Subscribe Us

header ads

Branded PCလား Clone PCလား


အခုတစ်လောနည်းနည်းဟော့နေတဲ့ ကိစ္စလေးတစ်ခုတွေလို့ပြောပြချင်ပါတယ်။ ကျနော်တို့သုံးနေကြတဲ့ Desktop PC ဆိုတဲ့ Branded PC က Clone PC ထက်ပိုကောင်းတယ်လို့ပြောတာလေးတွေ ကြားနေရတဲ့ကိစ္စလေးပါ။ ဒါတွေကိုကျနော်ကြားနေတာကြာပြီဆိုပေမယ့် စိတ်ထဲမှာတော့ အမှုမဲ့အမှတ်မဲ့ပါပဲ။ ဒါပေမယ့် နောက်ပိုင်းမှာ ဒီအကြောင်းတွေတစ်ဖြေးဖြေးဟော့လာတာမို့ ကွဲကွဲပြားပြားသိစေချင်တာမို့ ပြောပြပေးလိုက်ပါတယ်။ ကျနော်တို့နိုင်ငံမှာ ဟိုးအရင်က Branded PC တွေကဈေးကြီးတာကတစ်ကြောင်း အနည်းငယ်သောလူအချို့သာ PC ကိုကိုယ်တိုင်တပ်ဆင်နိုင်ကြတာကတစ်ကြောင်း ကွန်ပျူတာရောင်းတဲ့ဆိုင်ကမိမိကိုယ်တိုင်အစား မိမိလိုချင်တဲ့အစိတ်အပိုင်းအလိုက် တစ်ခုစီတပ်ဆင်ပေးလိုက်တာမျိုးကို Clone PC လို့ခေါ်တာဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ ဒီလိုPC မျိုးကို Assembled PC/Custom PC သို့ DIY PC လို့ခေါ်ကြပါတယ်။ ဒီဆောင်းပါးဟာ ဘယ် PC ကပိုကောင်းသလဲဆိုတာထက် ဘယ်PC ကသင့်အတွက် ပိုသင့်တော်သလဲဆိုတာကိုသာ သိစေချင်တာဖြစ်ပါတယ်။ အခုနားလည်ရလွယ်အောင် ကွန်ပျူတာတွေကို Branded PC / Assembled PC / DIY PC ဆိုပြီး အုပ်စု၃ခုခွဲလိုက်ပြီး ဒါတွေဟာ ဘာကိုဆိုလိုသလဲလို့ပြောပြပေးသွားမှာဖြစ်ပါတယ်။

Branded PC နဲ့ Assembled PC

ကွန်ပျူတာတွေကို Branded PC / Assembled PC / DIY PC လို့သာ အုပ်စု ၃ခုခွဲထားပေမဲ့ တစ်ကယ်တော့ အဓိက အုပ်စု၂ခုတည်းရှိပါတယ် Branded PC နဲ့ Assemble PC ပါ။

Branded PC 

Branded PC ဆိုတာ တော်တော်များများသိနေတဲ့အတိုင်း ကွန်ပျူတာထုတ်တဲ့ ကုမ္မဏီတွေဖြစ်တဲ့ Dell HP IBM Asus Acer Lenovo MSI စတဲ့ ကုမ္မဏီတွေကထုတ်တဲ့ PC လိုမျိုးပါ PC ကိုကြည့်ရတာရှင်းရှင်းလင်းလင်းနဲ့ Monitor တွေ Keyboard နဲ့ Mouse တွေကအစ Dell ဆို Dell ချည်း HP ဆို HP ချည်းနဲ့ကိုဆိုလိုတာဖြစ်ပါတယ်။ 



Branded PC တွေမှာ Genuine Windows ပါတပါတည်း ပါရှိလာလေ့ရှိပြီး Wifi၊ Bluetooth၊ DVD or Bluray Drive နဲ့ Card Reader စတာတွေ အဆင်အသင့်ပါလာလေ့ရှိပါတယ်။ Branded PCတွေကို အသုံးပြုဖို့ PC Hardware အကြောင်းကို သေချာသိနေဖို့မလိုပဲ အိမ်မှာသုံးနေတဲ့ TV/DVD စက်တွေအသုံးပြုသလို လက်တင်အသုံးပြုနိုင်တဲ့အပြင် ရောင်းချတဲ့ ကုမ္မဏီတွေက system support တွေပါပေးလေ့ရှိတာကြောင့် ပုံမှန်အိမ်သုံးနဲ့ ရုံးလုပ်ငန်းခွင်တွေမှာ အသုံးပြုကြတာများပါတယ်။ ဒီလိုအချက်တွေကြောင့်ပဲ ပုံမှန်user တစ်ယောက်အနေနဲ့ လွယ်လွယ်ကူကူအသုံးပြုလို့ရပါတဲ့ Branded PCတွေဟာ အခြား Assemble PC နဲ့ DIY PC တွေထက်ဈေးလဲ ပိုမိုမြင့်မားနေလေ့ရှိပါတယ်။

Assembled PC 

နောက်ထပ်တစ်မျိုးကတော့ Assembled PC ပါ သူ့ကိုနောက်တစ်မျိုးအနေနဲ့ Custom PC လို့လဲခေါ်ကြပါတယ်။ Assembled PC ဆိုတာက ကွန်ပျူတာထုတ်တဲ့ ကုမ္မဏီတွေကဆင်ပေးတဲ့ PCမဟုတ်ပဲ PC ဆင်တဲ့ Professional Firm တွေဆီက စိတ်ကြိုက်ဆင်ထားပေးပြီးရောင်းချတဲ့ PC မျိုးကိုဆိုလိုပါတယ်။ ဒီ Assembled PC တွေဟာ အများအားဖြင့် Gaming နဲ့ Workstation PC တွေဖြစ်ပါတယ်။ Assembled PCတွေမှာ Branded PC တွေထက်ပိုမိုများပြားတဲ့ရွေးချယ်မှုတွေကိုပြုလုပ်နိုင်ပါတယ်။ Assembled PC ကိုယ်ကိုတိုင်မဆင်ရတာကလွဲလို့ သူ့မှာသုံးထားတဲ့ ပစ္စည်းအတော်များများဟာ ပြင်ပဈေးကွက်မှာ ဝယ်လို့ရတဲ့ Motherboard GPU Memory တွေချည်းပါပဲ။ ဥပမာပြောရရင် အထဲမှာသုံးမဲ့ Graphic Card က GTX 1070 ဆိုရင် EVGA နဲ့ Gigabyte brand ၂မျိုးထဲက တစ်မျိုးရွေးလို့ရတာမျိုးပါ အခြားသော အစိတ်အပိုင်းတွေလဲ ရွေးချယ်စရာလေးတွေပေးထားပါတယ်။ ကျော်ကြားတဲ့ Assembled PC တွေကတော့ Origin PC၊ Cyberpower PC၊ Maingear နဲ့ Digital Storm တို့ကရောင်းချတဲ့ PC မျိုးပါ(မြန်မာပြည်မှာ မတွေ့ရသလောက်ပါပဲ သုံးနေတဲ့သူရှိတော့ရှိမှာပါ)

DIY(Do it Yourself) PC


Assembled PC ထဲမှာ ထပ်မံခွဲခြားလို့ရတာက DIY PC ပါ။ DIY(Do it Yourself) ဆိုတဲ့အတိုင်း ကွန်ပျူတာကုမ္မဏီတွေနဲ့ Professional Firm တွေကတပ်ဆင်ပေးထားတာမဟုတ်ပဲ မိမိဘာသာကိုယ်တိုင် အစိတ်အပိုင်းတစ်ခုခြင်းစီ ဆိုင်တကာလှည့်လည်ဝယ်ယူပြီးစိတ်ကြိုက်ဆင်ထားတာမျိုးပါ။ DIY PC ကကိုတိုင်တပ်ဆင်ရတာမို့ ကွန်ပျူတာhardwareနဲ့ပတ်သက်တဲ့ knowledge တွေရှိထားဖို့လိုပါတယ်။ ခုနောက်ပိုင်းမှာ ကွန်ပျူတာတပ်ဆင်တဲ့ A+သင်တန်းတွေ သင်ကြားပေးတဲ့သင်တန်းတွေများလာသလို Youtube လို အင်တာနက်ကVideo တွေလေ့လာကြည့်ရှုပြီး ကိုယ်တိုင် တပ်ဆင်နေတဲ့သူတွေများလာပြီဖြစ်ပါတယ်။ DIY PC မှာ Specification တူတဲ့ Branded PC မှာသုံးထားတဲ့ပစ္စည်းတွေထက်ပိုဈေးသက်သာသာအောင်ဆင်လို့ရသလို အကောင်းတကာ့အကောင်းဆုံးဆိုတဲ့ Motherboardတွေ Graphic Cardတွေ ပိုကောင်းတဲ့ မိမိစိတ်ကြိုက်Casing နဲ့ Motherboard ရဲ့အရောင်တွေ၊ စိတ်ကြိုက်cooling systemတွေကအစဝယ်ယူတပ်ဆင်နိုင်ပါတယ်။ နောက်ဆုံးပြောရရင် Graphic Card မော်ဒယ်အမျိုးအစားတူတောင်မှ ပိုမိုဈေးသက်သာတဲ့ ဆိုင်ကရွေးချယ်ဝယ်ယူနိုင်တဲ့အခွင့်အရေးရှိပါသေးတယ်။

Upgradability

Branded PC တွေမှာ ပုံမှန် user တစ်ယောက်အနေနဲ့ အသုံးပြုလို့အဆင်ပြေပေမယ့် upgrade လုပ်လိုတဲ့အခါ Assembled or DIY PC လိုအဆင်ပြေချင်မှပြေမှာပါ။ ပုံမှန်အားဖြင့် branded PC တွေမှာ ထည့်သွင်းအသုံးပြုထားတဲ့ Casing တွေ Power Supply Unit(PSU) တွေဟာ လက်ရှိတပ်ဆင်ထားတဲ့ ပစ္စည်းတွေအတွက်လုံလောက်ရုံမျှသာဖြစ်ပါတယ်။ ဥပမာသင်ဟာ သင့်ရဲ့ Branded PC မှာတပ်ထားတဲ့ graphic card ကို ပိုမိုစွမ်းဆောင်ရည်ကောင်းမွန်ပြီး ပါဝါစားသုံးမှုပိုများတဲ့ graphic card နဲ့လဲလှယ်လိုတဲ့အခါ နဂိုတပ်ဆင်ထားတဲ့ PSUနဲ့ လုံလောက်မှုမရှိတာလို့ PSU အသစ်ပါထပ်ဝယ်ရတာမျိုးတွေ အရွယ်ကြီးမားတဲ့ graphic card နဲ့ အခြားအစိတ်အပိုင်းတွေလွယ်လွယ်ကူကူတပ်ဆင်ဖို့ လုံလောက်တဲ့အကျယ်အဝန်းမရှိတာမျိုးတွေ စတဲ့အချက်တွေကြုံလာနိုင်ပါတယ်။

Assemble PC ဖြစ်တဲ့ Origin PCမှာတော့ ဥပမာ သင့်PC ရဲ့ Graphic Card အသစ်လဲလှယ်လိုလာတဲ့အခါသင့်ရဲ့ Graphic Card အဟောင်းနဲ့ trade in လုပ်ပြီး လဲလှယ်တဲ့တန်ဖိုးကို လျော့ချနိုင်တာမျိုးတွေလုပ်နိုင်ပါတယ်။ Assemble PC တွေမှာ PSU တွေကိုလဲ Branded PC တွေလို လုံလောက်ရုံမျှထက်ပိုလျှံအောင်ထည့်ပေးထားသလို မိမိစက်ကို စဆင်ကတည်းက များစွာပိုလျှံတဲ့ PSU တပ်ဆင်ထားခဲ့မယ်ဆိုရင်လည်းပိုက်ဆံ၂ခါမကုန်စေပဲ upgrade ကောင်းစွာလုပ်နိုင်မှာဖြစ်ပါတယ်။

DIY PC တွေကတော့ များများပြောစရာမလိုပါဘူး ကိုယ်အဆင်ပြေသလိုစိတ်ကြိုက် upgradeလုပ်သွားလို့ရပါတယ်။ DIY မှာ ရွေးချယ်စရာတွေမြောက်မြားစွာရှိနေပြီး ကွန်ပျုတာနဲ့စပ်ဆက်ပစ္စည်းထုတ်လုပ်တဲ့ကုမ္မဏ်ီအသီးသီးက ကိုယ်ကြိုက်တဲ့ပစ္စည်းကိုဝယ်ယူအသုံးပြုရုံပါပဲ။

Warranty

Branded PC နဲ့ Assembled PC တွေမှာ warranty အာမခံသက်တမ်းက များသောအားဖြင် ၁နှစ်လောက်ကစလေ့ရှိပြီး(ဒီထက်လဲပိုနိုင်) နှစ်ထပ်တိုးလိုချင်တယ်ဆိုရင်တော့ ပိုက်ဆံပိုပေးရမှာဖြစ်ပါတယ်။ Branded PC ထဲကအစိတ်အပိုင်းအားလုံးရဲ့ အာမခံသက်တမ်းက အတူတူပဲဖြစ်ပါတယ်။ ကိုယ်သုံးနေတဲ့ Branded PC တစ်ခုခုဖြစ်သွားတယ် လူပိန်းစကားနဲ့ပြောရရင် (ဥပမာ “ကျနော့်PCကြီးဘာမှမပေါ်တော့ဘူးဗျာ” ဆိုရင် Service Center သွားပြလိုက်ရုံပါပဲ) DIY မှာတော့ ဝယ်ယူထားတဲ့ အစိတ်အပိုင်းအလိုက် CPU ကို၃နှစ်၊ Memory ကို lifetime warranty နဲ့ PSU က ၁၀နှစ်စသဖြင့် တစ်ခုခြင်းစီရဲ့ထုတ်လုပ်သူတွေပေးတဲ့ warranty အလိုက် အာမခံကာလကွာခြားသွားပါတယ်။ တစ်ခုခုဖြစ်သွားတယ်ဆိုရင်လဲ ဖြစ်သွားတဲ့ပစ္စည်းကိုကိုယ့်ဘာသာ warranty claim ရမှာပါ။ 

Conclusion

အနှစ်ချုပ်အနေနဲ့ဆိုရရင်ဖြင့် သင့်အနေနဲ့ Desktop PC ကိုရွေးချယ်အသုံးပြုလိုတဲ့အခါမှာ Branded PC / Assembled PC / DIY PC တွေထဲကမှဘယ်လိုအရာမျိုးကသင်နဲ့သင့်တော်မလဲဆိုတာ မိမိဘာသာဆုံးဖြတ်နိုင်စေဖို့ဒီစာကိုရေးလိုက်တာဖြစ်ပါတယ်။ PC ဆိုတာ အထဲက အစိတ်အပိုင်းတွေကို ပြောင်းလဲတပ်ဆင်လို့လွယ်ကူတဲ့ platform တစ်ခုဖြစ်ပါတယ်။ ဒီလိုပြောင်းလဲတပ်ဆင်လို့ရတဲ့ platform ဖြစ်ခြင်းကပဲ PC အသုံးပြုသူတွေရဲ့ မဟာအားသာချက်ကြီးတစ်ခုဖြစ်ပါတယ်။ သင်ဟာPC Hardware တွေအကြောင်းသေချာမသိဘူး ကရိကထမများလိုဘူး service ကောင်းကောင်းနဲ့အသုံးပြုလိုတယ်ဆိုရင်တော့ Branded PC သင့်အတွက် အသင့်တော်ဆုံးဖြစ်နေမှာပါ။ သင်ဟာ PC Hardware အကြောင်းကို အတော်နားလည်သူ အလုပ်ရှုပ်မခံလိုပဲလိုချင်တဲ့ပုံစံအတိုင်းဆင်ချင်သူဆိုရင်တော့ Assembled PC တွေဟာ သင့်အတွက်ပါ။ သင်ဟာ PC Hardware အကြောင်းကိုကောင်းစွာနားလည်နေသူ သင့် PC ကို စိတ်ကြိုက်လိုချင်တဲ့ပုံစံအတိုင်း ကိုယ့်ဘာသာတပ်ဆင်ချင်သူဆိုရင်ဖြင့်DIY PC တွေကသာလျှင် သင့်အတွက် အသင့်တော်ဆုံးပါ။

Note: အောက်မှာဖော်ပြထားတဲ့ပုံက အပေါ်ဘက်ပုံက Dell Branded PC ဖြစ်ပြီး အောက်ဘက်ပုံက Custom PC ဖြစ်တဲ့ Origin PC Neuron ဖြစ်ပါတယ်။

Reference: Branded computer vs Assembled or DIY desktops – Which is Best For You? By Arun Kumar  

Images Credit: Dell, PC Mag & Origin PC

Ae Mon Min Han

#EnThueTech 

#TechTips


 


 


 


 





Post a Comment

0 Comments