စကားမစပ်တစ်ခုလောက်ပြောရရင်ဖြင့် ကျနော့်ပထမဦးဆုံးPC ရဲ့ LGA 775 ECS motherboard က VIA Chipset နဲ့ဖြစ်ပါတယ် ဒါကြောင့်ဒီ VIA ဆိုတဲ့နာမည်လေးကိုသေချာမှတ်မိနေခဲ့ပါတယ်။
AMD နဲ့ VIAတို့ဟာ x86 နည်းပညာကိုလိုင်စင်ရယူထားကြပြီး နည်းပညာဘီလူးကြီး Intel ရဲ့ပြိုင်ဘက်တွေဖြစ်ကြပါတယ်။ မိုဘိုင်းလ်ချစ်ပ်ပြုလုပ်သူQualcomm မှ မကြာသေးခင်က x86 ကို emulation လုပ်နိုင်မယ့်ထုတ်ကုန်အချို့ကိုဖော်ပြခဲ့ပေမယ့် high end application ကိုမောင်းနှင်နိုင်ဖို့ လုံလောက်တဲ့စွမ်းပကားမရှိပါဘူး။
လက်ရှိမှာ VIA ဟာ Shanghai Zhaoxi နဲ့ဖက်စပ်လုပ်ကိုင်နေပြီး သူတို့ဟာ နောက်ဆုံးပေါ် CPU Architecture ကို အတူတကွပူးပေါင်းဖန်တီးနေကြပါတယ်။ ဒီလိုပူးပေါင်းမှုရဲ့ရလဒ်အနေနဲ့ ၂၀၁၇ခုနှစ်အကုန်မှာ code name "Wudaokuo" လို့နာမည်ပေးထားတဲ့ KX-5000 ဆိုတဲ့ SoC တစ်ခုကိုဖန်တီးနိုင်ခဲ့ပါတယ်။ ဒီ KX-5000ဆိုတာ 28nm နည်းပညာသုံး x86 SoCတစ်ခုဖြစ်ပြီး PCIe 3.0 နဲ့ DDR4 memory အထောက်အပံ့ပေးထားပြီး integrated graphics ပါဝင်ပါတယ်။ KX-5000ရဲ့ CPU clock speed က 2.0GHz ဝန်းကျင်သာရှိတာမို့ ယနေ့ခေတ် Intel နဲ့ AMD တို့နဲ့နှိုင်းယှဉ်လိုက်ရင်တော့ အားရစရာတော့မကောင်းလှပါဘူး သို့ပေမယ့် ဒါဟာ VIA အတွက် အစပိုင်းသာရှိသေးပြီး နောင်မှာပိုမိုတိုးတက်ပြောင်းလဲမှုတွေ တွေ့မြင်ရဖို့ရှိနေတာဖြစ်ပါတယ်။
VIA ဟာ ၂၀၁၈ခုနှစ်မှာ KX-6000 series SoC တွေကိုထုတ်လုပ်ဖို့ရည်မှန်းထားပြီး 4 core သို့မဟုတ် 8 core processors များပါဝင်ကာ clock speed မှာမူ 3.0GHzရှိလာမည်ဖြစ်ပြီး PCIe 3.0 နဲ့ DDR4 memory အထောက်အပံ့ပေးမှာဖြစ်ပါတယ်။ အဆိုပါ SoC မှာ တန်ဖိုးနည်းဈေးကွက်အတွက် Intel ၏ 16nm နည်းပညာသုံး Gemini Lake SoC အပြင် အခြားရွေးချယ်စရာတစ်ခုဖြစ်လာလိမ့်မယ်လို့ခန့်မှန်းရပါတယ်။
ဒါ့အပြင် KX-7000 series တွေထွက်ပေါ်လာဖို့လဲရှိပြီး PCIe 4.0 နှင့် DDR5 memory ကိုအထောက်ပံ့ပေးကာ AMD CPU များကဲ့သို့ performance ရှိလာလိမ့်မယ်လို့ မျှော်မှန်းထားတယ်လို့ VIA ကဆိုပါတယ်။ ဒါပေမယ့် အဲဒီချိန်မှာ Ryzen CPU တွေရဲ့performance ကဘယ်လောက်ထိရှိလာမလဲတော့မသိနိုင်သေးပါဘူး။ ထို့အပြင် VIA ကပြောတဲ့ performance ဆိုတာ ရိုးရိုးပုံမှန်အသုံးပြုနေကြ performance လား သီးသန့်application တွေအတွက်လားဆိုတာတော့သေချာမသိနိုင်သေးပါဘူးဆိုသော်လည်း x86 CPU ဈေးကွက်ကတော့ အရင်ထက်ပိုစိတ်ဝင်စားဖု့ိကောင်းလာခဲ့ပြီဖြစ်ပါတယ်။
VIA သာဈေးကွက်ထဲ အမှန်တကယ်ယှဉ်ပြိုင်နိုင်စွမ်းရှိလာခဲ့မယ်ဆိုရင် ဒါဟာကောင်းမွန်တဲ့လက္ခဏာတစ်ခုဖြစ်ပြီး လွန်ခဲ့တဲ့ဆယ်စုနှစ်များစွာကတည်းကမြင်တွေ့လာခဲ့ရတဲ့ x86 CPU ဈေးကွက်ထက် ပိုမိုပြိုင်ဆိုင်မှုပြင်းထန်လာဖို့ရှိနေပါတယ်။ ကဲ သင်တု့ိရော x86 ဈေးကွက်ထဲ VIA ရဲ့ တစ်ကျော့ပြန်ခြေလှမ်းကိုဘယ်လိုထင်ကြပါသလဲ?
Ref: OC3D ၏ VIA Plans their x86 comeback with AMD in their sights for 2019
Ae Mon Min Han
#EnThueTech
#x86 #VIA #Intel #AMD
0 Comments