![]() |
Image via Euronews |
Signal ရဲ့ ဥက္ကဌဖြစ်သူ Meredith Whittaker က ဒီအမှားကို တိုက်ရိုက်မပြောခဲ့မယ့် ဒီကိစ္စအပေါ် ဒီမိုကရက်တစ် လွှတ်တော်အမတ်တွေကတော့ အမေရိကန် အမျိုးသားလုံခြုံရေး ချိုးဖောက်မှုလို့ ပြောပါတယ်။ ဒါပေမဲ့ သူမက Meta ရဲ့ WhatsApp မက်ဆေ့ခ်ျအက်ပ်ထက် Signal ရဲ့ လုံခြုံရေး အားသာချက်တွေကို ဖော်ပြပြီး Signal အက်ပ်ကို "ကိုယ်ရေးကိုယ်တာ ဆက်သွယ်မှုမှာ ရွှေစံနှုန်း" X လူမှုကွန်ယက်ပေါ်မှာ ပို့စ်တစ်ခု တင်ကာဖော်ပြခဲ့ပါတယ်။
"မိမိတို့ဟာ open source၊ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းဖြစ်ပြီး metadata နဲ့ မက်ဆေ့ခ်ျ အကြောင်းအရာတွေကို ကာကွယ်ဖို့ ကျွန်တော်တို့ရဲ့ စနစ်တစ်လျှောက်မှာ (end-to-end encryption) နဲ့ ကိုယ်ရေးကိုယ်တာ ကာကွယ်ရေး နည်းပညာကို တီထွင်ပြီး အသုံးပြုပါတယ်" လို့ သူမက ပြောကြားခဲ့ပါတယ်။
Signal ဟာ အသုံးပြုသူတွေရဲ့ အချက်အလက်အနည်းငယ်ကိုသာ စုဆောင်းတာကြောင့် ဥရောပနဲ့ အမေရိကန်မှာ WhatsApp ရဲ့ အခြားရွေးချယ်စရာအဖြစ် လူကြိုက်များလာပါတယ်။
စျေးကွက်ထောက်လှမ်းရေးကုမ္ပဏီဖြစ်တဲ့ Sensor Tower ရဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်၊ ပထမ သုံးလအတွင်း အမေရိကန်နိုင်ငံမှာ Signal ကို ဒေါင်းလုဒ်ရယူမှုဟာ ယခင် သုံးလပတ်နဲ့ နှိုင်းယှဉ်ရင် ၁၆% တိုးလာပြီး ၂၀၂၄ ခုနှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ရင် ၂၅% တိုးလာတယ်လို့ဆိုပါတယ်။
ဖေဖော်ဝါရီလ အင်တာဗျူးတစ်ခုမှာ ဒတ်ခ်ျသတင်းစာ De Telegraafနဲ့ အင်တာဗျူးမှာ Whittaker က WhatsApp က ဘယ်သူက ဘယ်သူ့ကို မက်ဆေ့ခ်ျပို့လဲ၊ ဘယ်လောက် မကြာခဏ ပို့လဲဆိုတာကို ကြည့်ဖို့ အသုံးပြုနိုင်တဲ့ metadata ကို စုဆောင်းတဲ့အတွက် Signal ဟာ ပိုလုံခြုံတဲ့ အခြားရွေးချယ်စရာတစ်ခု ဖြစ်လာတယ်လို့ ဆိုခဲ့ပါတယ်။
"ဒေတာစုဆောင်းထားတဲ့ အခြားကုမ္ပဏီတွေအားလုံးလိုပဲ WhatsApp ဟာလည်းဖိအားပေးခံရတဲ့အခါ သူတို့က ဒေတာကို ပေးအပ်ပါလိမ့်မယ်" လို့ Whittaker က သူမရဲ့ X ပေါ်မှာ ပို့စ်မှာ ပြောပါတယ်။
ထုတ်ပြန်ချက်တစ်ခုမှာ WhatsApp ပြောရေးဆိုခွင့်ရှိသူကတော့ metadata ကို spam message တွေကို တားဆီးဖို့နဲ့ "ဝန်ဆောင်မှုကို အလွဲသုံးစားလုပ်ခြင်းမှ ကာကွယ်ဖို့" အသုံးပြုကြောင်း ထုတ်ပြန်ချက်မှာ ဖြေကြားခဲ့ပါတယ်။
"ကျွန်တော်တို့က ဘယ်သူက ဘယ်သူ့ကို မက်ဆေ့ခ်ျပို့လဲ၊ ဖုန်းခေါ်လဲဆိုတဲ့ မှတ်တမ်းတွေကို မသိမ်းဆည်းထားပါဘူး။ လူတွေ တစ်ယောက်နဲ့ တစ်ယောက် ပို့နေတဲ့ ကိုယ်ရေးကိုယ်တာ မက်ဆေ့ခ်ျတွေကို ကြော်ငြာတွေအတွက် ခြေရာခံတာမျိုးလည်း မလုပ်ပါဘူး" လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Source: Reuters
0 Comments