလုံးလည်း ကြုံဖူးကြမှာပါ။ သူငယ်ချင်းတွေနဲ့ အွန်လိုင်းဂိမ်းဆော့နေချိန် ဒါမှမဟုတ် အွန်လိုင်းမှာ ဖုန်းပြောနေချိန် latency တက်သွားတာမျိုးပါ။ ဒီလိုအဖြစ်မျိုးကို မကြာခဏ ကြုံနေရတယ်ဆိုရင် တစ်ခုခု လုပ်ဆောင်သင့်နေပါပြီ။ ကံကောင်းစွာနဲ့ သင့်မှာရွေးချယ်စရာ နည်းလမ်းအချို့ ရှိနေပြီး သင် အခုရှိနေတဲ့နေရာကို ပြောင်းရွှေ့တာကနေ ကြိုးမဲ့ဆက်သွယ်မှုကို LAN ကြိုးနဲ့ချိတ်ဆက်မှုအဖြစ် ပြောင်းလဲတာအထိပေါ့။ အခုဆိုရင် ဂိမ်းကစားချိန် ဒါမှမဟုတ် ဖုန်းပြောဆိုနေချိန်မှာ latency ကို ဘယ်လိုကောင်းအောင် လုပ်နိုင်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
![]() |
Image via XDA |
ဆော့ဖ်ဝဲလ်နဲ့ တခြား Background Taskတွေကို ပိတ်ပါ
ဂိမ်းကစားနေချိန် lag ဖြစ်တာ ဒါမှမဟုတ် frame ကျဆင်းရတဲ့ စွမ်းဆောင်ရည်ဆိုင်ရာ အကြောင်းရင်းတစ်ခုက သင့်ရဲ့ CPU ဟာ background task တွေအတွက် အသုံးပြုနေတာကြောင့် ဖြစ်ပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ antivirus ဆော့ဖ်ဝဲလ်က quick scan လုပ်နေတာ၊ browser tab မှာ YouTube ဖွင့်ထားတာ၊ ဒါမှမဟုတ် Steam က ဂိမ်းတစ်ခုကို ဒေါင်းလုဒ်လုပ်နေတာတွေ ပါဝင်နိုင်ပါတယ်။ သင်လက်ရှိ လုပ်ဆောင်နေတဲ့ အလုပ်နဲ့ မသက်ဆိုင်တဲ့ အရာအားလုံးကို လုံးဝပိတ်ပြီးတာနဲ့ ဘာထူးခြားလဲဆိုတာကို သိရှိနိုင်ဖို့ task manager ကို စစ်ဆေးကြည့်ဖို့ အကြံပြုပါတယ်။ သင့် PC ကို စွမ်းဆောင်ရည် အမြင့်ဆုံးအတွက် ပြင်ဆင်ထားခြင်းက ယေဘုယျအားဖြင့် ကောင်းမွန်တဲ့ အလေ့အကျင့်တစ်ခုပါ။
![]() |
Image via XDA |
Wireless ကနေ LAN ကြိုးကို ပြောင်းလဲအသုံးပြုပါ
ကြိုးမဲ့စွမ်းဆောင်ရည်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း အများကြီး တိုးတက်လာခဲ့ပေမဲ့ အခုချိန်ထိ Ethernet ကို မယှဉ်နိုင်သေးပါဘူး။ သင့် router ဟာ Wireless စွမ်းဆောင်ရည်နဲ့ပက်သက်ပြီး ရုန်းကန်နေရတယ်ဆိုရင် သူ့မှာရှိတဲ့ LAN port တစ်ခုကို အသုံးပြုဖို့ အချိန်တန်ပါပြီ။ ကြိုးမဲ့ latency တိုးလာရတာက ကွန်ရက်ပေါ်မှာ traffic များလွန်းတာ၊ တူညီတဲ့ channel တွေမှာ client တွေ အများကြီး ချိတ်ဆက်ထားတာ၊ ဒါမှမဟုတ် သင် တခြားအခန်းမှာရှိနေသလို နံရံကလည်း ထူနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
![]() |
Image via XDA |
Wireless Router နဲ့ ပိုနီးအောင်နေပါ
နံရံတွေဆိုလို့ Wireless signal တွေက ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုတွေကို ဖြတ်သွားဖို့ အကောင်းဆုံး ကြိုးစားပေမဲ့ Death Star လေဆာလောက် မစွမ်းရှာပါဘူး။ ကံမကောင်းစွာနဲ့ သင်က router နဲ့ အုတ်နံရံတစ်ခုခြားနေတယ်ဆိုရင် သင်ရဲ့ တစ်ခုတည်းသော ရွေးချယ်မှုက router နဲ့ ပိုမိုနီးကပ်စွာ အသုံးပြုလိုအပ်ပါတယ်။ အနည်းဆုံးတော့ အခန်းတစ်ခုတည်းမှာနေဖို့ ဒါမှမဟုတ် ရှိတဲ့ အခန်းနဲ့ တတ်နိုင်သမျှ အနီးဆုံးဖြစ်အောင်နေဖို့ ကြိုးစားရမှာပါ။ သင်က router နဲ့ အကွာအဝေးများလေလေ signal က ပိုအားနည်းလေပါပဲ။
သင့် VPN ကို ပိတ်ထားပါ
ပုံမှန်အားဖြင့် သင့် VPN ကို ပိတ်ထားဖို့ အကြံပေးမှာ မဟုတ်ပေမဲ့ ဂိမ်းဆော့ခြင်းနဲ့ အွန်လိုင်းဖုန်းခေါ်ဆိုမှုတွေမှာတော့ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သင်ဟာ မတူညီတဲ့ ဆာဗာတွေနဲ့ ဒေသတွေကို ဖြတ်ပြီး သွားနေရလို့ပါ။ ကြားခံထားတဲ့ VPN ကို ပိတ်ထားခြင်းက နောက်ဆုံးဆာဗာနဲ့ ပိုမိုရှင်းလင်းတဲ့ ချိတ်ဆက်မှု ရရှိမှာဖြစ်ပြီး latency ကို လျှော့ချပေးနိုင်ပါတယ်။ အသုံးပြီးသွားတာနဲ့ VPN ကို ပြန်ဖွင့်ပေးပါ။ ဖြစ်နိုင်ရင် သင်ရဲ့ VPN မှာ ဆာဗာတွေကို ပြောင်းပြီး ကွာခြားမှု ရှိမရှိ စမ်းကြည့်ပါ။ သင့်ရဲ့ တည်နေရာနဲ့ ပိုနီးတဲ့ ဆာဗာကို ပြောင်းကြည့်ပါ။
![]() |
Image via XDA |
မတူညီတဲ့ ဆာဗာကို ရွေးချယ်ပါ
VPN လိုပဲ သင်ဟာ ဂိမ်းအတွင်း ဒါမှမဟုတ် ဗီဒီယိုခေါ်ဆိုမှု ဆာဗာကို အမြဲတမ်း ပြောင်းလဲနိုင်ပါတယ်။ ကမ္ဘာတစ်ခြမ်းလောက်အကွာအဝေးမှာ နေထိုင်သူတွေနဲ့ ဂိမ်းကစားခြင်းက အကွာအဝေးနဲ့ သင်ရဲ့ ဒေတာတွေ ဖြတ်သန်းရမယ့် နေရာအရေအတွက်ကြောင့် အမြဲတမ်း latency အနည်းငယ် ရှိနေမှာပါ။ သင့်ရဲ့ တည်နေရာနဲ့ ပိုနီးတဲ့ ဆာဗာကို ပြောင်းခြင်းက latency ကို မြှင့်တင်ပေးနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
သင့်ရဲ့ မထိန်းချုပ်နိုင်တဲ့ ကိစ္စလည်းဖြစ်နိုင်ပါတယ်
တစ်ခါတစ်ရံမှာ latency များနေရာတာက သင့်ကြောင့် မဟုတ်ပါဘူး။ သင်ရဲ့ တည်နေရာနဲ့ ဂိမ်း ဒါမှမဟုတ် ခေါ်ဆိုမှု ဆာဗာနဲ့ ဘယ်လောက်ဝေးလဲအပေါ်မူတည်ပြီး ချိတ်ဆက်မှုကို သက်ရောက်နိုင်ပါတယ်။ အထူးသဖြင့် ကြားထဲက ကွန်ရက်တွေမှာ အခက်အခဲတွေ ကြုံတွေ့နေရချိန်မှာပါ။ သင်ရဲ့ အင်တာနက် ချိတ်ဆက်မှု အမျိုးအစားကလည်း အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နိုင်ပါတယ်။ သင့်ရဲ့ အိမ်သုံးအင်တာနက်က fiber လိုင်းမဟုတ်ခဲ့ရင် latency ပိုမြင့်မားနိုင်ပါတယ်။ နောက်ဆုံးမှာ သင်ရဲ့ router က သိပ်မကောင်းတာကြောင့်လည်း ဖြစ်နိုင်ပြီး သင့်ရဲ့ ISP ဒါမှမဟုတ် စျေးကွက်ကနေ အသစ်တစ်ခု လိုအပ်နိုင်ပါတယ်။
Source: XDA
0 Comments