Subscribe Us

header ads

Phanteks Enthoo Evolv ATX Tempered Glass Review



အားလုံးပဲ မင်္ဂလာပါ 

ဒီနေ့ကျနော် Mid-tower PC case လေးတစ်ခုလောက် မိတ်ဆက်ပေးချင်ပါတယ်...

ကျနော်မိတ်ဆက်ပေးချင်တဲ့ Casingလေးကတော့ Phanteks ကနေထုတ်လုပ်ထားတဲ့ Enthoo Series ထဲကမှ နာမည်ကျော်case တစ်ခုဖြစ်တဲ့ Enthoo Evolv ATX Tempered Glass Edition ပဲဖြစ်ပါတယ်။ ဒီcaseကို နာမည်ကျော် Tech Reviewer တွေဖြစ်တဲ့ Linus Tech Tips က Luke နဲ့ Hardware Canucks က Dimitry တို့က သူတို့ရဲ့ Personnel Rig မှာအသုံးပြုနေကြတဲ့Caseလဲဖြစ်ပါတယ်။

Introduction

နာမည်ကျော်ကွန်ပျူတာဆက်စပ်ပစ္စည်းထုတ်လုပ်သူ Phanteks ဟာနှစ်၂၀သက်တမ်းရှိပြီဖြစ်ပြီး နယ်သာလန်အင်ဂျင်နီယာတွေတည်ထောင်ထားတဲ့ကုမ္မဏီတစ်ခုဖြစ်ပါတယ်။ ကုမ္မဏီဟာ Enthoo Evolv m-atx ဆိုတဲ့caseကိုထုတ်လုပ်ရာမှာ အောင်မြင်ခဲ့တာကြောင့် Enthoo Evolv itx နဲ့  Enthoo Evolv တို့ကိုထုတ်လုပ်ခဲ့ပြီး 2015ခုနှစ်မှာ Enthoo Evolv ATX ကိုထုတ်လုပ်ခဲ့ကာ နာမည်ကြီး reviewer တွေရဲ့ထောက်ခံချက်များစွာကိုရရှိခဲ့ပါတယ်။ ကျနော်ပြောပြပေးမယ့် case ကတော့ Enthoo Evolv ATX ရဲ့ Tempered Glass Edition ပဲဖြစ်ပါတယ်

Case Specification

Caseက အရွယ်အရမ်းကြီးတယ်လို့ပြောမရရင်တောင် အတော်လေးကိုကြီးပါတယ်။

အလျား 20.1in 
အကျယ် 9.25in
အမြင့် 19.5in ရှိပါတယ် 

Weightက ပေါင် 30 ရှိလို့အတော်လေးကိုလေးပါတယ် (စားပွဲပေါ်တင်ထားချင်ရင်စားပွဲတောင့်တောင့်တစ်လုံးသာရှာထားပါ) ဒီcaseကို၅ထပ်တိုက်ပေါ်မတင်လိုက်တာ နောက်နေ့ကိုယ်လက်နာကုန်ရော 🙁 (ဤကားစကားချပ်)။ 

Caseက ATX လို့သာခေါ်ပေမယ့် ATX၊ Micro ATX၊ Mini ATX တို့အပြင် 264mm ကျယ်တဲ့ E-ATX motherboard အထိ support လုပ်ပါတယ်။ GPUကတော့ HDD Bracket မတပ်ထားရင် 16.54in အထိရှိတဲ့ GPUတပ်လို့ရပြီး HDD Bracket တပ်ထားမယ်ဆိုရင် 11.8in ရှိတဲ့ GPU တွေတပ်လို့ရပါတယ်။

Design and Exterior

Caseရဲ့design ကတော့ Evolv caseတွေအတိုင်းဆင်တူပြီး 2015ထုတ် Evolv ATX ရဲ့ ဘေးဘက်က aluminium panel နဲ့ acrylic side window panelတွေအစား ဘေး၂ဖက်လုံးကို ခေတ်ပေါ်ဒီဇိုင်းတစ်ခုဖြစ်တဲ့ tempered glass ၂ချပ်ကိုထည့်သွင်းပေးထားပါတယ်။ 


Chassis ကိုတော့ Steel နဲ့ အပြင်ပိုင်းတွေကိုတော့ 3mm အထူရှိတဲ့ Aluminium ကိုအသုံးပြုပေးထားပါတယ် caseရဲ့ဒီဇိုင်းက အလွန်ရှင်းလင်းလှပသေသပ်ပြီး Premium ဆန်ပါတယ်။

အခုနောက်ပိုင်းCaseတွေအတိုင်း DVD Drive Bay မပါဝင်တော့ပါဘူး။  

အရောင်အနေနဲ့ အနက်(Satin Black) ခဲရောင်(Anthracite Grey)နဲ့ငွေရောင်(Galaxy Silver)တို့အနေနဲ့ ထုတ်လုပ်ထားပါတယ်

Case အပေါ်ပိုင်းမှာ power button ရှိပြီး button ကrgb ဖြစ်တဲ့အတွက်တော်ကလေးကိုလှပတယ်လိုဆိုရမှာပါ။ IO port တွေကရှေ့ပိုင်းမှာပဲပါပြီး usb 3.0 port 2ခု microphone နဲ့ headphone jack ၂ခုရယ်ပဲပါပါတယ် (နည်းတာပေါ့နော့်) နောက်တစ်ခုက portတွေရဲ့ညာဖက်အစွန်ဆုံးမှာ   Power Button နဲ့ front panel မှာရှိတဲ့ LED အရောင်ပြောင်းဖို့ buttonသေးသေးလေးတစ်ခုပါပါတယ် LED mode တွေက Static၊ Breathing နဲ့ Color Cycle modeတွေပါ အရောင်ကတော့ ၁၀ရောင်ထိပြောင်းနိုင်ပါတယ် တစ်ချို့ Tech Reviewer တွေကတော့ Asus ရဲ့ AURA နဲ့ MSI ရဲ့ Mystic Light တွေနဲ့ compatible ဖြစ်တယ်လို့ဆိုပါတယ်။ ဒီport တွေနဲ့ button တွေကို cover တစ်ခုနဲ့ပိတ်ဖွင့်လို့ရအောင်လုပ်ထားပါတယ် 

Interior 






Case ရဲ့အတွင်းပိုင်းမှာ 140mm fan 3လုံးပါဝင်ပြီး 2လုံးက အရှေ့ဘက်intake နဲ့ 1 လုံးက exhaust၊ fan 6လုံးထိတပ်ဆင်နိုင်တဲ့ fan hub တစ်ခု၊ case ရဲ့ RGB အတွက် SATA power cable တစ်ခု၊ Phanteks LED strip တွေအတွက် connector 2 ခု၊ လွယ်ကူစွာဖြုတ်တပ်နိုင်တဲ့ SSD bracket 2ခု(တစ်ခုကို NZXT S340 လို caseအရှေ့ခြမ်းကိုပို့ထားလို့ရ)၊ 


3.5" HDD bracket 5ခု(8ခုအထိတပ်ဆင်နိုင်)တွေတပ်ဆင်ထားပြီး bracket တွေတိုင်းမှာ ဖော့လေးတွေတပ်ဆင်ထားလို့ vibrationကိုနည်းအောင်လုပ်ထားတာတွေ့ရပါတယ်...

Caseမှာ screw တွေလွယ်ကူစွာတပ်ဆင်ဖို့ screw တွေအများကြီးပါတဲ့ box လေးလဲထည့်ပေးထားပါသေးတယ်

Fan Filters

ရှေ့ဘက်က Aluminium cover ကိုဘာTools မှမလိုပဲလက်နဲ့အသာလေးဆွဲဖြုတ်နိုင်သလို အတွင်းက filter ကိုလဲဆွဲဖြုတ်လို့ရပါတယ်...

PSU အောက်က filterကိုလဲအသာအယာဆွဲထုတ်လို့ရပါတယ်

Conclusion

နိဂုံးချုပ်အနေနဲ့ Phanteks Enthoo Evolv ATX Tempered Glass Edition ကကောင်းမွန်တဲ့ Case တစ်ခုဖြစ်ပြီး ကောင်းမွန်တဲ့ feature တွေရှိလို့ရွေးချယ်သင့်တဲ့ Case တစ်ခုဖြစ်ပါတယ်...

မကောင်းတဲ့အချက်တွေအနေနဲ့ကတော့ Tempered Glass ကို အရှေ့ရောအနောက်မှာပါသုံးလိုက်လို့ weight က ပေါင်၃၀လောက်ဖြစ်သွားတဲ့အပြင် အနောက်ဘက်ကပါ Tempered Glass ဖြစ်တာကြောင့် strap တွေပါပေမယ့် cable management လုပ်ထားသမျှရှင်းရှင်းကြီးကိုမြင်နေရပါတယ် နောက်ပြီးဈေးကအရမ်းကြီးပါတယ် Amazon တို့ Neweggတို့မှာတောင် $190 လောက်ရှိပါတယ် မြန်မာပြည်အရောက်ဆိုရင် ဒီထက်ပိုဖို့ပဲရှိပါတယ် နောက်ဆုံးတစ်ခုက ဒီလောက်ဈေးနဲ့ LED Strip တစ်ခုမှထည့်မပေးထားတာကတော့အတော်လေးကိုဆိုးပါတယ်။ ဒါပေမယ့် ဒီcase ရဲ့ feature လေးတွေကိုသဘောကျလို့သုံးချင်တယ်ဆိုရင် သူ့ထက်အချို့ feature လေးတွေလျော့ထားတဲ့ (fan hub မပါ SSD bracket တစ်ခု 140 fan တစ်လုံးသာပါ) Enthoo Pro M Tempered Glass ရှိပါတယ်ဈေးကတော့ Amazonမှာ $130ခန့်ဖြစ်ပြီး Acrylic Panel နဲ့ version ဆို $90သာရှိပါတယ် Pro Mမှာ ဒီဘက်ခေတ်စတိုင်မှာသိပ်မတွေ့ရတော့တဲ့ DVD Drive Bay တစ်ခုပါ ပါဝင်ပါတယ်။ Enthoo Evolv ATX Tempered Glass ဟာ အမှန်ကိုကောင်းမွန်တဲ့ Case တစ်ခုဖြစ်တာမို့ အသုံးပြုဖို့ဆုံးဖြတ်မယ်ဆိုရင်တော့ မှားယွင်းမယ်မထင်ပါဘူးလို့ပဲပြောကြားရင်းနိဂုံးချုပ်လိုက်ရပါတယ်။ အခုဒီ reviewကို ဖတ်ရှုပြီးတဲ့သူတွေကလဲ မိမိရဲ့ထင်မြင်ချက်တွေကိုအောက်က comment မှာရေးသားပေးကြဖို့လဲတိုက်တွန်းလိုပါတယ် စာဖတ်သူပရိတ်သတ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ.......

Ae Mon Min Han

MM PC Rig Builder and Tech Lover တွင်ဖော်ပြခဲ့ဖူးသော Review ဖြစ်ပါသည်။



Post a Comment

0 Comments