![]() |
Image via Delta Force |
Black Hawk Down campaign ကို ယနေ့ ဖေဖော်ဝါရီ ၂၁ ရက်မှာ စတင်ထွက်ရှိလာခဲ့ပြီး အခမဲ့ ကစားနိုင်မှာဖြစ်ပါတယ်။ Team Jade ကတော့ ဒီလိုအခမဲ့ပေးဖို့ ဆုံးဖြတ်ရတာဟာ သူတို့ရဲ့ အရင်က ကတိကဝတ်တွေကြောင့်လို့ ဆိုပါတယ်။ ဒါပေမဲ့ Twitter မှာတော့ ဒါဟာ အစကတည်းက ဂိမ်းကို အားပေးခဲ့တဲ့ ကစားသမားတွေအတွက် ကျေးဇူးတင်တဲ့အနေနဲ့လို့ ဆိုထားပါတယ်။ ဒီကြေညာချက်က ဂိမ်းမာတွေကို အံ့အားသင့်စေခဲ့ပြီး Delta Force ရဲ့ Twitter post မှာ အားပေးတဲ့ မှတ်ချက်တွေ အများကြီး ရေးခဲ့ကြပါတယ်။ ဂိမ်းကို အခမဲ့ ကစားရလို့ ဝမ်းသာကြောင်းကနေ တခြား နာမည်ကြီး ဂိမ်းတွေလည်း ဒီလို ဖြစ်စေချင်ကြောင်းပြောဆိုခဲ့ပါတယ်။
Team Jade က မေးလေ့ရှိတဲ့ မေးခွန်းတွေကို ဖြေကြားရာမှာတော့ ဒီကမ်ပိန်းကို Co-op အတွက် ရည်ရွယ်ပြီး ဖန်တီးထားတယ်ဆိုပေမယ့် တစ်ယောက်တည်းလည်း ကစားနိုင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ တစ်ယောက်တည်း ကစားရင် အရမ်းခက်ခဲနိုင်ပြီး Co-op အတွက် ဖန်တီးထားတာကြောင့် တခြား Delta Force ကစားသမားတွေနဲ့ အတူ ကစားဖို့ အကြံပြုထားပါတယ်။
Delta Force - Black Hawk Down DLC ရဲ့ PC System Requirements တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။
Requires a 64-bit processor and operating system
OS: Windows 10 64 bit
Processor: Intel Core i5-6500 / AMD Ryzen 5 1500x
Memory: 16 GB RAM
Graphics: Nvidia Geforce GTX 1060 5G / AMD RX5500 XT / Intel Arc A580
Storage: 28 GB available space
RECOMMENDED:
Requires a 64-bit processor and operating system
OS: Windows 10 64 bit
Processor: Intel Core i7-8700 / AMD Ryzen 5 5500
Memory: 16 GB RAM
Graphics: Nvidia Geforce GTX 3060 / AMD RX5700 XT / Intel Arc A770
Storage: 28 GB available space
PC မှာကစားလိုသူတွေအတွက် Team Jade က ဂိမ်းဟာ လက်ရှိမှာ ကီးဘုတ်နဲ့ မောက်စ်ကိုပဲ အထောက်အပံ့ပေးထားပြီး နောက်ပိုင်းမှာတော့ controller အထောက်အပံ့ကို ထည့်သွင်းသွားမယ်လို့ ဆိုပါတယ်။ Black Hawk Down campaign မှာ ကောင်းမွန်တဲ့ co-op အတွေ့အကြုံကို ပေးစွမ်းမယ်လို့ ကတိပေးထားပါတယ်။
Delta Force - Black Hawk Down ကို Steam ရော Epic Games မှာပါကစားနိုင်မှာဖြစ်ပါတယ်။ သင့်အနေနဲ့ ဇာတ်လမ်းသွား Black Hawk Down campaign ကို မနှစ်သက်ဘူးဆိုရင်လည်း စိတ်ပူစရာမရှိပါဘူး။ Delta Force ဂိမ်းမှာ Battlefield ဂိမ်းတွေနဲ့ ဆင်တူတဲ့ Warfare နဲ့ Escape from Tarkov ဂိမ်းလို extraction shooter ပုံစံကစားနိုင်တဲ့ Operation ဆိုတဲ့ Mode ၂ခုကို အခမဲ့ကစားနိုင်ဦးမှာပါ။
Source: Delta Force, Steam and Game Rant
0 Comments