![]() |
Image via TechSpot |
AMD က Ryzen AI Max 300 ရဲ့ review တွေအပေါ် ပိတ်ပင်မှုရုပ်သိမ်းလိုက်ပြီးနောက် နည်းပညာဘလော့ဂ်တွေနဲ့ YouTube ချန်နယ်တွေက စွမ်းဆောင်ရည်အသေးစိတ်အချက်အလက်တွေကို ဝေမျှခွင့်ခဲ့ကြပါတယ်။ Strix Halo APU အားလုံးမှာ စွမ်းစားကောင်းတဲ့ CPU နဲ့ GPU core တွေ ပါဝင်တယ်ဆိုပေမဲ့ flagship ချစ်ပ် Max+ 395 ဟာ review တွေအရ ၎င်းမှာပါဝင်လာတဲ့ integrated GPU ဟာဆိုရင် အချို့ဂိမ်းတွေမှာ RTX 4070 လက်ပ်တော့ GPU လောက်နီးပါးစွမ်းဆောင်ရည်ရှိနေကြောင်း ဖော်ပြခဲ့ကြပါတယ်။
Hardware Canucks ရဲ့ review မှာဆိုရင် AI Max+ 395 ရဲ့ Radeon 8060S iGPU ဟာ ချစ်ပ်တစ်ခုလုံးစာလောက်ပါဝါသုံးစွဲမှုနီးပါးရှိတဲ့ 70W RTX 4070 လက်ပ်တော့ထက်ကို စွမ်းဆောင်ရည်ပိုမိုကောင်းမွန်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒီလိုပါဝါသုံးစွဲမှု နည်းပါးပေမဲ့ 8060S iGPU ဟာ Cyberpunk 2077 နဲ့ Doom Eternal လို နာမည်ကြီး ဂိမ်းတွေမှာ RTX 4070 ထက်တောင် frame rate ပိုမိုမြင့်မားနေပါတယ်။
![]() |
Image via TechSpot |
AI Max 390 ကလည်း အံ့မခန်း ရလဒ်တွေကို ပြသခဲ့ပြီး ၎င်းရဲ့ Radeon 8950S iGPU ဟာ RTX 4060 နဲ့ တူညီတဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ကာ တစ်ခါတစ်ရံမှာ 1600p resolution မှာတောင် ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်။ Strix Halo ချစ်ပ်တွေကို reviewer က Rainbow 6: Siege၊ Red Dead Redemption နဲ့ The Callisto Protocol လို အခြားဂိမ်းအများအပြားမှာ Nvidia သီးခြား GPU တွေနဲ့ ယှဉ်ပြိုင်စမ်းသပ်ခဲ့ပြီး ကွာခြားမှုအနည်းငယ်သာရှိပြီး ဆင်တူတဲ့ရလဒ်တွေကို ပေးခဲ့ပါတယ်။
ဥပမာအားဖြင့် Cyberpunk 2077 မှာ Radeon 8060S ပါဝင်တဲ့ AI Max+ 395 ဟာ ပျမ်းမျှ 39 fps ရရှိခဲ့ပြီး Radeon 8050S ပါဝင်တဲ့ AI Max 390 က 35 fps ရရှိခဲ့ပါတယ်။
နှိုင်းယှဉ်ကြည့်ရင် Ryzen 9 8945HS နဲ့ တွဲဖက်ထားတဲ့ RTX 4070 က 37 fps ရရှိခဲ့ပြီး Ryzen AI 9 HX 370 နဲ့ တွဲထားတဲ့ RTX 4060 က 36 fps ရရှိခဲ့ပါတယ်။
NotebookCheck ကထုတ်ပြန်တဲ့ review မှာတော့ ခြွင်းချက်အချို့နဲ့အတူ ဆင်တူရလဒ်တွေကို ပြသခဲ့ပါတယ်။ ဥပမာအားဖြင့် 3DMark 11 မှာ Nvidia GeForce RTX 4060 တပ်ဆင်ထားတဲ့ Razer Blade လက်ပ်တော့မှာ GPU က 44,315 pointsရရှိခဲ့ပြီး ROG Flow Z13 မှာရှိတဲ့ Radeon RX 8060S က 40,732 points ရရှိခဲ့ပါတယ်။ GTA V လို ဂိမ်းအချို့မှာ Nvidia GPU တွေက AMD ချစ်ပ်အတွက် အရမ်းအားကောင်းကြောင်း သက်သေပြခဲ့ပြီး အမြင့်ဆုံး ဆက်တင်တွေနဲ့ဆိုရင် 1080p မှာ frame rate 37% အထိ ပိုမိုမြင့်မားတာကိုတွေ့ရပါတယ်။
NotebookCheck က 8060S ကို Apple နဲ့ Qualcomm တို့ရဲ့ Arm ချစ်ပ်တွေနဲ့လည်း စမ်းသပ်ခဲ့ပြီး AMD ချစ်ပ်က Qualcomm SoC ထက် သိသိသာသာ ပိုမြန်ကြောင်း သက်သေပြခဲ့ပါတယ်။ ဒါပေမဲ့ Apple M4 နဲ့ဆိုရင်တော့ အခြေအနေက ပြောင်းလဲသွားပြီး 8060S ဟာ သီးခြား benchmark အပေါ်မူတည်ပြီး M4 Pro GPU နှစ်ခုကြားစွမ်းဆောင်ရည်ရှိတာကိုတွေ့ရပါတယ်။
![]() |
Image via TechSpot |
AI Max+ 395 ရဲ့ review အားလုံးဟာ Strix Halo APU တွေနဲ့ ထွက်ရှိလာမယ့် ထုတ်ကုန်၃ခုထဲက တစ်ခုဖြစ်တဲ့ ASUS ROG Flow Z13 convertible နဲ့ စမ်းသပ်ထားတာဖြစ်ပါတယ်။ Asus က စျေးနှုန်းကို တရားဝင်မကြေညာရသေးပေမဲ့ ကောလာဟလတွေအရ စျေးနှုန်းက ဒေါ်လာ ၂,၀၀၀ ဝန်းကျင်ကနေ စတင်နိုင်တယ်လို့ ဆိုပါတယ်။
Source: TechSpot
0 Comments