Subscribe Us

header ads

A10 Networks မှ ThreatX Protect ကို ဝယ်ယူကာ ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများကို တိုးချဲ့ခြင်း

 A10 Networks မှ ThreatX Protect ကို ဝယ်ယူကာ ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများကို တိုးချဲ့ခြင်း

ThreatX Protect သည် ဆက်လက်ပြောင်းလဲနေသော အက်ပ်လီကေးရှင်းနှင့် API လုံခြုံရေး ခြိမ်းခြောက်မှုတို့ထံမှ ကာကွယ်ရန်အတွက် အရေးကြီးသော လိုအပ်ချက်ကိုဖြည့်ဆည်းနေ

ဆန်ဟိုဆေး၊ ကယ်လီဖိုးနီးယား – ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်A10 Networks (NYSE: ATEN) သည် ဖောက်သည်များအား လျင်မြန်စွာပြောင်းလဲနေသော ဆိုက်ဘာခြိမ်းခြောက်မှု အခင်းအကျင်းကို ဆက်လက်ကူညီနိုင်ရန်အတွက် ThreatX Protect ၏ ပိုင်ဆိုင်မှုများနှင့် အဓိက ဝန်ထမ်းများကို ရယူခဲ့ပြီး ၎င်း၏ ဆိုက်ဘာလုံခြုံရေးလုပ်ငန်းစဉ်ကို Web Application and API Protection (WAAP) ဖြင့် ချဲ့ထွင်ခဲ့ပါသည်။ ဤသို့ဝယ်ယူခြင်းကြောင့် ၂၀၂၅ ခုနှစ်တွင် A10 ၏ ရှယ်ယာတစ်ခုလျှင် အမြတ်ငွေကို အနည်းငယ်မျှ တိုးတက်စေမည်ဟု မျှော်မှန်းထားပြီး ယခုအခါ ဝယ်ယူလုပ်ငန်းစဥ်မှာ အောင်မြင်စွာ ပြီးဆုံးသွားပြီဖြစ်ပါသည်။

Web Application များနှင့် Application Programming Interfaces (API) များကို တိုက်ခိုက်မှုများမှာ များပြားလာလျက်ရှိပြီး စီးပွားရေးလုပ်ငန်းများအတွက် သိသာထင်ရှားသော ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာပါသည်။ ThreatX Protect သည် ပြိုင်ဘက်ကင်း WAAP solution တစ်ခုဖြစ်ပြီး အပြုအမူ ဆိုင်ရာနှင့် အန္တရာယ်ပရိုဖိုင်များ (behavioral and risk profiling)ကို အသုံးပြု၍ AI အက်ပ်လီ ကေးရှင်းများအပါအဝင် ပြောင်းလဲနေသော ခြိမ်းခြောက်မှုများရန်မှ စီးပွားရေးလုပ်ငန်းများကို ကာကွယ်ရန် ကူညီဆောင်ရွက်လျက်ရှိကာ AI firewall အဖြစ်လည်း တွဲဖက်နိုင်ပါသည်။ ThreatX Protect တွင် API ကာကွယ်မှု၊ Bot စီမံခန့်ခွဲမှုနှင့် မျိုးဆက်သစ် web application firewall များ ပါဝင်ပြီး Software-as-a-Service solution တစ်ခုအဖြစ် ပေးအပ်ထားပါသည်။

A10 Networks ၏ ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Dhrupad Trivedi က "ThreatX Protect ဖြင့် A10 Defend လုံခြုံရေးလုပ်ငန်းကို တိုးချဲ့ခြင်းသည် ကျွန်ုပ်တို့၏ ဖောက်သည်များအား အသစ်အသစ်နှင့် ပြောင်းလဲ လာသော ခြိမ်းခြောက်မှုများရန်မှ ကာကွယ်ရန်အတွက် အပိုထပ်ဆောင်းလက်နက်တစ်ခု ပေးစွမ်း နိုင်မည် ဖြစ်သည်။ ကျွန်ုပ်တို့၏ နည်းဗျူဟာမြောက် ဦးတည်ချက်မှာ စီးပွားရေးလုပ်ငန်းများ အတွက် ယနေ့ခေတ် တိုးပွားလာနေသော ခြိမ်းခြောက်မှုများထံမှ အက်ပလီကေးရှင်းများနှင့် ကွန်ရက်များ လုံခြုံနိုင်စေရုံသာမက အနာဂတ်တွင် ပေါ်ပေါက်လာမည့် AI ကို အသုံးချလာမှုများကို ကာကွယ် ရန်လည်းဖြစ်သည်။ WAAP ကို ကျွန်ုပ်တို့၏ solution တွင် ထည့်သွင်းခြင်းဖြင့် ဖောက်သည် များအား ခိုင်မာသော လုံခြုံရေးအနေအထားကို တည်ဆောက်ရန် ကူညီပေးနိုင်သည့် အပိုထပ်ဆောင်း စွမ်းဆောင်ရည်များကို ပေးစွမ်းနိုင်မည်ဖြစ်သည်။" ဟု ပြောကြားခဲ့ပါသည်။

ThreatX CEO Gene Fay က “A10 Networks က ThreatX ရဲ့ အမှတ်တံဆိပ်အပါအဝင် အချို့ ပိုင်ဆိုင်မှုတွေကို ဝယ်ယူလိုက်တဲ့အတွက် အရမ်းဝမ်းမြောက်မိပါတယ်။ A10 က ဒီလုပ်ငန်းစဉ် တစ်လျှောက်မှာ အရမ်းကောင်းတဲ့ မိတ်ဖက်ဖြစ်ခဲ့ပြီး ကျွန်တော်တို့ရဲ့ ဖောက်သည်တွေနဲ့ ဝန်ထမ်းတွေ က သူတို့ရဲ့ ဦးဆောင်မှုအောက်မှာ အောင်မြင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

ဤဝယ်ယူမှု၏ အကျိုးဆက်အနေဖြင့် ThreatX ၏ ကျန်ရှိသော ပိုင်ဆိုင်မှုများအား Run Security အဖြစ် စတင်မိတ်ဆက်မည်ဖြစ်ပြီး ခေတ်အမီဆုံး eBPF အခြေခံ solution ဖြစ်သည့် TX Prevent ကို RS Prevent ဟူသော အမည်ဖြင့် ပြန်လည်မိတ်ဆက်သွားမည်ဖြစ်ပါသည်။

ThreatX Protect သည် A10 Networks ၏ ဖောက်သည်များအား public cloudprivate cloud၊ တွဲဖက်တည်နေရာသုံး အဆောက်အအုံများ သို့မဟုတ် ကိုယ်ပိုင်အဆောက်အဦးများ၌ မည်သည့် နေရာတွင်မဆို လည်ပတ်နေသော အက်ပ်များနှင့် API များကို အကာအကွယ်ပေးရန် A10 လုံခြုံရေး solution များကို ပေါင်းစပ်ချဉ်းကပ်မှုဖြင့် ဖြန့်ကျက်နိုင်ရန် အကူအညီပေးခြင်းဖြင့် A10 ၏ ဗျူဟာကို အထောက်အပံ့ပေးလျက်ရှိပါသည်။ A10 Defend တွင် DDoS ကာကွယ်ရေး၊ DDoS ခြိမ်းခြောက်မှု ဆိုင်ရာ အသိဉာဏ်နှင့် ဝက်ဘ်အက်ပ်လီကေးရှင်းများ ပါဝင်ပြီး ယခုအခါ end-to-end delivery နှင့်  အရေးကြီးသော အက်ပ်လီကေးရှင်းများအတွက် ပိုမိုအားကောင်းသော လုံခြုံရေးနှင့်အတူ ပလက် ဖောင်းတစ်ခုတည်းအဖြစ် ပေါင်းစပ်ထားသည့် အင်္ဂါရပ်အပြည့်အစုံပါ WAAP solution ကိုလည်း ထပ်မံပေါင်းထည့်ထားပါသည်။

ဤအရောင်းအဝယ်၏ အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြသထားခြင်းမရှိပါ။ A10 မှ ဖော်ပြထားသော စီးပွားရေးလုပ်ငန်းတွင် ကုမ္မဏီ၏လုံခြုံရေးဆိုင်ရာ လုပ်ငန်းများကို ကြီးထွားလာ စေမည့် မဟာဗျူဟာနှင့် ယခုဝယ်ယူမှုသည် ကိုက်ညီလျက်ရှိပါသည်။ ဤဝယ်ယူမှုသည် ကုမ္ပဏီ၏ ၂၀၂၅ ခုနှစ် ဘဏ္ဍာရေးအလားအလာ သို့မဟုတ် ရေရှည်စီးပွားရေးလုပ်ငန်းပုံစံကို သိသာထင်ရှား သော ပြောင်းလဲမှု ဖြစ်စေမည်မဟုတ်ပါ။

မိမိတို့အား လူမှုကွန်ယက်တွင် follow လုပ်ပါ

  • A10 Networks  ဘလောဂ့် သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်
  • LinkedIn နှင့် Facebook  မှတဆင့် ဆက်သွယ်ပါ

Run Security အကြောင်း

Run Security သည် ခေတ်ပေါ်အက်ပ်များဖြင့် အလိုအလျောက် အလုပ်လုပ်သော အမြဲတမ်းဖွင့်ထား သော eBPF စွမ်းအင်သုံး ကာကွယ်မှုနှင့်အတူ runtime လုံခြုံရေးကို ပြန်လည်ဆန်းသစ်လျက် ရှိပါသည်။ SASTDAST နှင့် WAF နည်းပညာများကို ဖြည့်စွမ်းပေးသည့်အနေဖြင့် Run Security သည် အမှန်တကယ်အရေးကြီးသည့် အားနည်းချက်များအား အချိန်နှင့်တပြေးညီ မြင်တွေ့နိုင်စွမ်းကို ပေးစွမ်းပြီး လုံခြုံရေးနှင့် ဆော့ဖ်ဝဲရေးဆွဲသူ အဖွဲ့များအား သက်တောင့်သက်တာဖြင့် အတူတကွ လုပ်ဆောင်နိုင်စေပါသည်။ Run Security သည် မည်သည့်နေရာတွင်မဆို အက်ပ်လီကေးရှင်းများကို လည်ပတ်ချိန်တွင် လုံခြုံစေရန် အလိုအလျောက်ဖြန့်ကျက်မှုနှင့် စဉ်ဆက်မပြတ်ကာကွယ်မှုတို့ဖြင့် အာမခံလျက်ရှိပါသည်။ ပိုမိုသိရှိလိုပါက runsecurity.com သို့ ဝင်ရောက်ကြည့်ရှုပါ။

A10 Networks အကြောင်း

A10 Networks သည် on-premiseshybrid cloud နှင့် edge-cloud ပတ်ဝန်းကျင်များအတွက် လုံခြုံရေးနှင့် infrastructure solutions များကို ပံ့ပိုးပေးနေပါသည်။ ကျွန်ုပ်တို့၏ ဖောက်သည် ၇၀၀၀ ကျော်မှာ ကမ္ဘာတစ်လွှားရှိ အကြီးစားစီးပွားရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းများ၊ cloud နှင့် ဝက်ဘ် ဝန်ဆောင်မှုပေးသူများဖြစ်ပြီး လုံခြုံထိရောက်ပြီး စီးပွားရေးအရ အရေးပါသည့် application များနှင့် ကွန်ရက်များကို ပံ့ပိုးပေးလျက်ရှိပါသည်။ A10 Networks ကို ၂၀၀၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဟိုဆေးမြို့၌ အခြေစိုက်ကာ ကမ္ဘာ တစ်ဝှမ်းရှိ ဖောက်သည်များကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ‌ပိုမိုသိရှိလိုပါက A10networks.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး LinkedIn တွင်လည်း A10Networks ကို follow လုပ်ထားနိုင်ပါသည်။

မျှော်မှန်းထားသော ထုတ်ပြန်ချက်များ

ဤသတင်းထုတ်ပြန်ချက်တွင် A10 Networks နှင့် ThreatX တို့အပေါ် အရောင်းအဝယ်၏ သက် ရောက်မှုနှင့် မျှော်မှန်းထားသော အကျိုးကျေးဇူးများအပါအဝင် ရှေ့အလားအလာကို မျှော်မှန်း သည့် ထုတ်ပြန်ချက်များ ပါဝင်ပါသည်။ မျှော်မှန်းထားသောထုတ်ပြန်ချက်များသည် ခန့်မှန်းချက် သက်သက် သာဖြစ်ပြီး ဘေးအန္တရာယ်များနှင့် မမျှော်လင့်ထားသည့် ကိစ္စရပ်များကြောင့် ဖော်ပြထားသော ရလဒ်များနှင့် သိသိသာသာ ကွဲလွဲနိုင်ချေရှိပါသည်။ ၎င်းတွင် A10 မှ အဆိုပြုထားသည့် လုပ်ငန်း စီမံချက်မှ မျှော်မှန်းထားသည့် အကျိုးကျေးဇူးများရရှိရန် စွမ်းဆောင်နိုင်မှုအပါအဝင်  အဆိုပြုထား သော အရောင်းအဝယ်မှ မျှော်မှန်းထားသော အကျိုးကျေးဇူးများကို အမှန်တကယ်မရရှိနိုင်ခြင်း  (သို့မဟုတ်) မျှော်မှန်းထားသော အချိန်ကာလအတွင်း အကောင်အထည်မဖော်နိုင်ခြင်း စသည့် ဖြစ်နိုင်ချေများလည်း ပါဝင်ပါသည်။ ရှေ့အလားအလာကို မျှော်မှန်းသောထုတ်ပြန်ချက် အားလုံးကို ဤသတင်းထုတ်ပြန်ချက် ထုတ်ပြန်သည့်နေ့တွင် ရရှိနိုင်သော အချက်အလက်များအပေါ် အခြေခံထားပြီး သက်ဆိုင်ရာဥပဒေအရ လိုအပ်သည့်အချိန်မှလွဲ၍ ကျွန်ုပ်တို့သည် ထိုထုတ်ပြန်ချက်များကို အချိန်ကာလနှင့်အညီ မွမ်းမံသွားမည်မဟုတ်ပါ။

Source: A10 Networks

Post a Comment

0 Comments