Subscribe Us

header ads

၂၀၂၅ ခုနှစ်တွင်လည်း Epic Games Store မှ ဂိမ်းများ အခမဲ့ဆက်လက်ပေးအပ်သွားမည်

 

Image: Epic Games

Epic Games Store (EGS) က ၎င်းတို့ရဲ့ "2024 Year In Review" အစီအစဉ်မှာ မိုဘိုင်းနဲ့ PC နှစ်ခုလုံးမှာ ၂၀၂၅ ခုနှစ်အထိ အခမဲ့ဂိမ်းတွေ ပေးသွားမယ်လို့ ဆိုထားပါတယ်။ ဆိုလိုတာက PC ဂိမ်းမာတွေဟာ EGS ကနေ တစ်ပတ်တစ်ခါ အခမဲ့ဂိမ်းတွေ ဆက်လက်ရရှိနေဦးမှာဖြစ်ပြီး PC ဂိမ်းမာတွေအတွက် တကယ့်သတင်းကောင်းပါပဲ။

ပြီးခဲ့တဲ့နှစ်မှာ Epic Games Store က ဂိမ်း ၈၉ ခုကို အခမဲ့ ပေးအပ်ခဲ့ပါတယ်။ ဒီဂိမ်းတွေအားလုံးရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၂၂၂၉ တန်ကြေးရှိပါတယ်။ PC နဲ့ မိုဘိုင်းမှာ လူတွေက ဒေါ်လာ ၅၉၅ သန်းနီးပါးတန်ကြေးရှိဂိမ်းတွေကို ရယူခဲ့ကြပါတယ်။ ပျမ်းမျှအားဖြင့် ဒီအခမဲ့ဂိမ်းတွေရဲ့ review score က ၇၆% ရှိပါတယ်။

လက်ရှိမှာဆိုရင် Epic Games Store မှာ F1 Manager 2024 ကို အခမဲ့ ပေးနေပြီး လာမယ့် ၂၀ရက်နေ့မှာ Garden Story နဲ့ World War Z Aftermath တို့ကို အခမဲ့ ပေးအပ်သွားမှာပါ။

"ကျွန်တော်တို့ရဲ့ အခမဲ့ဂိမ်းအစီအစဉ်က PC ဂိမ်းကောင်းတွေကို ပရိသတ်အသစ်တွေထံ ၅ နှစ်ကြာ ပေးအပ်နေခဲ့ပါတယ်။ Epic အသုံးပြုသူတွေဟာ ဒေါ်လာ ၂,၀၀၀ ကျော်တန်ဖိုးရှိတဲ့ ဂိမ်း ၈၉ ခုကို သူတို့ရဲ့ ဂိမ်းအကောင့်ထဲမှာ သိမ်းဆည်းထားပါတယ်။ ဒီအစီအစဉ်က ၂၀၂၅ မှာရပ်တန့်မသွားဘဲ PC ရော မိုဘိုင်းမှာပါ ဆက်လက်ရှိနေမှာပါ" လို့ Epic Games ကဆိုပါတယ်။

Image: Epic Games

Epic Games Store က PC ဂိမ်းမာတွေအတွက် သဘောကျစရာကောင်းတဲ့ နေရာတစ်ခု ဖြစ်လာပါတယ်။ အထူးသဖြင့် PC ဂိမ်းလောကကို အခုမှ စဝင်လာသူတွေအတွက်ပါ။ သူတို့ရဲ့ အခမဲ့ဂိမ်းတွေနဲ့တင် ကောင်းမွန်လှဂိမ်းတွေကို စုဆောင်းထားနိုင်ပါတယ်။ ဒီဂိမ်းတွေထဲမှာ နာမည်ကြီးဂိမ်းတွေအပြင် indie ဂိမ်းတွေလည်းပါဝင်ပါတယ်။ developer တွေအတွက် Epic Games အနေနဲ့ ဒီလို အခမဲ့ပေးအပ်ခြင်းက ဂိမ်းတွေကို လူတွေဆီ ပိုရောက်စေပြီး ငွေကြေးအထောက်အပံ့လည်း ဖြစ်စေပါတယ်။ Epic Games Store မှာ ဂိမ်းတစ်ခုကို အခမဲ့ ပေးနေတယ်ဆိုရင် Epic Games က အဲဒီ developer ကို ကျသင့်ငွေချေပေးခဲ့တာဖြစ်ပါတယ်။

Source: OC3D and Epic Games


Post a Comment

0 Comments